Sunday, November 15, 2015

Samsung ဖုန်းများအား CF-Auto-Root Package နဲ့ Root လုပ်ရင်း Firmware ကျသွားတဲ့အခါ Firmware မတင်ရပဲပြန်တက်အောင် ဘယ်လိုလုပ်မလဲ ???

url
ှSamsung ဖုန်းများအား CF-Auto-Root Package နဲ့ Root လုပ်ရင်း Firmware ကျသွားတဲ့အခါ Firmware ပြန်မတင်ရပဲ
ပြန်တက်အောင် ဘယ်လိုလုပ်လို့ရသလဲလို့ မေးထားတာတွေရှိလာလို့ ကျတော်အဆင်ပြေတဲ့ နည်းလမ်းလေးကို
ပြန်လည်မျှဝေပေးလိုက်ပါတယ်။ သိပြီးသားလူတွေလဲ ရှိမှာပါ မသိသေးသူများအတွက် ရည်ရွယ်ပြီး မျှဝေပေးလိုက်ပါတယ်။
ကျတော်လဲအဲဒီအခြေအနေမျိုးနဲ့ ခဏ ခဏကြူံဖူးပါတယ်။ Firmware ကျသွားတော့
လတ်တလောကိုယ့်မှာက Firmware Down ပြီးသားမရှိ။ Firmware File size ကြည့်လိုက်တော့လဲ 1 GB ကျော်ကျော်ရှိနေတော့
အခက်တွေ့တွေ့နေရတာနဲ့ ကြံရာမရတဲ့အဆုံး ဆရာသမားကိုအောင်မျိုးထွဋ် ကိုမေးကြည့်တော့ CWM recovery ပြန်ထည့်လိုက်
ဆိုတာနဲ့ CWM recovery လေးပြန်ထည့်လိုက်တော့ Firmware ပြန်တင်စရာမလိုပဲ ပြန်တက်လာပါတယ်။ ကျတော့်လိုကြုံခဲ့ရင်
အဆင်ပြေအောင် ဒီနည်းလမ်းလေးကို သတိရလာလို့ ကျတော်တို့ရဲ့ myanmarmobileapp ပရိတ်သတ်တွေအတွက်
ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်။

Remark >>> CWM recovery ကို Download ပြုလုပ်တဲ့အခါမှာ ကိုယ့်ဖုန်းရဲ့ version အလိုက်ရှာပြီး Download ရယူပါ။

တကယ်လို့ Firmware တွေကိုစိတ်ကြိုက်အလွယ်တကူ Download ရယူချင်ရင်တော့ Samsung ဖုန်းတွေရဲ့ ပင်ရင်း Website ဖြစ်တဲ့
http://www.sammobile.com ကနေရယူနိုင်ပါတယ်။ အခြား Link တွေကနေရယူနိုင်ပေမဲ့လဲ ရှာရခက်တဲ့ Firmware မျိုးတွေကျတော့
sammobile ကနေရယူမှ အဆင်ပြေပါတယ်။ Download ရယူနိုင်ရန် website မှာ Register လုပ်ထားဖို့တော့လိုအပ်ပါတယ်။

အဆင်ပြေပါစေ။
Warmly Welcome




No comments:

Post a Comment