Thursday, November 19, 2015

နောက်ထွက် အိုင်ဖုန်းတွေမှာ နားကြပ်ပေါက်နဲ့ စပီကာပေါက်ကနေ ရေထွက် ဖယ်ထုတ်ပေးနိုင်မယ်


water resist

Apple အနေနဲ့ အသစ်ယူထားတဲ့ မူပိုင်ခွင့်ထဲမှာ ထူးခြားတဲ့ နည်းပညာ တစ်ခုပါဝင်ပါတယ်။ ယင်းကတော့ အိုင်ဖုန်းရေထဲကျသွားပြီးခဲ့တဲ့ ရေတွေမဝင်အောင်စီးကားပေမယ့် ဝင်တဲ့ရေတွေကို စပီကာပေါက်၊ နားကြပ်ပေါက်ကနေ ပန်းထွက်စေမယ့် နည်းပညာ ဖြစ်ပါတယ်။
ယင်းအတွက် sensor ကိုထည့်သွင်းထားပါမယ်။ ရေထဲကျပြီဆိုရင် pressure တစ်ခုကိုရရှိမှာ ဖြစ်ပြီး ယင်း Pressure က Sensor ကို အချက်ပေးပါမယ်။ အတွင်းမှာ ဆီလီကွန် ရေကာတစ်ခုလည်း ပတ်ပတ်လည် ပတ်ထားပါမယ်။ ပတ်ထားသည့်တိုင် ဝင်လာခဲ့မယ်ဆိုရင် ယင်းအတွက် လမ်ကြောင်းဖန်တီးထားပေးပြီး နောက်ဆုံးမှာ ယင်းရေတွေကို စပီကာပေါက်နဲ့ နားကြပ်ပေါက်တို့ကနေ ပန်းထွက်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အရင်ကလိုမျိုး အိုင်ဖုန်းရေထဲ ကျသွားပြီး ပြန်ဆယ်ရင် ဆန်အိတ်ထဲ ထည့်ထားတဲ့ လုပ်ဆောင်ချက်မျိုး လုပ်စရာ လိုတော့မှာ မဟုတ်ကြောင်း ဆိုပါတယ်။ လက်ရှိ iPhone 6S နဲ့ 6S Plus တို့မှာလည်း တကယ်တန်းကျတော့ ရေလုံလောက် ရာဘာ တစ်မျိုးထည့်သွင်း ပတ်ထားပြီး ရေထဲ ကျသွားမှုကို အတန်အတင့် ခံနိုင်ရည် ရှိမှာ ဖြစ်ပါတယ်။
ရေ ဘယ်နှစ်ပေလောက်အထိ ကျတာခံနိုင်မယ်၊ အချိန်ဘယ်လောက်ကြာမယ် ဆိုတာတော့ မထုတ်ပြန်သေးပါဘူး။ သေချာတာကတော့ နောက်ထွက်မယ့် အိုင်ဖုန်းများဟာ လက်ရှိ ဈေးကွက်က ရေစိုခံ စမတ်ဖုန်းများလိုပဲ ရေစိုခံဖြစ်လာနိုင်မှာ ဖြစ်ပါတယ်။
.
Ref: pocketlint
အောင်ခမ်း (MMA)


No comments:

Post a Comment