Friday, November 20, 2015

မိုဘိုင်း Google Search တွင် Facebook မှ အချက်အလက်များ ရှာဖွေနိုင်မည်

 

 


Google သည် မိုဘိုင်း ရှာဖွေမှုအတွင်း Facebook app မှ public ပြုလုပ်ထားသည့် အချက်အလက်များကို ဆက်စပ်မှုအလိုက် ဖော်ပြပေးသွားမည် ဖြစ်ကြောင်း The Wall Street Journal မှ ဖော်ပြခဲ့သည်။

Google တွင် ရှာဖွေမှုပြုထားသည့်အရာနှင့် ဆက်စပ်သည့် Facebook လင့်ခ်များကို နှိပ်လိုက်ပါက သက်ဆိုင်သည့် အရာသို့ တိုက်ရိုက်ရောက်ရှိသွားစေရန် ပြုလုပ်ထားကြောင်း သိရသည်။ Google နှင့် Facebook ၏ နှစ်ဦး သဘောတူညီချက်အရ Facebook မှလင့်ခ်များ Google တွင် ပါဝင်လာတော့မည် ဖြစ်ကြောင်း Alphabet ၏ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့သည်။



ဝက်ဘ်စာမျက်နှာပေါ်တွင် Google သည် လူမှုရေးမီဒီယာဆိုက်များမှ ခွင့်ပြုချက်များမလိုအပ်ဘဲ search engine တွင် လင့်ခ်များ ထည့်သွင်းထားသည်။ ဥပမာအားဖြင့် Google သည် login ပြုလုပ်စရာမလိုဘဲ public ပြုလုပ်ထားသည့် Facebook အချက်အလက်များကို ပြသပေးလျက်ရှိသည်။

Google သည် မည်သည့်အကြောင်းကို ဆိုက်များက ဖော်ပြလျက်ရှိကြောင်းပြသကာ ရှာဖွေနေသည့် အရာများကို တိုက်ရိုက်ပေးပို့နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ လူသုံးများသည့် မိုဘိုင်းတွင် Google သည် နာမည်ကျော်ကြားသည့် အကြောင်းအရာနှင့် သက်ဆိုင်သည့် အရာများကို app များအတွင်း၌သာ ကြည့်ရှုနိုင်ရန် ကန့်သတ်ခဲ့သည်။ App အတွင်းရှိ ရည်ညွှန်းမှုများကို ပြသရန် Google က app ဖန်တီးသူများမှ ခွင့်ပြုချက် လိုအပ်မည် ဖြစ်သည်။

Google အတွက် ရှာဖွေမှုတွင် လူမှုရေးမီဒီယာ လင့်ခ်များ ဖော်ပြခြင်းသည် အရာအားလုံး ရှာဖွေနိုင်သည့် Google ၏ဝန်ဆောင်မှုကို ရှေ့သို့ရောက်ရှိစေရန် ထိန်းသိမ်းပေးမည့် အရာတစ်ခုဖြစ်သည်။ သို့သော်လည်း မည်သည့်အချိန်တွင် Google က iOS နှင့် Android အတွင်း ရှာဖွေမှုအတွက် လင့်ခ်များ ဖော်ပြသွားမည်ကို မသိရှိရသေးပေ။

Ref: 9to5Google

Internet Journal

အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)

No comments:

Post a Comment