Friday, September 18, 2015

Wireless ထိုးဖောက်ခြင်းစမ်းသပ်ချက်များ-ရဲမင်းအောင် (Ray-Electronic)



မင်္ဂလာပါ
ဆရာ ရဲမင်းအောင်၏-စာအုပ်ကောင်းတွေထဲမှ
Wifi-Hacking
Wireless ထိုးဖောက်ခြင်းစမ်းသပ်ချက်များ-စာအုပ်ကို
အားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်

Wireless Network များသည် ယနေ့ခေတ်ကမ္ဘာ၏ နေရာတိုင်းတွင်တွေ့နိုင်သော ကွန်ယက်ပစ္စည်းများဖြစ်လာနေပြီဖြစ်သည်။ သန်းနှင့်ချီသောလူများသည် သူတို့၏ အိမ်များ၊ ရုံးများနှင့် အများပြည်သူသုံး Hostpot များတွင် Internet (သို့) Persional (ကိုယ်ရေးကိုယ်တာ) နှင့်သော်လည်းကောင်း၊ အသက်မွေးကျောင်းမှု (Professional) အဖြစ်သော်လည်းကောင်း ၀င်ရောက်အသုံးပြုနေကြပြီဖြစ်သည်။
ယခုစာအုပ်ဖြစ်သော BackTrack 5 Wireless Penetration Testing စာအုပ်သည် ထိုကဲ့သို့သော ကြိုးမဲ့ကွန်ယက်များ၏မလုံခြုံမှုများကို သိရှိနားလည်စေရန် အကူအညီဖြစ်လာစေမည်ဖြစ်သည်။ ထို့အပြင် အခြားသော ကွန်ယက်များကိုစိတ်ဝင်စားပြီးလေ့လာနေသော လူငယ်များအတွက်လည်း တစ်နည်းအားဖြင့် အကျိုးဖြစ်ထွန်းစေနိုင်မည်ဖြစ်ပါသည်။
ယခုစာအုပ်တွင် မသိမဖြစ်သော ကြိုးမဲ့ကွန်ယက် နည်းစနစ်အကြောင်းများအပြင်
 ကြိုးမဲ့ကွန်ယက်များ၏ မလုံမခြုံမှုများကို ထိုးဖောက်ပံ ထိုးဖောက်နည်းများကိုလည်းလေ့လာကြရမှာဖြစ်ပါသည်။ထိုကဲ့သို့လေ့လာရာတွင် အဆင့်အလိုက်ဖော်ပြပေးထားခြင်းခြင့် လွယ်ကူစွာ နားလည်သဘောပေါက်နိုင်မည်ဖြစ်ကာ အလွယ်တကူလည်းလေ့ကျင့်နိုင်မည်ဖြစ်ပါသည်။
ကြိုးမဲ့ကွန်ယက်ကိုထိုးဖောက်ရန်အတွက် OS (Perating System) ကို BackTrack 5 တွင်အခြေခံထား၍ ယခုစာအုပ်ပါ အကြောင်းရာများအားလုံးကို BackTrack 5 ကိုအသုံးပြုလေ့လာရမည်ဖြစ်ပါသည်။

BackTrack 5 သည်နောက်ပိုင်းတွင် နာမည်ကျော်ကြားလူကြိုက်များလာခဲ့ကာ Hacking OS ဟုတ်ပင်တင်စားခေါ်ဝေါ်ရသည်အထိအောင်မြင်လာခဲ့ပါသည်။ ထို့ကြောင့် ၎င်းတွင် Hacking ပြုလုပ်နိုင်သော Tool များနှင့် လုံခြုံရေးအထောက်အပံ့ပေးသော Tool များသည်လည်း ရာနှင့်ချီ၍ ပါဝင်သောကြောင့် ကြိုးမဲ့ကွန်ယက်ထိုးဖောက်မှုစမ်းသပ်ချက်များကို အလွယ်တကူပင်ပြုလုပ်နိုင်သောကြောင့် BackTrack 5 ကိုရွေးချယ်ရခြင်းလည်းဖြစ်ပါသည်။

စာအုပ်အမည်....Wireless ထိုးဖောက်ခြင်းစမ်းသပ်ချက်များ
စာရေးဆရာ...ရဲမင်းအောင် (Ray-Electronic)
Size....23.5MB
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)

No comments:

Post a Comment