
ကမာရွတ်လှည်းတန်းစင်တာတွင် Samsung Galaxy Note 5 စတင်ရောင်းချခြင်း အခမ်းအနား/ဓာတ်ပုံ - Samsung Mobile Myanmar
‘‘နောက်ထွက်လာမယ့် စမတ် ဖုန်းမော်ဒယ်အားလုံးကို လုပ်ပေး မှာ မဟုတ်ပေမယ့် လူစိတ်ဝင်စား မှုရှိတဲ့ စမတ်ဖုန်းအသစ်တွေမှာ အခုအစီအစဉ်ကို ပြုလုပ်ပေးသွား မှာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း စမတ်ဖုန်းတစ်ခုခုကို သုံးနေတယ်၊ အသစ်ဝယ်ဖို့လည်း အများကြီးမ တတ်နိုင်ဘူးဆိုတဲ့လူတွေအတွက် အလိုက်ပေးပြီး လဲလှယ်နိုင်ဖို့ ဖြစ် ပါတယ်’’ဟု ဆမ်ဆောင်းမြန်မာရုံးခွဲမှ တာဝန်ရှိသူဦးဇာနည်ဝင်းထက်က ပြောသည်။
ဆမ်ဆောင်းအနေဖြင့် စမတ်ဖုန်းအဟောင်းများနှင့် အလိုက် ပေးကာ လဲလှယ်ပေးသည့်အစီအ စဉ်ကို သြဂုတ် ၂၃ ရက်က ပြုလုပ်သည့် Galaxy Note 5 ကို ပြည်တွင်း၌ ပထမဆုံးရောင်းချပေးသည့်ပွဲတွင် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လူစိတ်ဝင်စားမှုရှိခဲ့သည့်အတွက် အခြားသော စမတ်ဖုန်းအသစ်များတွင်လည်း ဆက်လက်ပြုလုပ်ရန် စီစဉ်သွားမည် ဖြစ်ကြောင်းသိရသည်။
‘‘အခုလို လဲလှယ်ပေးမယ့် အစီအစဉ်ကို ဆမ်ဆောင်းဖုန်း မော်ဒယ်အနိမ့်များနဲ့ လဲလှယ်နိုင်သလို တခြားဟန်းဆက်အမျိုးအစားတွေ နဲ့လည်း လဲလှယ်နိုင်ပါတယ်။ ဟန်းဆက်အမျိုးအစားပေါ်မူတည်ပြီး တန်ဖိုးကို အလိုက်ပေးဝယ်ယူရ မယ့် ငွေပမာဏကတော့ ကွာခြား မှုရှိနိုင်ပါတယ်’’ဟု ဦးဇာနည်ဝင်း ထက်က ပြောသည်။
ဆမ်ဆောင်းအနေဖြင့် အ ထက်ပါအစီအစဉ်ကို Orbit MobileShop နှင့် ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး အသုံးပြုသူများ၏ အလိုက်ပေး လဲလှယ်လိုသည့် ဟန်းဆက်များကို တန်ဖိုးတစ်ခု ဖြတ်ပေးကာ လိုအပ်သည့် ငွေပ မာဏကို အလိုက်ပေး၍ ၀ယ်ယူရခြင်း ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment