Tuesday, November 24, 2015

Android ဖုန်းတွေရဲ့ IMEI ကို Backup & Restore ပြုလုပ်နည်း



Android စမတ်ဖုန်းတွေအတွက် IMEI Nvram ကို အလွယ်တကူ
 Backup ပြုလုပ်ယူနိုင်သလို Restore လည်းပြုလုပ်ယူနိုင်မှာဖြစ်ပါတယ်။

ယခုဖေါ်ပြပါ MTK Droid Tool ဖြင့် သင့်ဖုန်းရဲ့ IMEI ကို Backup & Restore တစ်ခုကိုတကယ်ပဲအလွယ်တကူ ပြုလုပ်ယူနိုင်သလို ရှိနေပြီးသား IMEI ကို Replace လည်းလုပ်ကြည့်လို့ရပါသေးတယ်။


ဖုန်းတစ်လုံးကို Developer တစ်အနေဖြင့်ဖြစ်ဖြစ် User တစ်ယောက်အနေဖြင့်ပဲဖြစ်ဖြစ်
Hacker တစ်ယောက်အနေဖြင့်ပဲဖြစ်ဖြစ် စိတ်ကြိုက်ကလစ်ချင်တယ်ဆိုရင်တော့
သင့်ဖုန်းမှာ Root Access တော့ရှိထားသင့်တယ်ဆိုတာကိုအထူးပြောကြားပါရစေ

လိုအပ်ချက်
=========
လိုအပ်ချက်အနေဖြင့် IMEI, Nvram and MTK Droid Tool တွေရဲ့အခြေခံသဘောတရားကိုသိထားသင့်ပါတယ်။

IMEI NVRAM ကို Backpu ပြုလုပ်နည်း
======================
၁။ ကွန်ပျူတာတွင် ADB Drivers ကို install ပြုလုပ်ထားရမှာဖြစ်ပါတယ်
ADB Drivers ကို Install ပြုလုပ်နည်းကိုတစ်ဆက်တည်းလေ့လာလိုက်ပါ။


အကောင်းဆုံး ADB and Fastboot ကို ၁၅ စက္ကန့်ဖြင့် Install ပြုလုပ်နည်း

၂။ ဖုန်းတွင် USB Debugging ကို Enable ပြုလုပ်ထားရမှာဖြစ်ပါတယ်
Settings > Developer Options > USB Debugging ဆိုပြီး Enable ပြုလုပ်ပါ။


၃။ ကွန်ပျူတာအတွက်လိုအပ်မယ့် Driver ကိုထည့်သွင်းပြီးတဲ့အခါ
ဖုန်းကိုကွန်ပျူတာဖြင့်ချိတ်ဆက်ပေးလိုက်ပါ။

၎။ MTK Droid Tools အတွက် ဗားရှင်းအစုံကိုအောက်ကလင့်မှာရယူပါ။

MTK Droid Tool (all versions) များရယူပါ

၅။ ဒေါင်းလော့ရလာတဲ့ MTK Droid Tool ဖိုင်ကို ဖြေလိုက်ပါ။

၆။ MTK Droid Tool.exe ဖိုင်ကို ဖွင့်လိုက်ပါ၊ loading လုပ်နေတုန်းခနစောင့်နေပါ။

၇။ အောက်ပါပုံအတိုင်း Deveice information အားလုံးကိုမြင်နေရတဲ့အခါ
ဖုန်းမှာ  Root Access မရှိသေးပါက Root ဆိုတာကိုနှိပ်ပါ။


၈။ အောက်ပါပုံအတိုင်းမြင်နေရတဲ့အခါ IMEI/NVRAM ကိုနှိပ်ပါ။


၉။ သင့်ဖုန်းရဲ့ IMEI ကို Backup လုပ်ရန်အတွက် Backup ကိုနှိပ်ပါ။


၁၀။ Backup ဆိုတာကိုနှိပ်လိုက်ပြီးတာနဲ့ သင့်ဖုန်းရဲ့ IMEI/NVRAM database ကို
MTK Droid Tool က သူ့အလိုလို Backup လုပ်သွားပါလိမ့်မယ်။
IMEI NVARM ကို Restore ပြုလုပ်နည်း
========================
၁။ ဖုန်းတွင် USB Debugging ကို Enable ပြုလုပ်ထားရမှာဖြစ်ပါတယ်
Settings > Developer Options > USB Debugging ဆိုပြီး Enable ပြုလုပ်ပါ။


၂။ ကွန်ပျူတာအတွက်လိုအပ်မယ့် Driver ကိုထည့်သွင်းပြီးတဲ့အခါ
ဖုန်းကိုကွန်ပျူတာဖြင့်ချိတ်ဆက်ပေးလိုက်ပါ။

၃။ MTK Droid Tool.exe ဖိုင်ကို ဖွင့်လိုက်ပါ၊ loading လုပ်နေတုန်းခနစောင့်နေပါ။

၎။ အောက်ပါပုံအတိုင်း Deveice information အားလုံးကိုမြင်နေရတဲ့အခါ
ဖုန်းမှာ  Root Access မရှိသေးပါက Root ဆိုတာကိုနှိပ်ပါ။


၅။ အောက်ပါပုံအတိုင်းမြင်နေရတဲ့အခါ IMEI/NVRAM ကိုနှိပ်ပါ။


၆။ သင့်ဖုန်းရဲ့ IMEI ကို Restore လုပ်ရန်အတွက် Restore ကိုနှိပ်ပါ။


Restore ဆိုတာကိုနှိပ်လိုက်ပြီးတာနဲ့ သင့်ဖုန်းရဲ့ IMEI/NVRAM database ကို
MTK Droid Tool က သူ့အလိုလို Restore လုပ်သွားပါလိမ့်မယ်။

သင့်ဖုန်းရဲ့ IMEI ကိုပြန်စစ်ကြည့်ချင်တယ်ဆိုရင်တော့
*#06# ကိုနှိပ်ပြီး ဖုန်း Call ကိုနှိပ်လိုက်ပါ။

သင့်ဖုန်းရဲ့ Firmware ကို Backup ပြုလုပ်ထားချင်တယ်ဆိုရင်တော့
MTK Droid Tool ဖြင့် Scatter File ကိုအလွယ်တကူ ဖန်တီးယူနည်းကိုအောက်ကလင့်မှာလေ့လာကြည့်လိုက်ပါ။

MTK Devices များအားလုံးအတွက် Scatter File ကိုအလွယ်တကူ ဖန်တီးနည်း

အားလုံးကိုကျေးဇူးတင်ပါတယ်
ဇူးနစ်(နည်းပညာ)


No comments:

Post a Comment