Thursday, April 23, 2015

♪ LED Screen တွေကို ကြာရှည်စွာ ကြည့်ရှုခြင်းဟာ အမြင်အာရုံ ပျက်စီးသည်အထိ မျက်စိကို ထိခိုက်စေနိုင် ♫

iPhone ၊ iPad တို့လို LED Screen ပါဝင်တဲ့ အီလက်ထရောနစ် ပစ္စည်းတွေကို ကြာရှည်စွာ ကြည့်ရှုခြင်း ဟာ အမြင်အာရုံ ပျက်စီးသည်အထိ မျက်စိကို ထိခိုက်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါ တယ်။

စပိန် နိုင်ငံမှ ကျွမ်းကျင်သူ တစ်ယောက်ဖြစ်တဲ့ Dr.Celia Sanchez Ramos ရှာဖွေတွေ့ရှိတာကတော့ အီလက်ထရောနစ် ကိရိယာ တော်တော်များများမှာ ပါဝင်တဲ့ LED Screen တွေဟာ မျက်လုံးရဲ့ အပါးလွှာ ဆုံး အပိုင်းဖြစ်တဲ့ မျက်ကြည်လွှာကိုထိခိုက်ပျက်စီးစေနိုင်ပြီး အမြင်အာရုံကွယ်ပျောက်သည်အထိ ဖြစ်စေနိုင် တယ်လို့ သိရပါတယ်။

ထို LED မျက်နှာပြင်အများစုက ထုတ်လွှတ်လိုက်တဲ့ အပြာရောင် အလင်းတစ်မျိုးဟာ အအိပ်အစား အခက်တွေ့စေခြင်းလို ပြသနာတွေက တစ်ဆင့် ခေါင်းကိုက်ခြင်းတွေကို ဖြစ်ပေါ်စေတတ်သလို ပြင်းထန် လာတဲ့အခါ ကင်ဆာရောဂါ ပါ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

လက်ရှိ လူငယ်မျိုးဆက်ဟာ ဒစ်ဂျစ်တယ် အလုပ်သမားတွေဖြစ်လာကြတဲ့အတွက် တစ်နေ့ကို အနည်းဆုံး ၈ နာရီ ၀န်းကျင်လောက် LED မျက်နှာပြင်များစွာရှေ့မှာ အလုပ်လုပ်နေကြရပါတယ်။ ထို မျက်စိ ထိခိုက် မှုတွေဟာ မျက်ကြည်လွှာထဲမှာရှိတဲ့ Photoreceptors ဆိုတဲ့ အာရုံကြောမှာ အပြာရောင် အလင်းတန်းတွေ ဟာ အချက်အလက်တွေအဖြစ်ပြောင်းလဲလိုက်ပြီး မျက်စိ နာခြင်း ကိုက်ခြင်းနဲ့ သက်တောင့်သက်သာ မရှိခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။

ထို အပြာရောင် အလင်းတန်းပမာဏ များလာတဲ့အခါမှာ မျက်ကြည်လွှာရဲ့ အလယ်ဗဟိုမှာရှိတဲ့ macula ဆိုတဲ့နေရာကို စုစည်းသွားပြီး အမြင်အာရုံ ပျောက်ကွယ်သွားစေနိုင်ပါတယ်။ ဒါကြောင့် ဒစ်ဂျစ်တယ် မျိုးဆက်အတွက် LED မျက်နှာပြင်တွေကထွက်တဲ့ အပြာရောင်အလင်းတန်းကို ကာကွယ်နိုင်ဖို့အတွက် မျက်နှာပြင်ကာကွယ်ရေး(Screen Protector)တွေသုံးစွဲရာမှာ Reticare လုပ်ဆောင်ချက် ပါဝင်တဲ့ Screen Protector ကိုသုံးစွဲခြင်းသာလျှင် သင့်တော်တယ် လို့ သုတေသီတွေက ဆိုကြပါတယ်။


Credit: မြဝတီ နည်းပညာ

No comments:

Post a Comment