Wednesday, September 6, 2017

♪ ဟက်ကာများက Instagram ကို Hack ၍ ဆယ်လီများရဲ့ Contact Information များကိုရောင်းချခဲ့” ♫


Image may contain: 1 person, phone and text
ဟက်ကာများက Instagram ရဲ့ လုံခြုံရေးဟာကွက်တစ်ခုကနေဆယ်လီ များ အပါအ၀င် User ၆ သန်းရဲ့ ဖုန်းနံပါတ်၊ နေရပ်လိပ်စာ၊ အီးမေးစတဲ့ သတင်းအချက်အလက်များကိုရယူနိုင်ခဲ့ပြီးအင်တာနက်မှာရောင်းချခဲ့ကြပါတယ်။ အခုတော့ ကုမ္ပဏီကလုံခြုံရေးဟာကွက်ကိုဖာထေးခဲ့ပြီး ဖြစ်ပါ တယ်။ဟက်ခံရတဲ့ ဒေတာများထဲမှာ Password များ မပါဝင်ပါဘူး။

ဟက်ကာများက Doxagram ၀က်ဆိုက်ကနေ ဆယ်လီတစ်ယောက်ရဲ့ သတင်းအချက်အလက်ကို ၁၀ ဒေါ်လာဖြင့် ရောင်းချခဲ့ကြပါတယ်။ လက်ရှိ မှာအဲဒီ ၀က်ဆိုက်ဟာ ပိတ်သိမ်းသွားပြီ ဖြစ်ပေမယ့် ဆယ်လီများရဲ့ Contact Information များအွန်လိုင်းမှာ ပြန့်နှံ့နေပါတယ်။

Contact Information များအွန်လိုင်းမှာပေါက်ကြားသွားတဲ့ ဆယ်လီများ ထဲမှာသရုပ်ဆောင်များဖြစ်တဲ့ Emma Watson, Emilia Clarke, Zac Efron, Leonardo DiCaprio, Channing Tatumတို့ ပါဝင်ပါတယ်။Harry Styles, Ellie Goulding, Victoria Beckham, Beyoncé, Lady Gaga and Rihanna, Taylor Swift, Katy Perry, Adele, Snoop Dogg, Britney Spearsစတဲ့ အဆိုတော်များရဲ့ ဒေတာများလည်းထွက်ပေါ်ခဲ့ ပါတယ်။ အားကစားသမားများထဲမှာFloyd Mayweather, Zinedine Zidane, Neymar, David Beckham, Ronaldinho တို့ပါဝင်ပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


 

No comments:

Post a Comment