Tuesday, September 15, 2015

စမတ်ဖုန်းရဲ့ ဘက်ထရီတွေ ကြာရှည်ခံအောင် ဆောင်သင့်တဲ့အချက်များ


စမတ်ဖုန်းတွေမှာ အသုံးပြုထားကြတဲ့ ဘက်ထရီတွေဟာ သူတို့ရဲ့ ကာလ သက်တမ်းအပြည့် ကြာရှည်မခံနိုင်ကြဘူးလို့ ထင်မှတ်စရာတွေဖြစ်လာကြပါတယ်။ တကယ်လည်း မှန်ပါတယ်။ စမတ်ဖုန်းမှာ ပါဝင်တဲ့ ဘက်ထရီတွေဟာ အသုံးပြုသူတွေကို လုံလောက်တဲ့ စွမ်းဆောင်ရည်ကို အပြည့်အဝ မပေးနိုင်ကြတော့ပါဘူး။ ဒါဟာ စမတ်ဖုန်းအသုံးပြုသူတို့ရဲ့ ဂရုစိုက်မှု နည်းပါးခြင်းကြောင့်ဖြစ်ပါတယ်။ များသောအားဖြင့် ကျွန်တော်တို့ဟာ စမတ်ဖုန်း ဘက်ထရီကို အားသွင်းတဲ့အခါ အားပြည့်သွားပေမဲ့လည်း အားသွင်းကြိုးကို မဖြုတ်မိပဲ ဆက်လက်အားသွင်းထားမိကြပါတယ်။ ညအချိန်မှာ အားသွင်းထားရင် အဖြစ်များပါတယ်။ ဘက်ထရီ အကြောင်းလေ့လာတဲ့ တက္ကသိုလ်တစ်ခုရဲ့ လေ့လာမှုအရ  ဒါဟာ တကယ့်ကို မှားယွင်းတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။
battery
ဘက်ထရီအား ၁၀၀ ရာခိုင်နှုန်းပြည့်သွားပေမဲ့ ဆက်လက်အားသွင်းထားခြင်းက ဘက်ထရီရဲ့ ခံနိုင်ရည်အားကို ယုတ်လျော့စေပါတယ်။ ဒါကြောင့် ဘက်ထရီအားသွင်းရင်းဖြင့် အားပြည့်သွားတဲ့အခါမှာတော့ အားသွင်းကြိုးကို ဖြုတ်သင့်ပါတယ်။ ဘက်ထရီသက်တမ်းကို ၁၀ ရာခိုင်နှုန်းအောက် မလျှော့ပါစေနဲ့။ ဒါကလည်း မိမိဖုန်းရဲ့ ဘက်ထရီကြာရှည်ခံနိုင်ဖို့အတွက်  သတိထားသင့်တဲ့အချက်တစ်ချက်ပါ။ မိမိရဲ့ ဘက်ထရီရာခိုင်နှုန်းဟာ ၁၀ ရာခိုင်နှုန်းအောက်ရောက်သွားတဲ့အခါ နေရာမရွေး အားသွင်းနိုင်အောင် ပြုလုပ် ဆောင်ရွက်ပါ။
မိမိဖုန်းကို အရမ်းမပူပါစေနဲ့။ ဘက်ထရီအားသွင်းခါနီးအချိန်မှာ မိမိရဲ့ ဖုန်းဟာ ပူနေတယ်ဆိုရင် ဖုန်းကို ချက်ချင်း အားမသွင်းသေးပဲ အပူသက်သာအောင် ခဏထားလိုက်ပါ။ ပြီမှ အားသွင်းပါ။ အဲ့လိုမှမဟုတ်ရင်တော့ ဘက်ထရီဟာ ပေါက်ကွဲတဲ့အခြေ အနေထိဖြစ်သွားပါလိမ့်မယ်။ အကယ်၍ မိမိဟာ နေပူထဲတွေသွားရလွန်းလို့ ဖုန်းက ပူတယ်ဆိုရင်တော့ ကာဗာတပ်ပြီး သုံးစွဲသင့်ပါတယ်။
Ref : techinsider
Aung Ko Htet (MMA)
#aungkohtet_mma

No comments:

Post a Comment