Monday, September 14, 2015

တစ်နေ့သူပြန်လာမည် (He will come back for us)



တစ်နေ့သူပြန်လာမည် (He will come back for us)
==========================
ချမ်းငြိမ်း-မှော်ဝန်း
ဟုတ်တယ်-သူဟာ ကျနော်တို့ နှလုံးသားတစ်နေရာမှာ ထာဝရရှိနေမယ့် ချမ်ငြိမ်း-မှော်ဝန်း
ကျနော်တို့တွေအတွက် ငွေကြေးကို ပဓါနမထား အပင်ပန်းခံပြီး ဇာတ်ကားကောင်းလေး
တွေကို စာတန်းထိုးနဲ့ တင်ဆက်ပေးနေတဲ့ ချမ်းငြိမ်း-မှော်ဝန်း.
သူအမြဲတမ်း ပြောတဲ့ စကားခွန်းက အစ်ကို့အတွက် ချမ်းငြိမ်း-မှော်ဝန်း ဆိုတဲ့
နာမည်တစ်ခုကလွဲပြီး ဘာကိုမှ မပိုင်ဆိုင်ဘူး ဆိုတဲ့ စကားကို အမြဲတမ်း ပြော
တတ်သူ ၊ ညီငယ် ညီမငယ်တွေကို လက်တွဲခေါ်တတ်သူ ၊ ဘယ်အရာမဆို
အခြေခံကနေ ရှင်းပြပေးတတ်သူ ၊ ဘယ်လောက် ပင်ပန်း ပင်ပန်း
အားပေးသူဆီက ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကားတစ်ခွန်းနဲ့
ကျေနပ်နေတတ်သူ ၊ စသည်ဖြင့် ပြောမယ်ဆိုရင် သူ့အကြောင်း ........ အများကြီးပါဘဲ
သူ ဘယ်များပျောက်နေတာလဲ.?
ဘယ်ဆီဘယ်ဝယ်မှာများ ကျနော်တို့တွေအတွက် ဇာတ်ကားကောင်းတွေကိုလိုက်ရှာနေတာလဲ.?
တစ်နေ့နေ့မှာများ သူချစ်တဲ့ချစ်ရိတ်သတ်တွေအတွက် ဇာတ်ကားကောင်းတွေကို စာတန်းထိုးနဲ့
ပြန်ပြီးတင်ဆက် ပြသဖျော်ဖြေဖို့ ပြန်လာဦးမှာလား.?
ရှည်လျား ထွေပြား မနေမနား တစ်သွားတည်း သွားကြတာ ဘ၀သံသရာ ဆိုတဲ့ ဆရာကြီး ဦးသုခ ရဲ့ သီချင်းလေးအတိုင်း
သူဟာ သံသရာခရီးသည် တစ်ယောက်အနေဖြင့် ကျနော်တို့နဲ့ဝေးရာ ဟိုအဝေးကြီးကို တကယ်ပဲသူခရီးဆက်နေပြီလား.?
စာရေးဆရာမင်းဆွဲ ရေးတဲ့ ဂန္ဓ၀င်မြောက် (ဓါး) စာအုပ်ထဲကအတိုင်း
ကျနော်တို့ရဲ့ရင်ထဲမှာ ချမ်းငြိမ်း-မှော်ဝန်းဆိုပြီး မှော်ဆန်တဲ့ နာမည်လေးကို
ထာဝရပဲ ထားရစ်ခဲ့တော့မှာလား.?
လေးစားအားကျရပါသော အစ်ကိုခင်ဗျား
နည်းပညာလောကထဲက မထင်မရှား ကျနော် (ဇူးနစ်-နည်းပညာ) ကို
လက်ဆွဲခေါ်ဆောင်ခဲ့ပြီး နည်းပညာလမ်းမပေါ်မှာ ရပ်တည်နိုင်အောင်
မြေတောင်မြောက်ပေးခဲ့တဲ့ ကိုချမ်းငြိမ်းဇော် (ခ) ကိုချမ်းကို သတိရ ကျေးဇူး
တင်စွာဖြင့် အစ်ကိုကြီးတစ်ယောက်လို ချစ်ခင်လေးစားတဲ့ စိတထနဲ့ရေးသားလိုက်ခြင်းဖြစ်ပါတယ်
Movie ကောင်းတွေမရှာတတ်ဖူး ၊ HD Movie အဖြစ်လည်းစာတန်းမထိုးတတ်ဘူး
ချမ်းငြိမ်း-မှော်ဝန်း နဲ့ ဇာတ်ကားကောင်းတွေလည်း အခုအချိန်မှာ ခဏတာ ပျောက်ဆုံးနေတာမို့
မရှိမှ တန်ဖိုးသိတယ် ဆိုသလို အခုအချိန်မှာ အရမ်းကို တမ်းတနေမိတယ်
ကျနော်တို့ရှိရာ
#ချမ်းငြိမ်း-မှော်ဝန်း
https://www.facebook.com/movie.channyein.org
http://movie.channyein.org/
ဆီသို့အစ်ကိုတစ်ယောက် ဘယ်သောအချိန်မဆို သတိရနေမှာပဲဆိုတာကို
ကျနော့်ရင်ထဲ အလိုလိုသိနေတယ်အစ်ကို
ကျနော်လည်း နည်းပညာလောကသား တစ်ယောက်မို့
ကိုယ်ချစ်တဲ့ နည်းပညာလောကကို ခနလေးထားပြီး ခရီးဆက်ပြီးဆို
နည်းပညာ Web & Page လေးကို အသက်နဲ့ထပ်တူချစ်ရပါသော ချစ်သူနဲအတူ
အချိန်တိုင်း သတိရတမ်းတမိတာအမှန်ပါအစ်ကို.
အခုဆို 2014 ကုန်လို့ 2015 ရောက်ပြီး 2016 တောင်လက်ယမ်းခေါ်နေပြီအစ်ကို
IMDB မှာ အစ်ကိုအတွက် Rating ကောင်းပြီး HD Movie အကြည်တွေလည်းစောင့်မျှော်နေလောက်ကြပါပြီအစ်ကို
တိတ်ဆိတ်တဲ့ ညညဆို စိတ်အပန်းဖြေသူအတွက်ပဲဖြစ်ဖြစ်-
Movie ချစ်သူတွေပဲဖြစ်ဖြစ် -ချမ်းငြိမ်း-မှော်ဝန်း
ဆိုတဲ့ Admin Right လေးနဲ့ဇာတ်ကားကောင်းလေးတွေကို
တ၀ကြီးကြည့်ချင်လှပါပြီအစ်ကို
ကျနော့်နည်းတူ Movie ချစ်ပရိတ်တတ်များရဲ့ ရင်ထဲ ထိန်းမရတော့လို့
အစ်ကိုကို သတိရတိုင်း ပြောနေကြတဲ့ စကားသံတွေကြားနေရတယ်အစ်ကို
ချစ်ငြိမ်း-မှော်ဝန်း.ဘယ်ရောက်နေတယ်မသိဘူးနော်.
ဇာတ်ကားကောင်းတွေလည်းမကြည့်ရတော့ဖူး.
ဘယ်နားသွားကြည့်ရတော့မယ်မသိတော့ဖူး…….
အစ်ကိုကကျနော်တို့ကိုစေတနာထားပြီး နာမည်ဆန်းလေးထားရစ်ခဲ့သလို
ဘယ်ဆီပဲရောက်ရောက် Movie ကြည့်နိုင်တဲ့ မျက်လုံးတစ်စုံပိုင်ဆိုင်ထားသ၍တော့
 ကျနော်တို့ရင်ထဲလည်း  ချစ်ငြိမ်း-မှော်ဝန်းဆိုတာကို
အမြဲတမ်းသတိရနေမှာဖြစ်သလို အစ်ကိုမရှိပေမယ့် Prison Break ဇာတ်ကားထဲက
MICHAEL SCOFIELD  မဟုတ်ပေမယ့် အစ်ကိုရဲ့ ညီ ကိုအေးချမ်း
ညီငယ်တစ်ယောက်လို ဖြစ်နေတဲ့  #‎Admin@ယမကာလုလင်
အပါအ၀င် တခြားသော အက်ဒမင်များရှိနေတာကြောင့်
အစ်ကိုချစ်တဲ့ပရိတ်သတ်များနဲ့
#ချမ်းငြိမ်း-မှော်ဝန်း
https://www.facebook.com/movie.channyein.org
http://movie.channyein.org/
အမြဲတမ်းရှင်သန်နေဆဲပါအစ်ကို
ပြန်လာခဲ့ပါလို့မပြောလိုပါဘူးအစ်ကို
ဝေးရာကိုထွက်သွားလို့လည်း အပြစ်မမြင်ပါဖူးအစ်ကို
ဒါပေမယ့် ကျနော်တို့ရင်ထဲ အစ်ကိုထားခဲ့တဲ့
မှော်ဆန်တဲ့ ချမ်းငြိမ်း-မှော်ဝန်း-ကြီးတစ်ယောက်
တစ်နေ့သူပြန်လာမည် (He will come back for us)
တစ်နေ့တော့ ပြန်လာခဲ့ဦးမှာပဲဆိုတာကို
ယုံကြည်မှုနဲ့အတူ သင်းကွဲငှက်တို့ ခရီးနှင်ကြဆဲပါအစ်ကိုရယ်.
ကျနော်နဲ့အတူ Movie ချစ်ပရိတ်များလည်း
#ချမ်းငြိမ်း-မှော်ဝန်း
https://www.facebook.com/movie.channyein.org
http://movie.channyein.org/
ဆိုတဲ့ အစ်ကိုဖန်ဆင်းခဲ့တဲ့ Movie Garden မှာ
သတိရ တမ်းခြင်းနဲ့အတူ အားလုံးစောင့်မျှော်လျှက်ပါအစ်ကို.
ရောက်ရာအရပ်မှာ ပျော်ရွှင်နိုင်ပြီး ထာဝရအေးချမ်းနိုင်ပါစေအစ်ကို
ဇူးနစ် (နည်းးပညာ)
www.zunite.org
 
 
 
 
 ကျွန်တော်လည်း ကို ချမ်းငြိမ်း ပရိတ်သက်တစ်ရောက်ပါ။

အကို ချမ်းငြိမ်း တစ်ယောက် ပျော်ရွှင်ပါစေ...
 
 
 
 
 
 
ၵၵၵၵၵၵၵၵၵၵၵၵၵၵၵၵၵၵၵၵၵၵ
 
 
 

No comments:

Post a Comment