Wednesday, September 23, 2015

iOS9 မှာ ဘက်ထရီပိုမို ကြာရှည်အောင် ပြုလုပ်ရမဲ့ အချက်များ


iOS 9 ဟာ အသုံးပြုသူတွေအတွက် Feature အသစ်တွေကို ထည့်သွင်းပေးထားတဲ့ အတွက် အကြိုက်တွေ့သူများလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ feature အသစ်တွေမှာ Processor Core နှင့် Screen Resolution ကို အထောက်အပံ့ပေးခြင်း တွေဟာ အသုံးပြုသူတို့ အကြိုက်တွေ့ပေမဲ့ တကယ်လိုအပ်တဲ့ Feature ကတော့ ဘက်ထရီသက်တမ်းကြာရှည်ခံဖို့ပဲဖြစ်ပါတယ်။ ဒါကြောင့် ဘက်ထရီသက်တမ်းကြာရှည်ခံနိုင်ဖို့အတွက် လုပ်ဆောင်ချက်အနည်းငယ်ကို လိုက်နာလိုက်မယ်ဆိုရင်တော့ သင့်ရဲ့ ဘက်ထရီရာခိုင်နှုန်းအသုံးပြုမှုကို အရင်ကထက်များစွာ လျှော့ချပေးပါလိမ့်မယ်။
၁။ နောက်ကွယ်မှာ Run နေတဲ့ ဘက်ထရီစားနိုင်တဲ့ Application အချို့ကို ပိတ်ပစ်ပါ
Apple ဟာ iOS8 တုန်းက Application တစ်ခုဟာ ဘက်ထရီ ရာခိုင်နှုန်း ဘယ်လောက်ထိ အသုံးပြုနေတယ်ဆိုတာကို ဖော်ပြပေးတဲ့ feature ကိုထည့်သွင်းပေးထားပါတယ်။  iOS9 မှာတော့ ဒီထက် ပိုကောင်းမွန်တဲ့ Feature တွေကိုထပ်မံထည့်သွင်းပေးလာခဲ့ပါတယ်။ လတ်တလော ဘက်ထရီ ရာခိုင်နှုန်းအများဆုံးအသုံးပြုနေတဲ့ Application တွေကိုဖော်ပြပေးသလို ၊ ပြီးခဲ့တဲ့ ငါးရက်လောက်က  Application တစ်ခုဟာ ဘက်ထရီ ရာခိုင်နှုန်း ဘယ်လောက်ထိ အသုံးပြုနေတယ်ဆိုတာကိုလည်း ဖော်ပြလာခဲ့ပါတယ်။ ဘက်ထရီ ရာခိုင်နှုန်း အသုံးပြုမှု များနေတဲ့ Application ကိုသိချင်ရင်တော့ Settings > General > Battery သို့အဆင့်ဆင့်သွားကာ ညာဘက်ထောင့်နားရှိ နာရီပုံစံ icon လေးကို နှိပ်ကာ ကြည့်ရှုနိုင်ပါတယ်။ ဘက်ထရီရာခိုင်နှုန်းအသုံးပြုမှု များနေတဲ့ Application ကိုတွေ့ရတဲ့အခါ အဆိုပါ Application တွေကို အသုံးပြုမှု ရပ်ဆိုင်းလိုက်ပါ။ ဒီ application တွေဟာ သင့် ဖုန်းရဲ့ ဘက်ထရီ ရာခိုင်နှုန်းကို အလျင်အမြန်လျော့နည်းအောင် ပြုလုပ်နေလို့ပါပဲ။
၂။ Low Power Mode ကို အသုံးပြု ပါ
Apple ဟာ iOS9 ကို Update ပြုလုပ်ထားတဲ့ iPhone တို့အနေနဲ့ ဘက်ထရီအသုံးပြုမှု အပိုမရှိအောင် စွမ်းဆောင်ပေးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ တကယ်တော့ Apple ရဲ့ ထုတ်ပြန်မှုဟာ Feature တစ်ခုကို ထည့်သွင်းပေးထားခြင်းပါပဲ။ အဲ့ဒီ Feature ကတာ့ Low Power Mode ဖြစ်ပါတယ်။ Low Power Mode ကို On ထားခြင်းဖြင့် နောက်ကွယ်မှာ Run နေတဲ့ program များ၊ Mail fetch များ၊ Automatic Downloads များနှင့် အခြား Visual Effects ဆိုင်ရာများကို လျော့ချပေးပါတယ်။ Low Power Mode ကို အသုံးပြုလိုပါက Setting > General > Battery > Lower Power Mode ဆိုပြီး အဆင့်ဆင့် သွားကာ အသုံးပြုနိုင်ပါတယ်။
၃။ Manage Location Services ကို အသုံးမပြုပါနဲ့
iOS 9 မှာ အသုံးပြုနေတဲ့ Application တွေဟာ location ကို အခြေခံကာ အသုံးပြုထားခြင်းဖြစ်ပါတယ်။ ဒါကြောင့် GPS location service ကို အသုံးပြုခြင်းဟာလည်း ဖုန်းရဲ့ဘက်ထရီ ရာခိုင်နှုန်းကို တစ်စိတ်တစ်ပိုင်းကနေ အသုံးပြုနေပါတယ်။ GPS location service ကို ဖယ်ရှားလိုက်မယ်ဆိုရင် ဘက်ထရီအသုံးပြုမှုဟာ အသင့်အတင့်တော့ လျော့နည်းသွားပါတယ်။ Location Service ကို ပိတ်ချင်ရင်တော့ Setting > Privacy > Location Services ဆိုပြီး အဆင့်ဆင့်သွားကာ ပိတ်နိုင်ပါတယ်။
၎။ Bluetooth ကို ပိတ်ထားပါ
မိမိဟာ Wireless Speaker ၊ Wireless Headphones သို့မဟုတ်   ဖိုင်အမျိုးမျိုး ကူးယူရန်အတွက်  AirDropping တို့ကို အသုံးပြုတဲ့လူတစ်ယောက်ဆိုရင်တော့ Bluetooth ဟာလည်း ဘက်ထရီရာခိုင်နှုန်း အသုံးပြုမှု များစေတဲ့ Feature တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် Bluetooth ကို အမြဲပိတ်ထားပါ။ Bluetooth ကို ပိတ်ဖို့အတွက် Control Center ကို အသုံးပြုပြီး ပိတ်နိုင်သလို ၊ Setting > Bluetooth ဆိုပြီး အဆင့်ဆင့်သွားကာ ပိတ်နိုင်ပါတယ်။
၅။ Widgets များကို တတ်နိုင်သလောက် အသုံးပြုမှုလျှော့ချပါ
iOS8 မှာကတည်းက notification ထဲမှာ  ပါဝင်လာတဲ့ Widgets များဟာ အသုံးပြုသူများအတွက် တကယ်ကို အသုံးဝင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ Widgets တွေဟာ ဘက်ထရီရာခိုင်နှုန်းကို အရမ်းအသုံးပြုလွန်းပါတယ်။ ဒါ့ကြောင့် တတ်နိုင်သလောက် Widget အသုံးပြုမှု လျော့ချရင်တော့ ဘက်ထရီအသုံးပြုမှု ရာခိုင်နှုန်းကို ထိန်းသိမ်းရာရောက်ပါတယ်။
၆။ နောက်ကွယ်က နေ Run နေတဲ့ Application တွေ refresh လုပ်ခြင်းကို ပိတ်ထားပါ
Application တွေနောက်ကွယ်ကနေ Run နေတဲ့အခါ ၄င်း Application တွေရဲ့ Content တွေကို Refresh လုပ်ပေးခြင်း feature ဟာ iOS ရဲ့ ကောင်းမွန်တဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ အဆိုပါ ဝန်ဆောင်မှုဟာ ကောင်းမွန်တယ်ဆိုပေမဲ့လည်း ဘက်ထရီကို အရမ်းအသုံးပြုလွန်းပါတယ်။ Background App Refresh feature ကိုပိတ်မယ်ဆိုရင်တော့ Settings > General > Background App Refresh ဆိုပြီး ပိတ်နိုင်ပါတယ်။
၇။ Motion Animation တွေကို လျှော့ချပါ
iOS 7 မှာကတည်းက ထည့်သွင်းပေးထားတဲ့ Motion တွေကို Animation များနဲ့ထောက်ပံ့ပေးထားပါတယ်။ ဒါပေမဲ့ Animation တွေကို အသုံးပြုမှုဟာ ဘက်ထရီ ရာခိုင်နှုန်း ကို ပိုမို အသုံးပြုစေပါတယ်။ ဒါကြောင့် Motion  Animation ကို အသုံးမပြုဘူးဆိုရင်လည်း ဘက်ထရီရာခိုင်နှုန်း အသုံးပြုမှုကို လျော့နည်းစေပါတယ်။ Motion Animation အသုံးပြုမှုကို ပိတ်ဖို့အတွက် Setting > General > Accessibility > Reduce Motion ဆိုပြီး အဆင့်ဆင့်သွားကာ ပိတ်နိုင်ပါတယ်။
၈။ Accessibility Settings ကို အသုံးမပြုပါနဲ့
Accessibility ဆိုတာ iOS ရဲ့ Setting တစ်စိတ်တစ်ဒေသကို ထိန်းချုပ်ထားတဲ့ Feature တစ်ခုပါပဲ။ Accessibility ထဲမှာ အဖြူအမည်းအရောင်ကို ထိန်းငြိပေးတဲ့ setting ၊ အရောင်မျိုးစုံကို ထိန်းငြိပေးတဲ့ Setting  နှင့် Transparency ကို ထိန်းညှိနိုင်တဲ့ Setting  စတဲ့ Setting တွေပါဝင်ပါတယ်။ ဒါကြောင့် တတ်နိုင်သလောက် အဆိုပါ Setting တွေကို ပိတ်ထားပါ။ အဖြူအမည်းအရောင်ကို ထိန်းငြိပေးနိုင်တဲ့ Setting ကို ပိတ်ဖို့အတွက် Settings > General > Accessibility > Grayscale , အရောင်မျိုးစုံကို ထိန်းငြိပေးတဲ့ Setting ကို ပိတ်ဖို့အတွက် Settings > General > Accessibility > Increase Contrast , Transparency ကို ထိန်းညှိနိုင်တဲ့ Setting ကို ပိတ်နိုင်ဖို့အတွက် Settings > General > Accessibility > Increase Contrast > Reduce Transparency ဆိုပြီး အဆင့်ဆင့်သွားကာ ပိတ်နိုင်ပါတယ်။
၉။ Auto App Updates ကို ပိတ်ထားပါ
iOS7 မှာကတည်းက အသုံးပြုခွင့်ပေးထားခဲ့တဲ့ Auto App Updates ဟာလည်း နောက်ကွယ်ကနေ application တွေကို update လုပ်ပေးနေတဲ့ Feature တစ်ခုဖြစ်ပါတယ်။ အသုံးမလိုခဲ့ဘူးဆိုရင် Auto App Updates ကို ပိတ်ထားပါ။ ဘက်ထရီ ရာခိုင်နှုန်း အသုံးပြုမှု ကို သိသိသာသာ တိုးမြှင့်လာစေလိမ့်မယ်။ Auto App Updates ကို ပိတ်ဖို့အတွက် Setting > App and iTunes Stores > Automatic Downloads ဆိုပြီး အဆင့်ဆင့်သွားကာ ပိတ်နိုင်ပါတယ်။
၁၀။ Screen Brightness ကို လျှော့ထားပါ
iPhone တွေမှာ ပါဝင်တဲ့ Screen Brightness ၁၀၀ ရာခိုင်နှုန်းဟာ အပြည့်အဝ မလိုအပ်တဲ့ ပမာဏပါ။ Screen Brightness ရဲ့ အလင်းပြန်မှုဟာ သင့်ရဲ့ မျက်လုံးကို ထိခိုက်စေပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင်တော့ Screen Brightness ကို လျှော့ချထားပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ဘက်ထရီ အသုံးပြုမှုကို လျော့ချပေးသလို ၊ မိမိရဲ့ မျက်လုံးထိခိုက်မှုကိုလည်း ကာကွယ်ရာရောက်ပါတယ်။ Screen Brightness ကို လျော့ချချင်ရင်တော့ ဖုန်းရဲ့ အောက်ခြေမှာအသင့်ရှိနေတဲ့ Control Center ကို အသုံးပြုကာ လျှော့ချနိုင်သလို ၊ Setting > Display & Brightness ဆိုပြီး အဆင့်ဆင့်သွားကာလည်း လျှော့ချနိုင်ပါတယ်။
၁၁။ Live Wallpaper ကို အသုံးမပြုပါနဲ့
battery saving modeiPhone 6s နဲ့ 6s Plus တို့မှာ ဓါတ်ပုံနဲ့ ပါတ်သက်ပြီး Feature အသစ်ဖြစ်တဲ့ Live Photo ပါဝင်လာပါတယ်။ ဒီ live photo ဟာ အသုံးပြုသူတို့အနေနဲ့ တကယ်လည်း အကြိုက်တွေ့ကြသလို ချစ်စရာကောင်းတယ်လို့လည်း လက်ခံထားကြပါတယ်။ ဒါပေမဲ့ Live Photo ဟာ Memory ပမာဏ ကို တိုက်ရိုက် အသုံးပြုနေခြင်းဖြစ်ပါတယ်။ Memory ပမာဏကို တိုက်ရိုက်အသုံးပြုခြင်းကြောင့်လည်း ဘက်ထရီကို ပိုမို အသုံးပြုနေရပါတယ်။ ဒါကြောင့် မိမိဘက်ထရီ ရာခိုင်နှုန်းကို ကြာရှည်အသုံးပြုချင်ရင်တော့  iPhone 6S နဲ့ iPhone 6S Plus တို့ဆိုရင် Live Photo အသုံးပြုမှုကို လျှော့ချရမှာဖြစ်သလို ၊ အခြား iPhone များဆိုရင်တော့ Live Wallpaper အသုံးပြုမှုများကို လျှော့ချရမှာဖြစ်ပါတယ်။
Ref : mashable
Aung Ko Htet (MMA)
#aungkohtet_mma

No comments:

Post a Comment