Wednesday, September 23, 2015

Instagram နဲ့ လက်တွေ့ အပြင်ဘဝ




instagram1

Instagram နဲ့ လက်တွေ့ အပြင်ဘဝကို တွဲဆက်ပြတဲ့ ဓာတ်ပုံများကို တရုတ်ပြည် ဟောင်ကောင် အခြေဆိုက လူငယ် အချို့က ဓာတ်ပုံများ ရိုက်လို့ ဖန်တီးပြသခဲ့ ပါတယ်။ ယင်းဖန်တီးမှုများကို အွန်လိုင်းပေါ် တင်တဲ့အခါ နှစ်သက်သူ များပြား ခဲ့ပါတယ်။
ဓာတ်ပုံများကို ကြည့်မယ်ဆိုရင် ထူးခြားချက်များကို တွေ့ရပါလိမ့်မယ်။ ယင်း ထူးခြားချက်များက ဘာလည်းဆို တကယ်တန်း လက်တွေ့ဘဝမှာ အလင်းရောင် နည်းနေမှုနဲ့ ဓာတ်ပုံထဲမှာ လင်းနေမှု၊ တကယ့် လက်တွေ့အပြင်ဘဝမှာ သာယာပေမယ့် ဓာတ်ပုံထဲက သာယာမှုက ပိုလို့ ပိုသာနေတဲ့ ပုံစံမျိုးတွေပါ။ ဓာတ်ပုံထဲကလောက် မဟုတ်ပဲ အပြင်မှာ သာမန်လို ဖြစ်နေတာတွေ၊ ညစ်နွမ်းနေတာ တွေ၊ ဖန်တီးထားမှုတွေကို မြင်တွေ့ ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ Seeing is believing လို့ ဆိုရင်တောင်မှ ဓာတ်ပုံ၊ ဗီဒီယိုထဲမှာ မြင်တွေ့ရတဲ့ အမြင်ဟာ တကယ့်အပြင်မှာ မြင်တွေ့ရသလောက် သေချာ တူညီမှု မရှိဘူး ဆိုတာကို ပြသနေ ပါတယ်။
လူပုံကိုချည်း ရိုက်တာတောင်မှ အောက်ကနေ ပင့်ရိုက်ရင် မှေးရိုးကြောင့် ရုပ်ဆိုးပေမယ့် အပေါ်ကနေ ရိုက်တော့ မျက်လုံးကအစ စွဲဆောင်မှု ရှိတာမျိုးကို မြင်တွေ့ ရပါလိမ့်မယ်။ ဒါကြောင့်မို့ ဆိုရှယ်မီဒီယာက အလှအပ ဓာတ်ပုံများထက် အပြင် လက်တွေ့ ဘဝက ပုံရိပ်များကို ချစ်မြတ်နိုး တန်ဖိုးထားတတ်ဖို့ကို ယခု ဓာတ်ပုံများက သက်သေပြ သွားပါတယ်။
.
Ref: cctvnews
အောင်ခမ်း (MMA)

No comments:

Post a Comment