လူတွေရဲ့ နေ့စဉ်လှုပ်ရှားမှုတွေထဲမှာ သတိမပြုမိတဲ့ အနီးကပ်ဆုံး
အန္တရာယ်ဆိုတာတွေရှိပါတယ်။ တကယ်ပါ..အဲဒါတွေကို အမှတ်တမဲ့နဲ့
ပြုမှုနေကြတယ်ဆိုတာ သတိထားကြည့်ပါ။ ဒါတွေက ဘာမှမဟုတ်လောက်ဘူးလို့ ထင်ပေမယ့်
တကယ့်ကို အန္တရာယ်ကြီးတဲ့ ပြုမူမှုတွေပါ။
သတိမမူမိတဲ့ အန္တရာယ်ဆိုတာတွေက ဖုန်းပြောရင်း လမ်းဖြတ်ကူးတာ၊ နားနှစ်ဖက်မှာ နားကြပ်တပ်ပြီး သီချင်းတွေကို အကျယ်ကြီးဖွင့်ထားရင်း လမ်းလျှောက်တာ၊ စက်ဘီးစီးတာတွေ စတာတွေက သတိမမှုပဲ လုပ်နေမိတဲ့ အသက်အန္တရာယ်များပါပဲ။
သတိမမူမိတဲ့ အန္တရာယ်ဆိုတာတွေက ဖုန်းပြောရင်း လမ်းဖြတ်ကူးတာ၊ နားနှစ်ဖက်မှာ နားကြပ်တပ်ပြီး သီချင်းတွေကို အကျယ်ကြီးဖွင့်ထားရင်း လမ်းလျှောက်တာ၊ စက်ဘီးစီးတာတွေ စတာတွေက သတိမမှုပဲ လုပ်နေမိတဲ့ အသက်အန္တရာယ်များပါပဲ။
ဖုန်းပြောရင်းလမ်းဖြတ်ကူး……
နေရာ တော်တော်များများမှာ သွားလာနေကြတဲ့ အထူးသဖြင့် လူငယ်တွေမှာ အလုပ်ကိုယ်စီနဲ့အတူ မအားလပ်ကြပါဘူး။ လမ်းသွားရင်းနဲ့ အလုပ်နဲ့ပတ်သက်တာ၊ ကိုယ်ရေးကိုယ်တာနဲ့ သက်ဆိုင်တဲ့ ဖုန်းတွေကကိုယ့်ဆီကို ၀င်လာတတ်စမြဲပါပဲ။ အချိန်နေရာ ဒေသမရွေး ကိုယ့်ရဲ့ လက်ကိုင်ဖုန်းကို ၀င်လာတတ်တာကြောင့် တစ်ခါတစ်လေ လမ်းဖြတ်ကူးနေချိန်မှာ ဖုန်းဝင်လာခဲ့ရင် မကိုင်မိစေဖို့ ပြောချင်ပါတယ်။ လမ်းဖြတ်ကူးတဲ့အချိန်မှာ ဘယ်၊ညာ သွားလာနေတဲ့ ကားတွေကို သတိထား
နေရသေးတာကြောင့် ဖုန်းလာတာကို အာရုံရောက်ပြီး သွားနေတဲ့ ကားဘက်ကို အာရုံလွတ်သွားရင် အန္တရာယ်ဆိုတာကြုံတတ်ပါတယ်။ ကိုယ်ကူးချင်တဲ့ လမ်းတစ်ဘက်ခြမ်းကိုရောက်မှ ဖုန်းကိုဖြေချင်ရင်ဖြေပါ၊ ဒါမှမဟုတ် လမ်းဖြတ်မကူးခင်မှာ ၀င်လာတဲ့ ဖုန်းဆိုရင် လမ်းဖြတ်မကူးသေးပဲ ဖုန်းကိုကိုင်တာမျိုးလုပ်ပါ
နားကြပ်တပ်ပြီး သီချင်းနားထောင်…………..
လူတိုင်းမှာ စိတ်ခံစားချက် အမျိုးမျိုးရှိပါတယ်။ ဘယ်အချိန်မှာ ဘယ်လိုခံစားနေရမယ်ဆိုတာ တသမတ်တည်းမရှိပါဘူး။ စိတ်လက်ပေါ့ပါးစွာနဲ့ သီချင်းတွေကို နားထောင်ရတာကို ကြိုက်တဲ့အချိန်တွေ ဆိုတာတွေလဲရှိမှာပါ။ ဒီနေ့အချိန်မှာတော့ သီချင်းနားထောင်တယ်ဆို ကက်ဆက်ဖွင့်ပြီးမှ နားထောင်နိုင်တဲ့ အခြေအနေမျိုးမဟုတ်တော့ပါဘူး
လမ်းလျှောက်ရင်း အင်တာနက်ကြည့်………………
တချို့လူငယ်တွေရှိပါသေးတယ်။
ဒါတွေက လူတွေနေ့စဉ်လုပ်မိနေတတ်တဲ့ အရာတွေဖြစ်ပြီး အန္တရာယ်ဖြစ်နိုင်တဲ့ အချက်လေးတွေပဲဖြစ်ပါတယ်။ တချို့ရပ်ကွက်တွေထဲမှာ လူငယ်တွေ စက်ဘီးစီးတဲ့အခါ နားကြပ်ကိုနားမှာတပ်ပြီးစီး
No comments:
Post a Comment