Saturday, September 19, 2015

♪ Facebook က ၃၆၀ ဒီဂရီ ဗီဒီယို App ကို တီထွင်နေ ♫

2

Facebook က Virtual Reality နည်းပညာအသစ်တစ်ခုကို တီထွင်နေပါသည်။ ကုမ္ပဏီက ၃၆၀ ဒီဂရီ ဗီဒီယိုများအတွက် သီးခြား App တစ်ခုကို တီထွင်နေသည်ဟု Wall Street Journal က ပြောပါသည်။ App ကို iOS နှင့် Android နှစ်မျိုးစလုံးအတွက် ထုတ်လုပ်နေပြီး YouTube တွင် ကဲ့သို့ ၃၆၀ ဒီဂရီ ဗီဒီယိုများကို ကြည့်ရှုနိုင်မည် ဖြစ်သည်။ App ကို ဖြန့်ချီမည့် အချိန်ကို မသိရသေးဟု Wall Street Journal ကပြောပါသည်။

Google ၏ Spotlight Stories နှင့် Street View Apps များတွင် အသုံးပြုနိုင်သော Spherical Videos များသည် ၃၆၀ ဒီဂရီ မြင်ကွင်းကို ပံ့ပိုးပေးပါသည်။ အဆိုပါ ဗီဒီယိုများကို စမတ်ဖုန်းတွင် ကြည့်ရှုသည့်အခါတွင် ဗီဒီယိုတွင် ပါရှိသော ရှုခင်း တည်နေရာသို့ ကိုယ်တိုင်ရောက်ရှိသွားသကဲ့သို့ ခံစားရစေပါသည်။ စမတ်ဖုန်းကို နေရာပြောင်းရွှေ့ပြီး ကြည့်လျှင် မတူညီသော ရှုထောင့်ကို ပြသပေး မည် ဖြစ်သည်။

အဆိုပါ ဗီဒီယိုများသည် Virtual Reality အရသာကို အပြည့်အ၀ မပေးစွမ်းနိုင်သော်လည်း VR နည်းပညာနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိသေးသည့် လူအများစုအတွက် သိလွယ် မြင်လွယ်သည့် ခံစားမှုကို ပေးစွမ်းနိုင်မည် ဖြစ်သည်။

Facebook က Spherical Videos များကို ယခင်ကတည်းက စမ်းသပ်နေခြင်းဖြစ်ပါသည်။ ကုမ္ပဏီက ယခုနှစ်အစောပိုင်းတွင် ကျင်းပသော သူ၏ F8 Developer Conference တွင် News Feed အတွက် အဆိုပါ ဗီဒီယိုများကို ပြသခဲ့ပါသည်။ အဆိုပါ ဗီဒီယိုများကို News Feed မှ တိုက်ရိုက် ကြည့်ရှုနိုင်သကဲ့သို့ Facebook ၏ Oculus Rift အပါအ၀င် VR Headsets များနှင့် တွဲဖက် ကြည့်ရှုနိုင်ပါသည်။

No comments:

Post a Comment