Friday, November 27, 2015

စီးကရက် လိုလည်း သောက်လို့ရမယ့် စမတ်ဖုန်း Vaporcade Jupiter


ceg3
Vaporcade Jupiter လို့အမည်ရတဲ့ စမတ်ဖုန်းကို အမေရိကန်အခြေဆိုက် Jupiter ကုမ္ဗဏီမှ ထုတ်လုပ်ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။
Android 4.4 Kit Kat ကိုသာ အသုံးပြုထားပြီး ထပ်မံ upgrade လုပ်ရန် စီစဉ်ထားတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ စမတ်ဖုန်းကို 3G နဲ့ 4G LTE ဆိုပြီးတော့ ဗားရှင်း နှစ်မျိုးထုတ်မှာ ဖြစ်ပါတယ်။ 3G ဗားရှင်းရဲ့ ဈေးကတော့ အမေရိကန်ဒေါ်လာ ၂၉၉ ပဲရှိပြီး 4G LTE ကတော့ ၄၉၉ ရှိပါတယ်။ ဖုန်းမှာ ပါဝင်တဲ့ Specification များကိုတော့ မဖော်ပြထားသေးပါဘူး။။ သတင်းစတင်ထွက်ရှိတုန်းက အတုအယောင် လုပ်ကြံ သတင်းလို့ ထင်ခဲ့ကြပေမယ့် တကယ်တန်း ထွက်ရှိမယ်လို့ ကုမ္ဗဏီက အတည်ပြုလိုက်တဲ့အခါ အံ့သြကုန်ကြ ပါတယ်။
ဆေးလိပ်ဖြတ်ချင်သူများအတွက် အီလက်ထရောနစ် ဆေးလိပ်ဆိုတာမျိုး ပေါ်လာတာ ကြာပါပြီ။ ယင်းကို စမတ်ဖုန်းနဲ့ တွဲဖို့တော့ တော်ရုံလူတွေတွေးခဲ့ကြမှာ မဟုတ်ပါဘူး။ စီးကရက်သောက်နေရင်းပုံကို selfie ကင်မရာနဲ့ ရိုက်နိုင် ပါတယ်။ Smoking အတွက် အရသာ အမျိုး ၃၀ လည်းထုတ်လုပ်ထားပါတယ်။ ယင်း flavour များကတော့ အခြား အီး-စီးကရက်တွေလိုပဲ ထပ်ထပ် ဖြည့်ရမယ် ထင်ပါတယ်။ အသေးစိတ် သတင်းသိရတဲ့အခါ ဆက်လက်ဖော်ပြပါ့မယ်။
.
Ref: dailymail
အောင်ခမ်း (MMA)

No comments:

Post a Comment