Tuesday, April 28, 2015

♪ အရည်အသွေးမြင့်မိုဘိုင်း ဝက်ဘ်ဆိုက်များကို အဓိက ဖော်ပြသွားရန် Google စီစဉ် ♫


Google သည် စမတ်ဖုန်းများဖြင့် အချက်အလက်များ ရှာဖွေမှုပြုရာတွင် မိုဘိုင်းဖြင့် ကြည့်ရှုနိုင်မည့် ဝက်ဘ်ဆိုက်များကို အဓိက ဖော်ပြပေးပြီး မိုဘိုင်းအတွက် မဟုတ်သည့် ဝက်ဘ်ဆိုက် များကို လည်း ပြုပြင်ပေး သွားမည်ဖြစ်ကြောင်း ဆိုခဲ့သည်။

ပြီးခဲ့သည့် အင်္ဂါနေ့က Google သည် မိုဘိုင်းရှာဖွေမှု ရလဒ်အတွင်း မိုဘိုင်း ဝက်ဘ်ဆိုက်များကို ဦးစားပေး ဖော်ပြခဲ့သည်။  အထူးသဖြင့် သုံးစွဲသူများသည် စမတ်ဖုန်းဖြင့် အချက်အလက်များ ရှာဖွေ မှု ပြုလုပ်ရာတွင် မိုဘိုင်း ဝက်ဘ်ဆိုက် များစွာကို တွေ့မြင်ရမည် ဖြစ်သည်။ ကုမ္ပဏီအနေဖြင့် mobile-friendly update ကို တစ်ကမ္ဘာလုံးသို့ ဖြန့်ချိလိုက်ပြီ ဖြစ်ကြောင်း blog post တွင် ဖော်ပြသွားခဲ့သည်။

ယခုအခါတွင် သုံးစွဲသူများသည် ရှာဖွေမှုများ ပြုလုပ်ထားသည့် အရည်အသွေးမြင့် သင့်တော်မှုရှိသည့် ရလဒ်များရှိ စာသားများအား tap သို့မဟုတ် အကျယ်ချဲ့စရာ မလိုအပ်ဘဲ ဖတ်ရှုနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် စမတ်ဖုန်းပေါ်တွင် ဝက်ဆိုက် စာမျက်နှာမှ မဖော်ပြနိုင်သည့် အကြောင်းအရာ သို့မဟုတ် အလျားလိုက် scroll ပြုလုပ်ရခြင်းတို့ကို ရှောင်လွှဲနိုင်မည်ဖြစ်ကြောင်း Google က blog post တွင် ရေးသား ခဲ့သည်။

အဆိုပါ update သည် မိုဘိုင်း ထုတ်ကုန်များဖြင့် ရှာဖွေမှုများ ပြုလုပ်ရာတွင် သက်ရောက်မှု ရှိမည်ဖြစ်ပြီး ဝက်ဘ်ဆိုက် တစ်ခုလုံးထက် ဝက်ဘ်စာမျက်နှာ တစ်ခုချင်းစီကို မိုဘိုင်း ဝက်ဘ်ဆိုက်အဖြစ် ပြောင်းလဲ ပေး သွားမည်ဖြစ်ကြောင်း Google က ပြောဆိုခဲ့သည်။

Ref : CNET

No comments:

Post a Comment