Sunday, September 27, 2015

Mobile Network System တွေ အကြောင်း တစေ့တစောင်း



Iric Hong55 mins · EditedTD အလုံးဆိုတာ ဘာလဲ? WCDMA ဆိုတာရော ဘာကြီးလဲ? WCDMAရရင် CDMA ရော ထည့်သုံးလို့ရတယ်မလား ...အတူတူပဲဆို?? မတူဘူး ...ဟုတ်လား? ဒါဆို ဘယ်ဖုန်း ဝယ်သုံးရမလဲ??
အဲ့လို ကိုယ်သုံးမယ့် sim card network နဲ့ ရွေးချယ်သုံးစွဲရမယ့် ဖုန်းတွေ အတွက် မေးခွန်းသိပ်များနေပြီဆိုရင် အောက်က ခေါင်းစဉ်တစ်ခုလုံးကိုသာမက စာကိုယ်တစ်ခုလုံးကို အချိန်ပေးဖတ်ကြည့်ကြည့်ပါလား ...

Mobile Network System တွေ အကြောင်း တစေ့တစောင်း
=========================================
ဇာတ်လမ်းက mobile network တွေ အများကြီး မြန်မာနိုင်ငံမှာ ခြေရှုပ်တာက စတာပဲ။
ဟန်းဆက်ပေါင်းစုံကို network အစုံသုတ်ပြီး ကိုင်ခဲ့ရတာဆိုတော့ မျက်စိလည် တိုင်ပတ်ခဲ့ရတာ ခုထိပဲ။
အဲ့တော့ သိသလောက် ဖတ်မိသလောက် အကြမ်းဖျင်း ခွဲခြားမိသလောက်လေးပေါ့။
mobile network သမိုင်းကြောင်းကို ပြန်လှန်ရရင်  cellur system ရဲ့  first generation ကို 1979မှာ ဂျပန် company ဖြစ်တဲ့ NTT (Nippon Telegraph and Telephone) က စတင် မိတ်ဆက်ပေးခဲ့တယ်လို့ သိရပါတယ်။
နောက်ပိုင်း သူ့ နောက်ကနေ ဒိန်းမတ်တို့ ဖင်လန်တို့ အမေရိကန်တို့  စတဲ့ အခြားသော နိုင်ငံတွေကလည်း အသီးသီး မိတ်ဆက်ခဲ့ကြတယ်။
1G
---
1G network က Analog ဖြစ်တဲ့အပြင် voice only ပါ။ (NMT, C-Nets, AMPS နဲ့ TACS တို့ ကို 1G network အမျိုးအစားတွေလို့ သတ်မှတ်တယ် ပြောတာပဲ)
2G
---
2G ကနေ စပြီး Digital ဖြစ်သွားပါတယ်။
1G တုန်းကတော့ သူထွင် ကိုယ်ထွင်နဲ့ ။ 2G မှာလည်း မျိုးပေါင်း သောင်းခြောက်ထောင် ...အဲ့ထဲမှာမှ ခေတ်ပြိုင် network technology တွေကြားထဲမှာ ပိုမိုတောက်ပြောင် ထင်ပေါ်ခဲ့တဲ့ system ၂မျိုးက GSM(Global System for Mobile Communications)  နဲ့ CDMA(Code division multiple access) ပေါ့။
GSM ဖြစ်လာရတဲ့ အကြောင်းအရင်းကလည်း ဒီလို network system တွေများပြီး ဖုန်းတွေကလည်း network အလိုက် မျိုးစုံကိုင်နေရသလို နိုင်ငံတစ်ခုနဲ့ တစ်ခုကြား ဆက်သွယ်ဖို့ ကလည်း စနစ်မတူကြရင် ကြာရင် အခက်အခဲဖြစ်တော့မှာစိုးလို့  နိုင်ငံတွေ ဝိုင်းတိုင်ပင်ပြီး GSM ကိုထွင်လိုက်တာ။ ဒါကြောင့်လည်း ခုနောက်ပိုင်း နိုင်ငံအားလုံးနီးပါးက GSM သုံးနေကြပြီဖြစ်သလို ကိုယ့်ဖုန်းကသာ GSM support လုပ်ပါစေ ဘယ်နိုင်ငံသွားသွား သယ်သွားလို့ ရပြီး တခြားနိုင်ငံက ဆင်းကဒ်ကို ထည့်သွင်း အသုံးပြုနိုင်ကြပါပြီ။
2.5G
------
2G မှာမှ Data communication ပါရဖို့ နည်းနည်း ထပ်မြှင့်လိုက်တော့ 2Gနဲ့ 3G ကြား 2.5G အနေနဲ့  GSM ကနေ GPRS/EDGE ... CDMAone ကနေ CDMA2000 ... ပြောရရင် အင်တာနက် သုံးရပြီပေါ့။
3G
---
3G အဖြစ်ကိုရောက်အောင် GSM (Global System for Mobile Communications ကနေ WCDMA (Wideband Code Division Multiplexing Access)/UMTS(Universal Mobile Telecommunications System) ကို မြှင့်တင်ခဲ့သလို  CDMA(Code division multiple access) ဘက်ကလည်း EVDO(Evolution-Data Optimized) ထိ မြှင့်တင်ခဲ့တယ်။
4G
---
အတူတူ ယှဉ်ပြိုင်တောက်ပခဲ့တဲ့ GSM နဲ့  CDMA က 2G ကနေ 3G အထိ တက်လှမ်းနိုင်ခဲ့ပေမယ့် 4G မှာတော့ GSM က သာသွားပါတယ်။
CDMA အနေနဲ့ 3G မှာ ငုတ်တုတ်ဖြစ်နေတဲ့အချိန် GSM ကတော့ 4G LTE(Long-Term Evolution)အထိ မြှင့်တင်နိုင်ခဲ့ပြီး ဆက်လည်း develope လုပ်နေဆဲပါ။
TDSCDMA(Time Division Synchronous Code Division Multiple Access)
-------------------------------------------------------------------------------
တရုတ်နိုင်ငံရဲ့ ကိုယ်ပိုင် 3G network အဖြစ် ဒီ TDSCDMA(Time Division Synchronous Code Division Multiple Access) ကို ၂၀၀၆ခုနှစ်လောက်က စတင်ကြေငြာခဲ့ပါတယ်။
ဒီ network ကို မွေးထုတ်ခဲ့ရတဲ့ အကြောင်းအရင်းက အမေရိကန်တွေရဲ့ CDMA စနစ်ကို သုံးရင် နည်းပညာကြေး ပေးနေရမှာစိုးလို့ လို့ ဖတ်ဖူးတယ်။
ပုံမှန်အားဖြင့် ဒီ TDSCDMA သုံးလို့ ရတဲ့ ဖုန်းတွေမှာ GSM ကိုပဲ support လုပ်ပါတယ်။(ဥပမာ။ ။ Huawei က T series တွေဆိုရင် 3G ဖြစ်တဲ့ Ooredoo ကဒ်တွေ ထည့်သုံးလို့ မရသလို MPT internet သုံးရင်လည်း 2G ပဲ တက်ပါတယ်။)
ဒီမြန်မာပြည်မှာသုံးနေတဲ့ MCWiLL ဆိုတာ TDSCDMA ပေါ့
WCDMA နဲ့ GSM(ခြားနားချက်)
--------------------------------
GSM က 2G ဖြစ်ပြီး သူကနေ upgrade လုပ်လိုက်တော့ WCDMA(3G) ဖြစ်သွားတာပါ။
ပြောရရင် GSM နဲ့ WCDMA က အမျိုးစစ်စစ်တွေပါ။
 CDMA နဲ့ WCDMA(ခြားနားချက်)
----------------------------------
WCDMA မှာ CDMA ပါလို့  CDMA လို့ ထင်နေတတ်ကြပါတယ်။
အမှန်က WCDMA ဆိုတာ GSM ကို အဆင့်မြှင့်တင်ထားတာသာ ဖြစ်ပြီး CDMA နဲ့ ဘာမှကို မဆိုင်ပါ ခင်ဗျာ။

အချုပ်အားဖြင့် CDMA, GSM နဲ့ TDSCDMA ဆိုတာ သီးခြားရပ်တည်နေကြတဲ့ network system တွေ ဖြစ်ကြပြီး WCDMA ကတော့ GSM အမျိုးအနွယ်ဝင်ပါလို့ ပြောချင်ပါတယ်။


Credit http://xiaomimyanmar.blogspot.com


အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)

No comments:

Post a Comment