Saturday, November 28, 2015

မတော်တဆဖြစ်တက်တဲ့ Earphone နဲ့သီချင်းနားထောင်ရင်းဖြစ်တက်တဲ့ Error

3032862-poster-p-1-normal-earphones

ဒီ error ကတော့ဖုန်းအသုံးပြုသူတော်တော်များများ တစ်ခါတစ်လေတွေ့ကြုံရတက်တဲ့
error လေးပါ။ ဖြစ်လာရင်မေးလာကြပေမဲ့ ကျတော် post အနေနဲ့မတင်ပေးခဲ့ပါဘူး။
လုပ်ရတာလည်းလွယ်ကူတာကြောင့် ကျတော်မတင်ပေးခဲ့တာပါ။ အခုကျတော် အဲလို error
မျိုးတက်လာတဲ့အခါ အလွယ်တကူဝင်ရောက်ကြည့်ရှု့နိုင်ရန် ရည်ရွယ်ပြီးတင်ပေးလိုက်ပါတယ်။
ကျတော်တို့ ဖုန်းမှာ သီချင်းနားထောင်ရင်း Earphone လေးတက်ပြီးနားထောင်တဲ့အခါ တစ်ခါတစ်လေ
Earphone ဖြုတ်လိုက်တဲ့အချိန်မှာ Noti bar မှာ Earphone ပုံလေးပေါ်ပြီး ဖုန်းဝင်လာတာပဲဖြစ်ဖြစ်
သီချင်းကို Earphone မပါပဲဖွင့်တဲ့အခါပဲဖြစ်ဖြစ် ဘာသံမှမကြားရတော့ပဲဖြစ်တက်ပါတယ်။ အဲဒီအခါ
ဘယ်လိုပြန်လုပ်ရမလဲမသိတော့ တစ်ချို့ကတော့ service ဆိုင်သွားပြီးဖြေရှင်းလိုက်ကြတယ်။
ဒါပေမဲ့ error သာရှင်းလို့ရသွားတယ်။ ဘယ်လိုလုပ်လိုက်သလဲတော့ မသိကြပါဘူး။ တစ်ချို့ဆိုင်တွေကတော့
ပြောပြကြတယ်။ တစ်ချို့ကတော့ customer ကလဲမမေးတော့ ပြောမပြလိုက်ဘူး။ နောက်တစ်ခါထပ်ဖြစ်တော့
ထပ်သွားရနဲ့ အလုပ်ရှူပ်ကြရပါတယ်။ ကျတော်အခုဘယ်လိုလုပ်ရလဲဆိုတာလေး အကြံပြုပေးလိုက်ပါတယ်။
အဲလို error ဖြစ်လာပြီဆိုရင် Earphone ကိုပြန်တက်လိုက်ပါ။ သီချင်းကိုဖွင့်ရက်နဲ့ အဖြုတ်အတက်လုပ်ပေးပါ။
တစ်ခေါက်နဲ့တော့ မရလောက်ပါဘူး။ သုံး လေး ငါးခေါက်လောက်လုပ်ပေးလိုက်ပါ။ နောက်ဆုံး Earphone ပုံလေး
ပျောက်သွားပါမယ်။ ဒါဆိုရင်တော့အရင်တိုင်းလေးပဲ ပြန်လည်အသုံးပြုနိုင်ပါပြီ။ restart လေးတော့တစ်ချက်ချပေးလိုက်ပါ။
ဒါဆိုစိတ်ချရပါပြီ။ ဒီလို error လေးကြုံလာတဲ့အခါ ပြန်လည်ဖြေရှင်းနိုင်အောင် ပြန်လည်အကြံပြုမျှဝေပေးလိုက်ပါတယ်။

အဆင်ပြေပါစေ။
Warmly Welcome


No comments:

Post a Comment