Thursday, April 30, 2015

♪ ပိုင်ရှင်၏ နားဖြင့် ဖွင့်၊ပိတ် ပြုလုပ်မည့် ဖုန်းကို Yahoo စမ်းသပ်နေ ♫

ဖုန်းသုံးစွဲသူရဲ့နားကို စကရင် အဖွင့်၊အပိတ်ပုံစံမျိုး အသုံးပြုနိုင်မယ့် ဖုန်းသစ်တစ်မျိုးကို Yahoo ကုမ္ပဏီက စမ်းသပ်နေတယ်လို့ သိရပါတယ်။ Yahoo ရဲ့ဖုန်းအမျိုးအစားအသစ်မှာ လက်သီး ဒါမှမဟုတ် ဖုန်းကို ကိုင်တဲ့ အနေအထားနဲ့ အဖွင့်၊အပိတ် ပြုလုပ်မယ့် စနစ်မျိုးလည်း ပါရှိလာဖို့ ရှိပါတယ်။ ဖုန်းကို လက်ဗွေနဲ့ ဖွင့်၊ပိတ် ပြုလုပ်တဲ့ ဖုန်းတွေဟာ လူတွေကြားမှာ လူကြိုက်များပေမယ့် ဈေးကြီးလွန်းတာက ပြဿ နာ ဖြစ်နေပါတယ်။

Yahoo က ဖုန်းရဲ့ ထိတွေ့ရမည့် မျက်နှာပြင်ကို ပုံရိပ်ဆင်ဆာ အဖြစ် အသုံးပြုမှာ ဖြစ်လို့ ဈေးနူန်းကလည်း သက်သာဖို့ ရှိနေပါတယ်။ Bodyprint စနစ်နဲ့ ဖုန်းကို အဖွင့်အပိတ် ပြုလုပ်မယ့် စနစ်ကို Yahoo ရဲ့ ဓါတ်ခွဲခန်း မှာ ပညာရှင် ၁၂ ဦးနဲ့ စတင်စမ်းသပ်ခဲ့တာ ဖြစ်ပြီး စကရင်ရဲ့ Resolution ကလည်း လက်ဗွေနဲ့ ဖွင့်ပိတ်လုပ်တဲ့ ဖုန်းတွေရဲ့ စကရင် Resolution ထက် နည်းမှာဖြစ်လို့ ထုတ်လုပ်တဲ့ ကုန်ကျစရိတ်ပိုင်းမှာလည်း သက်သာမယ်လို့ စမ်းသပ်ခဲ့သူတွေက ဆိုပါတယ်။ ဒီစနစ်အရ ကိုယ်အစိတ်အပိုင်းတွေဖြစ်တဲ့ နား၊ လက်ချောင်း၊ လက်သီးနဲ့ လက်ဖ၀ါးစတဲ့ အစိတ်အပိုင်းတွေနဲ့လည်း ဖုန်းကို ဖွင့်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေနဲ့ ဖုန်းကို ဖွင့်၊ပိတ် လုပ်ခဲ့ရမှာ ၁၀၀ ရာခိုင်နူန်းနီးပါး တိကျမှုရှိပြီး ဖုန်းသုံးစွဲသူအနေနဲ့ ဆိုရင်တော့ ၉၉ ရာခိုင်နူန်းကျော် တိကျမှု ရှိပါတယ်။ နားရဲ့အစိတ်အပိုင်းတွေနဲ့ ဖုန်းကို ဖွင့်တာဟာလည်း ၁၀၀ ရာခိုင်နူန်းနီးပါး တိကျတယ်လို့ ဆိုပါတယ်။

ဘိုင်အိုမက်ထရစ်ပညာရှင်တစ်ဦးကတော့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေရဲ့အကူအညီနဲ့ အနာဂတ်မှာ ဖုန်းတွေ ဟာ ပိုမိုလုံခြုံစိတ်ချရလာလိမ့်မယ်လို့ သုံးသပ်ခဲ့ပါတယ်။ ဆွစ်ဇာလန်မှာတော့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေရဲ့ အကူအညီကို ရယူတာဟာ ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။ ဆွစ်ဇာလန်မှာ အိမ်ကို ဖောက်ထွင်းမယ့် တရားခံတွေဟာ ပြတင်းပေါက် မျက်နှာပြင်နားကို မျက်နှာနဲ့ကပ်ပြီး အိမ်ထဲမှာ လူရှိ၊မရှိ လှမ်းကြည့်တတ်ကြ ပါတယ်။ ဒါကြောင့် မှန်တွေကတစ်ဆင့် မျက်နှာပြင်ပုံရိပ်ကို ဆင်ဆာနဲ့ မှတ်သားထားပြီး တရားခံရဲ့မျက်နှာ အသွင်အပြင်ကို စုံစမ်းထောက်လှမ်းနိုင်ပါတယ်။

လက်ရှိမှာ နောက်ဆုံးထုတ် အိုင်ဖုန်းတွေနဲ့ တချို့သော အန်းဒရိုက်ဖုန်းတွေကို လက်ဗွေဆင်ဆာစနစ်ကို အသုံးပြုနေပါတယ်။ ဒီလက်ဗွေစနစ်ဟာ ဟက်ကာတွေ အတွက် ဖောက်ထွင်းရတာ လွယ်ကူစေပြီး ဟက်ကာတွေအနေနဲ့ လက်ဗွေဆင်ဆာကနေ ကော်ပီကူးယူပြီး ဆမ်ဆောင်းဂလက်ဇီ S 5 ဖုန်းကို ဖွင့်နိုင်နေပြီလို့ လုံခြုံရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ ဖိုင်းရားအိုင်းက ဆိုပါတယ်။ နားရွက်အစိတ်အပိုင်းနဲ့ ဆင်ဆာ ပြုလုပ်တာဟာ မျက်နှာအစိတ်အပိုင်းနဲ့ ပြုလုပ်တာထက် လုံခြုံရေးကို စိတ်ချရစေတယ်လို့ ဘိုင်အိုမက်ထရစ်ပညာရှင်ကပဲ မှတ်ချက်ပေးခဲ့ပါတယ်။


Credit: PlanetMyanmar

No comments:

Post a Comment