Wednesday, January 23, 2019

Windows 10 Start menu အလုပ်မလုပ်တဲ့ ပြဿနာကိုဖြေရှင်းနည်း


Windows 10 ရဲ့ Start menu button ဟာ အလုပ်မလုပ်တော့ဘဲ Critical Error boxြ

ပနေတယ်ဆို ရင် ဖော်ပြပါနည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။

Start menu button အလုပ်မလုပ်ဘူးဆိုရင် ပထမဆုံး Ctrl + Alt + Del ကို 

 နှိပ်ပြီး Task Manager ကို နှိပ်ပါ။ ဒါမှမဟုတ် Taskbar ကို right-click နှိပ်ပြီး 

Task Manager ကိုရွေးချယ်နိုင်ပါတယ်။ Task Manager ကိုရောက်ပြီဆိုရင်

 File > Run new task ဆိုတာကို နှိပ်ရပါမယ်။




Create New Task ဆိုတဲ့ box တက်လာရင် msconfig ဆိုတဲ့ command ကို ရိုက်ထည့်ပြီး Ok ကိုနှိပ်ပါ။




System Configuration box တက်လာရင် Boot ဆိုတဲ့ tab ကိုရွေးပါ။

 ပြီးရင် Safe boot ဆိုတဲ့နေရာမှာ အမှန်ခြစ်ထည့်ပြီး Ok ကို နှိပ်ကာ restart လုပ်ရမှာဖြစ်ပါတယ်။



Restart ကျသွားပြီးရင် Windows ဟာ safe mode နဲ့ ပြန်တက်လာမှာဖြစ်ပါတယ်။ 

 Windows system ထဲကိုရောက်ပြီဆိုရင် အပေါ်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်းတွေအတိုင်း

msconfig နဲ့ System Configuration box ကို ခေါ်ပါ။ ပြီးရင် boot tab ကိုရွေးပြီး

safe boot မှာအမှန်ခြစ်ပြန်ဖြုတ်ပါ။ Apply button ကို နှိပ်ပြီး Ok ကို နှိပ်ကာ

 restart တစ်ခါ ပြန်လုပ်ရပါမယ်။

Windows ပြန်တက်လာတဲ့အခါမှာ Start menu button ဟာ ပြန်လည် 
အလုပ်လုပ်ဆောင်နိုင်တာကိုတွေ့ရမှာ ဖြစ်ပါတယ်။

CRD=

#kolinn




 

No comments:

Post a Comment