Friday, November 20, 2015

♪ အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြသာနာများ ♫

" Mobile Questions & Answers "

 မေး - အားလုံးပဲမင်္ဂလာပါ။ ကျွန်တော်ရဲ့ Samsung ဖုန်းကို Android Version Lollipop ကို Upgrade လုပ်လိုက်တာ Gmail Account တောင်းနေလို့ ဘယ်လိုလုပ်ရမလဲဗျာ။ Recovery Mode ၀င်ပြီး Factory Reset လုပ်လဲမရလို့ပါ။ Gmail Account ကိုကျော်လို့ရတဲ့နည်းလေး ကူညီပါဦး။

ဖြေ - Samsung က သူ့ရဲ့ Android Device အချို့မှာ Google ရဲ့ Lollipop Security တစ်မျိုးဖြစ်တဲ့ Factory Reset Protection Lock (FRP Lock) ကို ထည့်သွင်းလာပါတယ်။ FRP Lock ဆိုတာ တကယ်လို့ မိမိဖုန်းဟာ Android Version 5.0 နဲ့အထက်ဖြစ်နေမယ်။ FRP Lock ကိုလည်း Support ပေးမယ်။ Gmail တစ်ခုခုကိုလည်း Login လုပ်ထားဖူးတယ်ဆိုရင် မိမိရဲ့ဖုန်းကို မည်သူတစ်ဦးတစ်ယောက်ကဖြစ်စေ Factory Data Reset ချဖို့ ကြိုးစားခဲ့ရင် စက်ပြန်ဖွင့်အပြီးမှာ Verify Your Account ဆိုပြီး Gmail Login တောင်းတဲ့ Security တစ်မျိုးဖြစ်ပါတယ်။ Account တာင်းလာရင် မိမိ Reset မချခင်က မိမိဖုန်းမှာ ပထမဆုံးထည့်သွင်းထားတဲ့ Gmail Account ရိုက်ထည့်ပေးလိုက်ရင် အားလုံးအဆင်ပြေသွားပါလိမ့်မယ်။ တကယ်လို့ Account မမှတ်မိသည်ဖြစ်စေ၊ အခြားတစ်စုံတစ်ခုသောအကြောင်းကြောင့် အဲ့ဒီ Account ကို မိမိမသိသည်ဖြစ်စေ FRP Lock ကျပါတော့တယ်။

FRP Lock ကို Gmail Account မထည့်ပဲဖြေရှင်းနည်း

(1) U.S.B OTG တစ်ခုလိုပါမယ်။
(2) Development Settings.apk လိုပါမယ်။ ပထမဆုံး Download လုပ်လို့ရလာတဲ့ Development Settings .apk ကို OTG ထဲထည့်ပါ။ Google Account တောင်းနေတဲ့ဖုန်းမှာ OTG ထိုးလိုက်ပါ။ USB Store A အနေနဲ့ တက်လာရင် အထဲဝင်လိုက်ပါ။ Development Sttings .apk ကိုရှာပြီး Install ပြုလုပ်ပါ။ Unknown Source ပိတ်ထားတာလေးဖွင့်ပေးရပါမယ်။ Application ကို Install လုပ်ပြီးတာနဲ့ Open လုပ်လိုက်ပါ။ ဖုန်း Settings ထဲကိုရောက်သွားပါမယ်။ Backup And Resetကိုသွားပြီး Factory Data Reset ချလိုက်ပါ။ စက်ပြန်တက်လာရင် Account Verify လုပ်တဲ့အဆင့်ကျော်သွားပါလိမ့်မယ်။ Development Settings. apk Download Link (http://d-h.st/kCEW)

မေး - ကျွန်တော့်ဖုန်းက Y300C ပါ။ ဖုန်းဖွင့်တာနဲ့ပူလာတယ်။ ဘာဖြစ်တာလဲဗျ။

 ဖြေ - အရင်က ကျွန်တော်ကြုံဖူးတာက Hardware ပိုင်းကဖြစ်တာပါ။ ဘာဖြစ်လဲဆိုရင် ဖုန်းအတွင်းပိုင်းမှာပါတဲ့ Power IC 8029 ကြောင့်ပါ။ အဲ့ဒီ Power IC က အရမ်းပူလာတယ်။ ကျန်တဲ့ EMMC မှာ ပူတာမတွေ့ရပါဘူး။ အရင်ဆုံးစစ်ရမှာကတော့ Component လေးတွေကိုပါ။ စစ်ပြီးသွားရင် Power IC ကိုစစ်ပါ။ Component လေးတွေမှာ Short မတွေ့ဘူး။ Power IC ကပဲပူတာဆိုရင် Power IC လဲပါ။ အသစ်လဲတော့ လည်းပူတယ်ဆိုရင် 6635ဆိုတဲ့ IC လေးကိုလဲလိုက်ပါ။ အဆင်ပြေပါစေ။

မေး - အစ်ကို ကျွန်တော့်ဖုန်းလေး Internal Storage ပြည့်နေလို့ Low On Space ပြနေလို့ အဲ့ဒါ Low On Space ပျောက်အောင် ဘယ်လိုလုပ်ရမလဲခင်ဗျာ။

ဖြေ - ဟုတ်ကဲ့။ Internal Storage ပြည့်နေလို့ Low On Space ပြနေရင် မိမိဖုန်းထဲက Setting ထဲကိုဝင်ပါ။ ပြီးလျှင် Application Manager ထဲက Application တွေကို Move to SD Card ကိုနှိပ်ပြီး SD Card ရွှေ့ပါ။ ပြီး လျှင် File Manager ထဲဝင်ပါ။ Internal ထဲမှာရှိတဲ့ Data များတဲ့ဖိုင်တွေ၊ Folders တွေကို Internal ထဲမှ Cut လုပ်ပြီး External SD card ထဲကို Paste လုပ်ပါ။ ပြီးလျှင်ဖုန်းကို Reset ချပါ။ အဆင်ပြေပါစေ။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက 610 ပါ။ ဖုန်းက အရမ်းပူတယ်။ ဘယ်လိုလုပ်ရမလဲဗျ။

ဖြေ - ဖုန်းတစ်လုံးပူတယ်ဆိုတာက IC တွေပူတာများပါတယ်။ CPU ပူတိုင်း CPU ကြောင့် လို့ ပြောလို့မရ ပါဘူး။ CPU ကိုပေးပို့တဲ့ Component လေးတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ အဲ့ဒီ Component လေးတွေ Shock ကျရင်လည်းဖြစ်ပါတယ်။ ဒါကြောင့် အရင်ဆုံး ဘယ်နားကပူလည်း စစ်ရပါမယ်။ IC ကြောင့်ပူတာဆိုရင် IC ပေးပို့တဲ့လမ်းကြောင်းကို အရင်စစ်ပါ။ Shock လွတ်တယ်ဆိုရင်တော့ အဲ့ဒီပူတဲ့ IC ကြောင့်ဖြစ်တာပါ။

မေး - ကျွန်တော့်ဖုန်းက Ear Jack ပုံပေါ်နေတာဗျ။ ဖုန်းအမျိုးအစားက Samsung S ll ပါ။ ဘယ်လိုလုပ် ရမလဲဗျ။

ဖြေ - ကျွန်တော့်ဖုန်းတွေမှာ Ear Jack ပုံပေါ်ရင် အရင်ဆုံး Factory Data Reset ကို အရင်ဆုံးချပါတယ်။ ဘာလို့လဲဆိုရင် Ear Jack ပုံပျောက်သွားတာမျိုးကြုံဖူးလို့ပါ။ Ear Jack ဘေးနားက Condencer လးတွေ ကြောင့်လည်း အဲ့ဒီပြဿနာကြုံရပါတယ်။ အဓိကတော့ Ear Jack မကောင်းလို့ အဖြစ်များပါတယ်။ Ear Jack လဲပေးလိုက်ပါ။ အဆင်ပြေပါစေ။

Today Mobile

ဖုန်း-၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁ မှ ကူညီပံ့ပိုးပါသည်။

NetGuide Journal (Every Wednesday)
 
 

No comments:

Post a Comment