Friday, November 20, 2015

ငါးမျိုးအကြောင်း


sony
Android ဖုန်းအမျိုးအစားကို ကြိုက်နှစ်သက်သူတွေအများစုအနေနဲ့ နာမည်ရှိပြီးသား တံဆိပ်တွေကိုသာ ကြိုက်နှစ်သက်ကြတာ သဘာဝပါပဲ။ များသောအားဖြင့် Samsung ကတော့ Android လောကကို ကြီးဆိုးသင့်သလောက်ရှိနေပြီလို့ ယူဆလို့ရပါတယ်။ နောက်ထပ် တန်ဖိုးနည်းပြီး အရည်အသွေး အတော်အသင့်ကောင်းမွန်တဲ့ ဖုန်းအမျိုးအစားဆိုရင်တော့ Xoami ဖြစ်မှာပါ။ ဒီလို Android ဖုန်းအမျိုးအစားတွေ ပေါများနေတဲ့ ခေတ်ကြီးထဲမှာ ရေစို အကြမ်းခံခြင်း ၊ ကင်မရာပိုင်းကောင်းမွန်ခြင်းနှင့် အများနဲ့ မတူတဲ့ ဒီဇိုင်းများကို ပိုင်ဆိုင်ထားတဲ့ Sony ကလည်း Android ချစ်သူတွေကိုနေရာတစ်ခုကနေဖမ်းစားထားပါသေးတယ်။
ဒါကြောင့် 2015 ခုနှစ်အတွက် အကောင်းဆုံးလို့ အသုံးပြုသူတို့ သတ်မှတ်ထားကြတဲ့ Sony ဖုန်းအမျိုးအစား ငါးမျိုးအကြောင်းကို ရေးသားဖော်ပြလို်က်ပါတယ်။ Sony Xperias မျိုးဆက် စမတ်ဖုန်းအမျိုးစားတွေဟာ အမေရိကန်နိုင်ငံမှာသာ နာမည်ရရုံသာ မကပဲ ဥရောပမှာပါ နာမည်ရှိပြီးသား ဖုန်းအမျိုးအစားတွေဖြစ်နေလို့ပါပဲ။ ဒါကြောင့် အခုဖော်ပြမဲ့ Sony စမတ်ဖုန်း အမျိုးအစား ငါးမျိုးအကြောင်းကို လေ့လာပြီးသင့်အနေနဲ့လည်း Sony အပေါ်သဘောကျနှစ်သက်မှုရှိမရှိကိုစဉ်းစားနိုင်ပါတယ်။
sony 1
  1. Sony Xperia Z5 Compact
ပထမဦးဆုံးအနေနဲ့ဖော်ပြမှာကတော့ Sony Xperia Z5 Compact အကြောင်းဖြစ်ပါတယ်။ သင်ဟာ Android ဖုန်း အသုံးပြုသူများထဲမှ အခုနောက်ပိုင်းထွက်ရှိနေတဲ့ မျက်နှာပြင် အရွယ်အစား ငါးလက်မ အရွယ်ရှိနေတဲ့ စမတ်ဖုန်းတွေကို မကြိုက်နှစ်သက်ခဲ့ဘူးဆိုရင် Sony Xperia Z5 က သင့်အတွက် အထူးသင့်လျော်စေမဲ့ ဖုန်းအမျိုးအစားတစ်ခုပါ။ မျက်နှာပြင် အကျယ် 4.6 လက်မသာရှိပြီး ၊ ဒီဇိုင်းအနေနဲ့ နှစ်သက်စွဲမက်ဖွယ်ကောင်းတဲ့ ဒီဇိုင်း ၊ Processor ပိုင်းမှာ Snapdragon 810 CPU အမျိုးအစား အသုံးပြုထားခြင်းအပြင် ကင်မရာပိုင်းနှင့် ဆော့ဖ်ဝဲ ပိုင်းတို့ရဲ့   လိုက်ဖက်မှုတွေကြောင့်အသုံးပြုသူတို့အနေနဲ့အကြိုက်တွေ့စေခဲ့တာဖြစ်ပါတယ်။
sony 2
 2. Sony Xperia Z5
Sony Xperia Z5 ကတော့ အခြေခံအားဖြင့်တော့ Sony Xperia Z5 Compact နဲ့ အားလုံးနီးပါး တူညီပါတယ်။ ဒါပေမဲ့ တန်ဖိုးအရတော့ Compact ထက်အနည်းငယ် ဈေးများပါတယ်။ Sony Xperia Z5 Compact နဲ့ မတူညီတဲ့အချက်ကတော့ အရွယ်အစားအနည်းငယ် ကြီးမားခြင်းဖြစ်ပြီး အခြား feature တို့ အနည်းငယ် သာလွန်နေတာကို တွေ့ရပါတယ်။ Sony Xperia Z5 ရဲ့ မျက်နှာပြင် အကျယ်ဟာ 5.2 လက်မရှိပြီး resolution ကတော့ 1080p ရှိပါတယ်။ ဒါ့အပြင် Storage နှင့် Memory တို့ကိုလည်း အနည်းငယ် မြှင့်တင်ထားပါတယ်။ ဈေးနှုန်းအနေနဲ့  Sony Xperia Z5 Compact ထက်  ဗြိတိသျှငွေ ပေါင် 100 ပိုများပါတယ်။ ဒါကြောင့်လည်း လူကြိုက်များတဲ့ Sony Smart phone စာရင်းမှာတော့ ဒုတိယနေရာကနေ ဦးဆောင်နေတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အစောပိုင်းက ထွက်ရှိထားတဲ့ Sony Xperia Z3+ မှာဖြစ်ပေါ်ခဲ့တဲ့အပူလွန်ကဲတဲ့ပြဿနာကိုဖြေရှင်းနိုင်ခဲ့ခြင်းအတွက်ဖြစ်ပါတယ်။
sony 3
3. Sony Xperia Z3+
Sony Xperia Z4 ဆိုပြီး ဂျပန်နိုင်ငံမှာ လူသိများခဲ့တဲ့ Sony Xperia Z3+ ဟာ သူ့မှာဖြစ်ပေါ်ခဲ့တဲ့ ပြဿနာတွေကြောင့် လူကြိုက်များတဲ့ မှတ်တမ်းကို ရရှိခဲ့ပါတယ်။ Sony Xperia Z3 ထက် ပေါ့ပါး ၊ ပါးလွှာတဲ့အပြင် မြန်ဆန်လွန်းတဲ့ processor ဖြစ်တဲ့ Snapdragon 810 processor နဲ့ Screen resolution 1080 pixel ရှိတဲ့ 5.2 လက်မ အကျယ် Gorgeous Screen အမျိုးအစားကို အသုံးပြုထားတဲ့အတွက်ကြောင့် အသုံးပြုသူတို့ အကြိုက်တွေ့စေခဲ့ပါတယ်။ Sony Xperia Z3+ ဟာ ပေါ့ပါးလွန်းတဲ့အတွက်ကြောင့် သူ့ရဲ့ ဂုဏ်သတ္တိနဲ့ အညီ ဖန်တီးထားတဲ့ ဘက်ထရီဟာ တစ်နေ့တာလုံးမှာ ကြာရှည်အသုံးပြုဖို့အတွက် အနည်းငယ် ပြဿ နာဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါ့အပြင် Xperia Z3+ မှာ ပါဝင်တဲ့ Camera ဟာလည်း Xperia Z3 မှာပါဝင်တဲ့ Camera ထက်ပိုကောင်းအောင်မြှင့်တင်ထားပေမဲ့ထူးခြားမှုမရှိဘူးလို့အသုံးပြုသူတို့ကထင်ကြေးပေးခဲ့ကြပါတယ်။
ဒီအချက်တွေဟာ Sony Xperia Z3+ ရဲ့ အားနည်းချက်တွေဖြစ်ပေမဲ့ မကောင်းတဲ့ ဖုန်းအမျိုးအစားထဲမှာတော့ မပါဝင်ခဲ့ပါဘူး။ လိုအပ်ချက် အနည်းငယ်ရှိတဲ့ ဖုန်းအမျိုးအစားတစ်ခုအနေနဲ့ပဲ Sony Smart Phone စာရင်းထဲမှာ ရှိနေခဲ့ပါတယ်။ ဒါတွေကြောင့်လဲ အချို့လူတွေက Sony Xperia Z3 ကို ဝယ်ယူဖို့အတွက် ပိုမိုအားသန်ပြီး Sony Xperia Z3+ ကိုဝယ်ယူဖို့တွန့်ဆုတ်နေခဲ့တာဖြစ်ပါတယ်။
sony 4
4. Sony Xperia Z3
2014 အနှောင်းပိုင်းမှာ ထုတ်လုပ်ခဲ့တဲ့ အရွယ်အစားသေးငယ်တဲ့  Sony Xperia Z3 compact ကို အနိုင်ယူခဲ့တဲ့ Sony Xperia Z3 ဟာ အထက်တန်းလွှာ လူတန်းစားတို့စိတ်ကြိုက်ဖြစ်စေမဲ့ 5.2 လက်မ အကျယ်နှင့် 1080 pixel ရှိတဲ့ Screen မျက်နှာပြင်  ဒီဇိုင်း အမျိုးအစား ၊ Processor အနေနဲ့ Snapdragon 810 processor အပြင် RAM ကို 3GB အသုံးပြုထားတဲ့အတွက်ကြောင့် hardware ပိုင်းရာစွမ်းဆောင်ရည်ကတော့ပြောနေစရာမလိုအောင်ကောင်းလွန်းခဲ့ပါတယ်။
ဒါ့အပြင်ကင်မရာပိုင်းကို 20.7 megapixel နဲ့ ဖွဲ့စည်းထားတဲ့အပြင် အတွင်းဘက် ကင်မရာရဲ့  ဆင်ဆာ အချက်အလက်တွေကလည်း ကောင်းမွန်လွန်းခဲ့ပါတယ်။ Sony Xperia Z3+ မှာ ဖြစ်ပေါ်သွားတဲ့ အပူလွန်းကဲပြီး ဘက်ထရီအား ကြာရှည်မခံခြင်းဆိုတဲ့ ပြဿနာကို မဖြစ်ပေါ်စေနိုင်တဲ့ 3100 mAh အမျိုးအစား ဘက်ထရီး နဲ့ Power Saving  feature ကလည်း အသုံးပြုသူတို့ကို စွဲဆောင်ခဲ့ပါတယ်။ အားလုံးရဲ့ စွဲမက်စရာကောင်းတဲ့အချက်ကတော့ Android ဗားရှင်း 6.0 ကို စတင်ပေါ်ထွက်လာခြင်းမှာပင် Sony Xperia Z3+  မှအသုံးပြုခဲ့တာအတွက်ကြောင့်ဖုန်းအသစ်ကိုသက်သာတဲ့ဈေးနှုန်းနဲ့ရရှိတယ်ဆိုပြီးအသုံးပြုသူတို့ရဲ့အကြိုက်တွေ့မှုခဲ့ပါတယ်။
sony 5
5. Sony Xperia Z3 Compact
Sony Xperia Compact တွေရဲ့ သဘောတရားအတိုင်းပဲ Compact အမျိုးစား Sony ဖုန်းတိုင်းဟာ အရွယ်အစား သေးငယ်ကြပါတယ်။ အခုလည်း Z3 Compact ဟာသာမန် Sony အမျိုးအစား Smart Phone တို့ထက် အရွယ်အစား သေးငယ်ပါတယ်။ မျက်နှာပြင် အကျယ်က 4.6 လက်မအကျယ်နဲ့ resolution ကတော့ 720 pixel ရှိပါတယ်။ ဒါ့အပြင် ဘက်ထရီအရည်အသွေးကိုလည်း 2600 mAh အထိ လျှော့ချလိုက်ပါတယ်။ ဒါ့အပြင် အခြား feature များကိုလည်း လျော့ချထားပါသေးတယ်။ အဲ့ဒါတွေကတော့ Processor အနေဖြင့် Snapdragon 801 ဖြစ်သွားပြီး RAM ကိုလည်း 3GB ကနေ 2GB အထိ လျှော့ချထားလိုက်ပါတယ်။ ကင်မရာပိုင်းမှာတော့ အများနဲ့ မတူတဲ့ ဝန်ဆောင်မှုကို ပေးစွမ်းနေတဲ့ Sony ဟာ အမြဲတမ်း 20.7 megapixel ကိုအသုံးပြုထားပါတယ်။
အပြင်ကာဗာကိုလည်းအလျူမီနီယံအစားပလပ်စတစ်အသုံးပြုထားတဲ့အတွက်ကြောင့်သာမန်ထက်ပေါ့ပါးလွန်းလှတဲ့အပြင်ဈေးသက်သာတဲ့အတွက်ကြောင့် Sony ဖုန်းအမျိုးအစားတွေရဲ့အကောင်းဆုံးအမျိုးအစားစာရင်းထဲမှာရောက်ရှိခဲ့တာဖြစ်ပါတယ်။
အခုဖော်ပြခဲ့တဲ့ Sony Smart Phone အမျိုးအစားတွေကတော့ 2015 ခုနှစ်အတွင်းမှာ လူကြိုက်များခဲ့တဲ့ Sony Smart Phone အမျိုးအစားများဖြစ်ပါတယ်။ ဒါကြောင့် smart phone အမျိုးအစားတွေ မှိုလိုပေါက်အောင် များပြားနေတဲ့ ခေတ်ကြီးထဲမှာ Sony Smart Phone ဟာ ဥရောပ နိုင်ငံများတွင်သာမကပဲ အရှေ့တောင် အာရှ နိုင်ငံများအထိ အသုံးပြုသူတို့ အကြိုက်တွေ့တဲ့  နေရာတစ်နေရာကို ရယူပိုင်ဆိုင်ထားတဲ့ Smart Phone အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။
Ref : Android Central

Aung Ko Htet (MMA)

#aungkohtet_mma

#mma_mobilereview



No comments:

Post a Comment