Tuesday, January 22, 2019

Windows 10 မှာ Network reset ဘယ်လိုလုပ်မလဲ



Windows 10 သုံးစွဲသူတွေအနေနဲ့ Network ချိတ်ဆက်တဲ့အခါ တစ်ခါတလေ ပြဿနာပေါင်းစုံနဲ့

ကြုံနေရပြီး အခက်အခဲတွေ ဖြစ်နေတယ်ဆိုရင် Network reset ပြုလုပ်ပြီး ပြင်ဆင်နိုင်ပါတယ်။

Windows 10 ဟာ Anniversary update နောက်ပိုင်းမှာ Network reset

 ပြုလုပ်ဖို့အတွက် feature ကိုထည့်သွင်းပေးလာပါတယ်။

Network reset ပြုလုပ်မယ်ဆိုရင် Start menu ကို နှိပ်ပါ။

 ပြီးရင် Settings ဆိုတာကို ရွေးချယ်နိုင်သလို Notification center ကနေလည်း

All settings ဆိုတာကို ရွေးချယ်နိုင်ပါတယ်။
 
Settings ထဲကို ရောက်ပြီဆိုရင် Network & Internet ဆိုတာကို ရွေးချယ်ပါ။


Network & Internet အောက်ကမှ Status ဆိုတာကို ရွေးပြီး အောက်ခြေဘက်မှာ

 Network reset ဆိုတာကို တွေ့ရပါမယ်။



Network reset ဆိုတာကို နှိပ်ပါ။ ပြီးရင် Reset now ဆိုတာကို နှိပ်ရပါမယ်။




Network reset တကယ်လုပ်မှာလား၊ မလုပ်ဖူးလားဆိုတဲ့ confirm box တက်လာရင်

Yes ကို နှိပ်ပြီး reset ပြုလုပ်နိုင်ပါပြီ။

-သီဟ
#kolinn



No comments:

Post a Comment