Wednesday, September 30, 2015

ဆယ်ဖီချစ်သူများအတွက် အမိုက်စား ဆယ်ဖီ Gadgets (၈)ခု





ဒီခေတ်ကြီးမှာ တစ်ယောက်ထဲ ဖြစ်ဖြစ် အဖွဲ့ လိုက်ဖြစ်ဖြစ် ဖုန်းနဲ့ ဓာတ်ပုံရိုက်တဲ့ အခါ သူများကို ရိုက်ခိုင်းတာထက် ကိုယ်တိုင်ကိုင်ပြီး ရိုက်ရတာလည်း ဖီလင်တစ်ခု ဖြစ်ပါတယ်။
အခုဖော်ပြမဲ့ အမိုက်စားဆယ်ဖီ Gadgets များဟာ ဆယ်ဖီချစ်သူများအတွက် အကြိုက်တွေ့ စေမဲ့ ပစ္စည်းလေးတွေဖြစ်ပါတယ်။

(၁ ) Selfie ဦးထုတ်
လန်ဒန်မြို့ မှာပြုလုပ်ခဲ့တဲ့ Fashion Week 2014 မှာ ပြသခဲ့တဲ့ Selfie ဦးထုတ်ပါ။ ဆယ်ဖီချစ်တဲ့ ပျိုပျိုမေတို့ အတွက် အလန်းစား ဆယ်ဖီဖက်ရှင်ဖြစ်ပါလိမ့်မယ်။ သူက ဦးထုတ်မှာ တွဲပြီး Selfie ရိုက်ဖို့ အတွက်သီးသန့် လုပ်ထားပါပါတယ်။
(၂) Selfie Toaster 
အိမ် မှာ   ပေါင်မုန့် မီးကင်စားရင်း ထူးထူးခြားခြား ဖြစ်စေမဲ့ ဆယ်ဖီပေါင်မုန့် မီးကင်စက်ပါ။ 
US က ကုမ္ပဏီတစ်ခုက ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။ ဒီစက်ကို ၇၅ ဒေါ်လာနဲ့ ရောင်းချပါတယ်။
ဒါပေမဲ့ ဒီစက်မှာ ပုံပေါ်ဖို့ မိမိပုံကို ကုမ္ပဏီကို ပို့ ပေးရမှာ ဖြစ်ပြီး တစ်ပတ်တစ်ခါ လိုချင်တဲ့ ပုံကို ပြောင်းလဲနိုင်ပါတယ်တဲ့။
(၃) Baby Selfie App 
ကလေးငယ်လေးတွေ အတွက် Selfie ရိုက်တဲ့ အခါ ပုံလှလှလေး ထွက်စေဖို ရည်ရွယ်ထားတဲ့ App ဖြစ်ပါတယ်။
ကလေးအဖေတစ်ဦးက ဒီ App ကို တီထွင်ခဲ့တာ ဖြစ်ပြီး ဒီApp က ကလေးငယ်များကို ဖုန်းနဲ့ ဓာတ်ပုံရိုက်တဲ့ အခါ
စိတ်ဝင်စားမှု ဖြစ်အောင် ကာတွန်းဂိမ်းလေး တစ်ခုနဲ့ ဆွဲဆောင်ထားပါတယ်။ မျက်နှာပြင်ပေါ်မှာ ရုပ်ကြွလေး ပေါ်လာမှာ ဖြစ်ပြီးကလေးငယ်လေးက စိတ်ဝင်တစား ကြည့်နေတဲ့အခါ အလိုအလျောက် ဓာတ်ပုံရိုက်ကူးပေးသွားမှာဖြစ်ပါတယ်။
(၄) Belfie Stick 

မိမိ နောက်ပိုင်းကို သီးသန့် ရိုက်ဖို့ အတွက် လုပ်ထားတဲ့ Belfie Stick ပါတဲ့။ မိမိရဲ့ လှပတဲ့ နောက်ပိုင်းကို တကူးတကရိုက်ကူးနိုင်တော့မှာ ဖြစ်ပါတယ်။ ကျောအလှ တင်အလှ ခါးအလှတွေကို သူက ကွင်းကွင်းကွတ်ကွတ် ရိုက်ကူးပေးပါလိမ့်မယ်။
(၅) Selfie Drone
လက်မှာလည်း ပတ်ထားလို့ ရပြီး ပျံသန်းကာ Selfie ရိုက်ကူးနိုင်တဲ့ Selfie Drone ပါတဲ့။
ကမ္ဘာ့ပထမဆုံး ပျံသန်းနိုင် ဝတ်ဆင်လို့ ရနိုင်တဲ့ ကင်မရာ တစ်လုံး အနေနဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။
အိုင်ဒီယာကတော့ မိမိလက်ကနေ ရုတ်တရက် ပျံသန်းကာ လျပ်တစ်ပြတ်ဓာတ်ပုံများ ရိုက်ကူးပေးပါလိမ့်မယ်။
ပြီးရင် မိမိရှိတဲ့နေရာဆီကို တိတိကျကျပြန်လာပါလိမ့်မယ်တဲ့။ ဒီတော့မိမိရဲ့ လျပ်တစ်ပြတ်လှုပ်ရှားမှု ဓာတ်ပုံများကို လက်မလွတ်ရတော့ပါဘူး။
(၆) 3D Printed Mayonnaise Selfie
မိမိပုံကို ဘာဂါပေါ်မှာ မရောနစ် နဲ 3D ပုံဖော်ပေးမဲ့ Selfie ပုံဖော်တဲ့ဟာလေးပါ Hellmann ဆိုတဲ့ အဖွဲလေးက တီထွင်ထားပြီးသူတို ဘာဂါ ရောင်းတဲ့ ထရပ်ကားပေါ်မှာ တပ်ဆင်ထားပြီး ဘာဂါလာဝယ်တဲ့သူတွေကို ပုံရိုက်ပါတယ်။ ပြီးတော့ သူတို့ တပ်ဆင်ထားတဲ့စက်ကလေးနဲ့ လူပုံကို မရောနစ်ရည်နဲ့ ဖော်ပေးပြီး ရောင်းတာဖြစ်ပါတယ်။ 
(၇) Selfie Brush 
Selfie ချစ်သူတို့ အတွက် ဆံပင်ဖီးရင်း ဓာတ်ပုံရိုက်နိုင်မဲ့ ဟာလေးပါ။ သူက ဘီးနောက်မှာ ဖုန်းထည့်တဲ့ နေရာလေးပါပြီးဘီးအနေနဲ့ ရော Selfie Stick အနေနဲ့ ပါ နှစ်မျိုး သုံးနိုင်မှာ ဖြစ်ပါတယ်။ မိမိဖုန်းနဲ့ ကွတ်တိဖြစ်အောင်လည်း ချိန်ထည့်လို့ ရပါတယ်။
(၈) Selfie Mirror
မှန်မှာ မိမိစိတ်တိုင်းကျပြင်ဆင်ပြီး အရှေ့ မှာ သွားရပ်ရုပ်နဲ့ မိမိပုံကို ရိုက်ကူးပေးမှာ ဖြစ်ပါတယ်။ 
မှန်ရဲ့နောက်မှာ ဓာတ်ပုံရိုက်ဖို့ ကရိယာများ ပြင်ဆင်ထားတာ ဖြစ်ပြီး မိမိ ရုပ်ပြုံးပြလိုက်ရုံနဲ အလိုအလျောက် ရိုက်ကူးသွားပါလိမ့်မယ်။

No comments:

Post a Comment