Friday, September 11, 2015

မိုဘိုင်းဖုန်း LCD/Touch တို့နှင့်ပတ်သက်ပြီး သိသင့်သည်များ – အပိုင်း (၁/၂) PDF



ဖုန်းတွေမှာအသုံးပြုတဲ့ lcd တွေနဲ့ ပတ်သက်ပြီး လေ့လာကြည့်တဲ့အခါ
အသုံးများတဲ့ lcd တွေကတော့

(1) TFT LCD Thin Film Transistor LCD.

(2) ISPLCD In Place Switching LCD. တစ်ချို့ က In Plane Switching လို့ ဆိုပါတယ်။

(3) OLED Organic Light Emitting Diode LCD.
(4) AMOLED LCD Active-Matrix Organic Light Emitting Diode. LCD.
(5) Retina Display LCD.
(6) Gorilla Glass LCD.

(7) Super LCD.
စသဖြင့် အရည်အသွေးအမျိုးမျိုး တန်ဖိုးအနိမ့်အမြင့် အမျိုးမျိုး ကွဲပြားနေတာတွေ့ ရပါတယ်။

(1) TFT LCD
ဒီအမျိုးအစားကတော့ china ဖုန်း မျိုးစုံနဲ့ တန်ဖိုးနိမ့် ဖုန်းတွေမှာအသုံးပြုကြတဲ့ lcd အမျိုးအစား
ဖြစ်ပါတယ်။ battery အစားသက်သာပြီး တန်ဖိုးအားဖြင့်လဲ အခြား display များထက်
လျှော့နည်းတဲ့အတွက် အသုံးပြုမှုအများဆုံး display အမျိုးအစားဖြစ်ပါတယ်။

(2) ISP LCD
ဒီအမျိုးအစားကိုတော့ တန်ဖိုးအသင့်အတင့်ရှိတဲ့ HUAWEI ,Coolpad, clone ဖုန်းတွေမှာ
အသုံးများပါတယ်။ TFT LCD ထက် Battery ပိုမိုစားသုံးသော်လည်း ရုပ်ပုံအထွက်ပိုင်း
ပိုမိုကောင်းမွန်တာတွေ့ ရပါတယ်။

(3) OLED LCD
ဒီအမျိုးအစားကိုတော့ တန်ဖိုးမြင့်မားတဲ့ smart phone တွေမှာ ပဲသုံးကြပါတယ်။
အများဆုံးတွေ့ ရတာကတော့ SAMSUNG S Series ,Note Series, တွေမှာ ဖြစ်ပါတယ်။
High voltage အသုံးပြုထားခြင်းမရှိတဲ့အတွက် back light အုပ်စုပိုင်းမပါရှိပါဘူး။

(4) AMOLED LCD
ဒီအမျိုးအစားကတော့ သာမန် OLED ထက်ပိုမိုကောင်းမွန်တဲ့lcd အမျိုးအစားဖြစ်ပါတယ်။
Samsung တွေမှာ S 5, Note 3 တို့ မှ အသုံးပြုကြပါတယ်။သူ့ ရဲ့ up-date version
အနေနဲ့  Super AMOLED LCD တွေကို Nokia N8 မှာ အသုံးပြုထားတာ တွေ့ ရပါတယ်။

(5) Retina LCD
ဒီအမျိုးအစားကိုတော့ Apple ရဲ့ ထုတ်ကုန်တွေမှာ အဓိကအသုံးပြုကြပါတယ်။
back light အပိုင်းပါဝင်ပါတယ်။ရုပ်ပုံ အထူးကောင်းမွန်အောင် ပြုလုပ်ထားတဲ့ display ဖြစ်တယ်လို
apple က ဆိုပါတယ်။

(6) Gorilla Glass LCD
ဒီအမျိုးအစားကိုတော့ နာမည်ကြီး smart phone တွေဖြစ်တဲ့ Motorola, Nokia, Samsung
အစရှိတဲ့ ဖုန်းတွေမှာ lcd ကို အပွန်းအရှ ခြစ်ရာတွေ မထင်အောင်၊ ကြံ့ခိုင်မှုကောင်းအောင်
Special Alkali- aluminosilicate glass ကို display ပြားရဲ့ အပေါ်မှာ ဖုံး အုပ်ပေးထားပါတယ်။

(7) Super LCD
ဒီအမျိုးအစားကိုတော့ htc ဖုန်းတွေမှာအများဆုံးအသုံးပြုကြပါတယ်
ပတ်လမ်းတည်ဆောက်ပုံအရ display ပိုင်းတွေကို DSI
 ( Display-Serial –Interface ) လို့ ခေါ်ကြပါတယ်။

မိုဘိုင်းဖုန်း LCD/Touch တို့နှင့်ပတ်သက်ပြီး သိသင့်သည်များ – အပိုင်း (၁/၂)
အားလုံးကို PDF လေးလုပ်ပေးထားပါတယ်ခင်ဗျား
အောက်မှာဒေါင်းလော့ရယူနိုင်ပါတယ်။


မူရင်းတင်ပေးသူ
ကိုထိုက် (နည်းပညာ)
https://www.facebook.com/ကိုထိုက်-နည်းပညာ

အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)

No comments:

Post a Comment