Saturday, November 21, 2015

Samsung Galaxy J7 Android 5.1.1 Lollipop Root လုပ်နည်း



အခုတလော Root လုပ်နည်းဆိုင်ရာဖုန်းများအနက် အများဆုံးတောင်းဆိုထားကြတဲ့
Galaxy J7 ဖုန်းကို Root လုပ်နည်းကိုအားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့ ပထမဆုံးသင့်ဖုန်းမှာ
TWRP recovery ကိုထည့်သွင်းထားပြီးသားဖြစ်နေရပါမည်။

သို့မှသာ SuperSu File ကို Recovery mode ကနေ အလွယ်တကူ
 Flash ပေးပြီး Root ဖောက်ယူနိုင်မှာဖြစ်ပါတယ်။


Root လုပ်တာတော့ မြန်မာစာအမှန်မြင်ချင်တာတော့ဆိုရင်တော့
သင့်ဖုန်းကို TWRP ကိုထည့်သွင်းထားပေးရမှာပဲဖြစ်ပါတယ်။

TWRP recovery သွင်းပြီးသွားရင်တော့ Custom Roms များကိုလည်း
စိတ်ကြိုက်ထည့်သွင်းကလစ်နိုင်မှာဖြစ်သလို၊ မြန်မာစာအတွက်လည်း
Zawgyi Font များကို Recovery Mode ကနေ အလွယ်တကူ
Flash ပေးလိုက်ရင် မြန်မာစာလုံးဝအဆင်ပြေသွားမှာပဲဖြစ်ပါတယ်။

လိုအပ်ချက်များ
===========
၁။ ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့ ပထမဆုံးသင့်ဖုန်းမှာ
TWRP recovery ကိုထည့်သွင်းထားပြီးသားဖြစ်နေရပါမည်။
၂။ ဖေါ်ပြပြီးသား Galaxy J7 အတွက် TWRP ထည့်သွင်းနည်းသည်
SM-J700F, SM-J700H and SM-J700M များကိုသာ Support လုပ်ပေးမှာဖြစ်သည်။
Samsung Galaxy J7 ဖုန်းကို TWRP recovery ထည့်သွင်းနည်းကိုတော့
အောက်ကလင့်မှာအရင်လေ့လာကြည့်လိုက်ပါ။

Samsung Galaxy J7 ဖုန်းကို TWRP recovery ထည့်သွင်းနည်း

Root လုပ်ရန်အတွက်လိုအပ်တာတွေကိုဒေါင်းလော့ရယူပါ


Click Here to Download SuperSU file

SuperSU-update.zip အား install ပြုလုပ်နည်း
=========================
၁။ SD card ထဲသို့ SuperSU-update.zip အားထည့်ပါ။
၂။ ဖုန်းကို Recovery mode ၀င်လိုက်ပါ။ Volume Up + Home + power
၃။ install zip from sd card ကိုတစ်ဆင့်ချက်နှိပ်သွားလိုက်ပါ။
၎။ SuperSU-update.zip အား install လုပ်ပြီး Reboot ချပေးလိုက်ပါ။
၅။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။
RootChecker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။
Galaxy J7 SM-J7008 Android 5.1 Lollipop Root လုပ်နည်းကိုတော့
အောက်ကလင့်မှာဝင်ပြီးလေ့လာကြည့်လိုက်ပါ။
အားလုံးကိုကျေးဇူးတင်ပါတယ်
ဇူးနစ်(နည်းပညာ)


1 comment:

  1. ကျနော် j700h vietnum အလုံးကို recovery mode ထဲကနေ reboot to bootloader ဆိုတာကိုနှိပ်လိုက်တာမှာ power ပြန်မတက်တော့ပါဘူး ဘာmode ကိုမှလဲပြန်ဝင်လို့မရဘူးဗျာ...ကျေးဇူးပြုပြီးတော့ဖြေရှင်းနည်းလေး..အလင်းပြပေးပါ

    ReplyDelete