Saturday, November 21, 2015

Samsung Galaxy J7 ဖုန်းကို TWRP recovery ထည့်သွင်းနည်း


Samsung Galaxy J7 ဖုန်းကို TWRP ထည့်သွင်းနည်းကို
တောင်းဆိုထားတဲ့ညီအကိုအတွက် တင်ပေးလိုက်ပါပြီ။

Root လုပ်တာတော့ မြန်မာစာအမှန်မြင်ချင်တာတော့ဆိုရင်တော့
ဒီ TWRP ကိုထည့်သွင်းထားပေးရမှာပဲဖြစ်ပါတယ်။
သင့်ဖုန်းမှာ TWRP recovery သွင်းပြီးသွားရင်တော့ SuperSu လေးဖြင့် 
အလွယ် Root လုပ်ယူနိုင်သလို Custom Roms များကိုလည်း
စိတ်ကြိုက်ထည့်သွင်းကလစ်နိုင်မှာဖြစ်ပါတယ်။
လိုအပ်တာတွေကိုဒေါင်းလော့ရယူပါ
Galaxy J7 ဖုန်းကို TWRP ထည့်သွင်းနည်း
========================
ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။
Odin က PDA ဆိုတဲ့နေရာမှာ twrp-recovery ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode  ကိုဝင်ရန်အတွက် volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
 ပါဝါပြန်တက်လာပြီဆိုရင်တော့ သင့်ဖုန်းမှာ TWRP  ရရှိနေပါပြီ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)




No comments:

Post a Comment