Friday, November 27, 2015

Asus Zenfone 2 Laser ZE550KG/Z00RD ဖုန်းများကို Root လုပ်နည်း


Asus Zenfone 2 Laser ZE550KG/Z00RD ဖုန်းများကို
ကိုင်ဆောင်ထားကြတဲ့ညီအကိုတွေအတွက် ဗားရှင်း 5.0.2 Root လုပ်နည်းကို
အားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီဖုန်းကို Boot.img ဖြင့် ADB Command ဖြင့် Root လုပ်ရမှာပါ
အခက်ကြီးတော့မဟုတ်ပါ အောက်မှာဆက်လေ့လာကြည့်လိုက်ပါ။

How to Root 
==========
၁။ ကွန်ပျူတာတွင် ADB Fastboot tool ကို Install ပြလုပ်ထားရပါမည်
မရှိသေးရင်တော့ အောက်ကလင့်မှာ ရယူပြီး Install ပြုလုပ်နည်းကိုပါလေ့လာလိုက်ပါ။
၂။ Setting > Developer Options > USB Debugging ကို Enable ပြုလုပ်ပါ။
၃။ Mod_boot.img ဖိုင်ကိုဒေါင်းလော့ရယူပါ။
၎။ ADB Fastboot Zip ကိုဒေါင်းလော့ရယူပါ။
၅။ Fastboot Mode ကိုသို့ဝင်ပါ-(Power+Volume up)
၆။ ဖုန်းကိုကွန်ပျူတာဖြင့်ချိတ်ဆက်လိုက်ပါ။
၇။ ADB Fastboot zip ကိုဖြေလိုက်ပြီး Mode_boot.img Folder သို့
ပြောင်းပေးပြီး ADB Fastboot Folder ကိုဖွင့်လိုက်ပါ၊
 (Shift+Right Click>Open Command Here) ဆိုပြီး
ADB Command Box ကိုဖွင့်လိုက်ပါ။
၈။ Command Box ထဲမှာ အောက်ပါစာကြောင်းကိုရိုက်ထည့်ပြီး
Enter ကိုခေါက်ချလိုက်ပါ။
fastboot boot mod_boot.img
၉။ Rooting process တစ်ခုပြုလုပ်နေတုန်းခနစောင့်နေလိုက်ပါ
အားလုံးပြီးသွားတဲ့အခါ ဖုန်းမှာ Reboot တစ်ကြိမ်သွားပါလိမ့်မယ်။
ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 
 
 

No comments:

Post a Comment