Saturday, September 13, 2014

♪ လာမည့်ရက်ပိုင်းအတွင်း အင်တာနက်ပါဝင်ပြီး ဟန်းဆက်တိုင်းနှင့် တွဲဖက်သုံးနိုင်မည့် Telenor Sim card များရောင်းချမည်(၁၂.၉.၂၀၁၄) ♫

Photo: လာမည့်ရက်ပိုင်းအတွင်း အင်တာနက်ပါဝင်ပြီး ဟန်းဆက်တိုင်းနှင့်
တွဲဖက်သုံးနိုင်မည့် Telenor Myanmar Sim card များ စတင်ရောင်းချမည်(၁၂.၉.၂၀၁၄)
===================================================
အောင်ရဲကျော်
====================================================
                   ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီ (၅)ရက်နေ့တွင် ဆက်သွယ်ရေးလုပ် ငန်းလိုင်စင်တရားဝင် ရရှိထားပြီးဖြစ်သော Telenor Myanmar အနေဖြင့် ငွေကျပ်(၁,၅၀၀) တန် တန်ဖိုးနည်း Telenor Myanmar  Sim card များကို ယခု ရက်ပိုင်းကာလအတွင်း ရောင်းချသွားမည်ဖြစ်ကြောင်းနှင့် မန္တလေးတွင် စတင်ရောင်းချသွားဖွယ်ရှိကြောင်း မိုဘိုင်းလ်ဈေးကွက်အတွင်းမှ တစ်ဆင့်ကြားသိရသည်။
                  Telenor Myanmar အနေဖြင့် လက်ရှိကာလအတွင်း ရောင်း ချသွားမည့်ရက် အတိအကျကိုထုတ်ပြန်ကြေညာခြင်းမရှိသေးသော် လည်း စက်တင်ဘာကာလအတွင်းရောင်းချသွားရန် စီစဉ်ထားရှိသည်။ “ မန္တလေးမှာအရင်စရောင်းမယ်လို့ ကြားပါတယ်။ အခုရက်ပိုင်းအတွင်း မှာတော့ သူတို့ဘက်ကဘာမှအတိအကျမပြောသေးပါဘူး။ ဒါပေမယ့် ရန်ကုန်မှာ (၁၅) ရက် ဒါမှမဟုတ် (၂၀) ရက်နေ့လောက်ရောင်းမယ် လို့တော့ ကြားထားပါတယ်။ Telenor Myanmar ဘက်ကတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး” ဟု Asia Light ဆိုင်မှ မန်နေဂျာကိုသီဟအောင် (အမည်လွဲ) ကပြောကြားခဲ့သည်။
Telenor Myanmar ၏ Sim card(Same Operator) အချင်းချင်း ဆက် သွယ်ခေါ်ဆိုမှုအတွက် (၁)မိနစ်လျှင် ၁၅ ကျပ်ကျသင့်မည် ဖြစ်ကြောင်း Telenor Myanmar မှ သီးခြားဆက် သွယ်ရေးအော် ပရေတာ (Ooredoo Myanmar ၊ မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း) သို့ ဆက်သွယ်ခေါ်ဆိုမှုအတွက်တစ်မိနစ်လျှင် ၂၅ ကျပ် ကျသင့်မည်ဖြစ်ကြောင်းနှင့် ပရိုမိုးရှင်းကာလအတွင်း အင်တာနက် လိုင်း (၁)လ အခမဲ့အသုံးပြုနိုင်ကြောင်း အပါအ၀င် အင်တာနက် အသုံးပြုခသည် တစ်ခြားဆက်သွယ်ရေးအော်ပရေတာ (Ooredoo Myanmar၊မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း) များထက်ဈေးလျော့နည်း ဖွယ်ရှိကြောင်း မိုဘိုင်းလ်ဈေးကွက်အတွင်းမှတစ်ဆင့်သိရှိရသည်။
2G/3G အမျိုးအစားသုံး မည်သည့်ဟန်းဆက်နှင့်မဆို Telenor Myanmar ၏Sim card ဖြင့် တွဲဖက်အသုံးပြုနိုင်မည်ဖြစ်ပြီး မှတ်ပုံ တင်ပါရှိပါက လူတစ်ယောက်လျှင် Telenor Myanmar  Sim card (၅)ကတ်နှုန်း ၀ယ်ယူနိုင်မည်ဟု ကနဦးသတင်းများထွက်ပေါ်လျက်ရှိသည်။
                  “Telenor Myanmar ရဲ့ ရည်မှန်းချက်ကတော့ မြန်မာနိုင်ငံ လူဦးရေ ၉၀ ရာခိုင်နှုန်းကို ၅ နှစ် အတွင်းဝန်ဆောင်မှုပေးနိုင်ဖို့ဖြစ် တဲ့အတွက် အသံ(Voice ) နဲ့ အင်တာနက် (Data) ၀န်ဆောင်မှုတွေ ကို ဈေးကွက်တစ်ခုလုံးအတွက် ပြုလုပ်သွားမှာပါ။ ၀န်ဆောင်မှုတွေ ကလည်း ဈေးနှုန်းသင့်တင့်ပြီး လက်လှမ်းမီနိုင်ရပါမယ်။ ဒါကြောင့် မြို့မှာနေနေ၊ နယ်မှာနေနေ Telenor Myanmar ရဲ့ဝန်ဆောင်မှုအ အသုံးပြုသူတွေအတွက် ဆက်သွယ်ရေးပစ်္စည်းနဲ့ ၀န်ဆောင်မှုမျိုးစုံကို ရရှိနိုင်မှာဖြစ်ပါတယ်”” ဟု Telenor Myanmar ၏ တာဝန်ရှိသူတစ်ဦး ဖြစ်သူ Ms. Hanne Knudsen(Head of Communication, Telenor Myanmar) က ပြောကြားခဲ့သည်။
Telenor Myanmar ၏ Sim card များသည် အင်တာနက်ဝန် ဆောင်မှုအဆင့်ပါဝင်ပြီး ၀န်ဆောင်မှုများစတင်ပေးနိုင်သည့်အချိန်တွင် ၀၉၅ ဖြင့်စသောSim card ပေါင်း သန်း(၃၀) ရောင်းချပေးနိုင်ရန် အသင့် ပြင်ဆင်ထားရှိကြောင်း  Telenor Myanmar မှ သတင်းထုတ် ပြန်ထားရှိသည်။
                         ပြည်တွင်းဆက်သွယ်ရေးလုပ်ငန်းလိုင်စင်တွင် 900MHz နှင့် 2.1 GHz အတွင်းရှိလိုင်းများပါဝင်ပြီး (၁၅)နှစ်ကြာလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်သည်။ Telenor Myanmar အနေဖြင့် ဆက်သွယ်ရေးလုပ်ငန်းလိုင်စင် လက်ဝယ်ရရှိပြီးနောက်(၈)လတာကာလအတွင်းဆက် သွယ်ရေးဝန်ဆောင်မှုများပေးအပ်သွားမည်ဟု ပြည် တွင်းမီဒီယာများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ သည်။ “မြန်မာပြည်သူတွေက ကမ္ဘာ.ထိပ်တန်း မိုဘိုင်းလ်ဆက်သွယ်ရေးဝန်ဆောင်မှုတွေ သုံးဖို့ အဆင်သင့်ဖြစ်နေသလို၊ Telenor Myanmar ကလည်း ဒီလိုဝန်ဆောင်မှုတွေပေးဖို့အသင့်ပါပဲ””ဟု Telenor Myanmar ၏ ဥက္ကဌနှင့် အမှု ဆောင်အရာရှိချုပ်ဖြစ်သူ Mr.Jon Fredrik Bakssa မှပြောကြားခဲ့သည်။ Telenor Myanmar အနေဖြင့် လိုင်စင်ရပြီး ၈ လအကြာ အောက်တိုဘာ (၅)ရက်နောက်ဆုံးထား ဖြန့်ချိသွားမည်ဟု ကနဦးသတင်းများထွက်ပေါ်လျက်ရှိသော်လည်း အသေးစိတ်ကို တရားဝင်သတင်းထုတ်ပြန်ထားခြင်းမရှိပေ။
                                                       အောင်ရဲကျော်
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီ (၅)ရက်နေ့တွင် ဆက်သွယ်ရေးလုပ် ငန်းလိုင်စင်တရားဝင် ရရှိထားပြီးဖြစ်သော Telenor Myanmar အနေဖြင့် ငွေကျပ်(၁,၅၀၀) တန် တန်ဖိုးနည်း Telenor Myanmar Sim card များကို ယခု ရက်ပိုင်းကာလအတွင်း ရောင်းချသွားမည်ဖြစ်ကြောင်းနှင့် မန္တလေးတွင် စတင်ရောင်းချသွားဖွယ် ရှိကြောင်း မိုဘိုင်းလ်ဈေးကွက်အတွင်းမှ တစ်ဆင့်ကြားသိရသည်။

Telenor Myanmar အနေဖြင့် လက်ရှိကာလအတွင်း ရောင်း ချသွားမည့်ရက် အတိအကျကို ထုတ်ပြန်ကြေညာခြင်းမရှိသေးသော် လည်း စက်တင်ဘာကာလအတွင်းရောင်းချသွားရန် စီစဉ်ထားရှိသည်။ “ မန္တလေးမှာအရင်စရောင်းမယ်လို့ ကြားပါတယ်။ အခုရက်ပိုင်းအတွင်း မှာတော့ သူတို့ဘက်က ဘာမှအတိအကျမပြောသေးပါဘူး။ ဒါပေမယ့် ရန်ကုန်မှာ (၁၅) ရက် ဒါမှမဟုတ် (၂၀) ရက်နေ့လောက်ရောင်းမယ်လို့တော့ ကြားထားပါတယ်။ Telenor Myanmar ဘက်ကတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး” ဟု Asia Light ဆိုင်မှ မန်နေဂျာကိုသီဟအောင် (အမည်လွဲ) ကပြောကြားခဲ့သည်။

Telenor Myanmar ၏ Sim card (Same Operator) အချင်းချင်း ဆက် သွယ်ခေါ်ဆိုမှုအတွက် (၁)မိနစ်လျှင် ၁၅ ကျပ်ကျသင့်မည် ဖြစ်ကြောင်း Telenor Myanmar မှ သီးခြားဆက် သွယ်ရေးအော် ပရေတာ (Ooredoo Myanmar ၊ မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း) သို့ ဆက်သွယ်ခေါ်ဆိုမှုအတွက် တစ်မိနစ်လျှင် ၂၅ ကျပ် ကျသင့်မည်ဖြစ်ကြောင်းနှင့် ပရိုမိုးရှင်းကာလအတွင်း အင်တာနက် လိုင်း (၁)လ အခမဲ့အသုံးပြုနိုင်ကြောင်း အပါအ၀င် အင်တာနက် အသုံးပြုခသည် တစ်ခြားဆက်သွယ်ရေးအော်ပရေတာ (Ooredoo Myanmar၊မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း) များထက်ဈေးလျော့နည်း ဖွယ်ရှိကြောင်း မိုဘိုင်းလ်ဈေးကွက်အတွင်းမှတစ်ဆင့်သိရှိရသည်။


2G/3G အမျိုးအစားသုံး မည်သည့်ဟန်းဆက်နှင့်မဆို Telenor Myanmar ၏Sim card ဖြင့် တွဲဖက် အသုံးပြုနိုင်မည်ဖြစ်ပြီး မှတ်ပုံ တင်ပါရှိပါက လူတစ်ယောက်လျှင် Telenor Myanmar Sim card (၅)ကတ်နှုန်း ၀ယ်ယူနိုင်မည်ဟု ကနဦးသတင်းများထွက်ပေါ်လျက်ရှိသည်။


“Telenor Myanmar ရဲ့ ရည်မှန်းချက်ကတော့ မြန်မာနိုင်ငံ လူဦးရေ ၉၀ ရာခိုင်နှုန်းကို ၅ နှစ် အတွင်းဝန်ဆောင်မှုပေးနိုင်ဖို့ဖြစ် တဲ့အတွက် အသံ(Voice ) နဲ့ အင်တာနက် (Data) ၀န်ဆောင်မှုတွေ ကို ဈေးကွက်တစ်ခုလုံးအတွက် ပြုလုပ်သွားမှာပါ။ ၀န်ဆောင်မှုတွေ ကလည်း ဈေးနှုန်းသင့်တင့်ပြီး လက်လှမ်းမီနိုင်ရပါမယ်။ ဒါကြောင့် မြို့မှာနေနေ၊ နယ်မှာနေနေ Telenor Myanmar ရဲ့ဝန်ဆောင်မှုအ အသုံးပြုသူတွေအတွက် ဆက်သွယ်ရေးပစ်္စည်းနဲ့ ၀န်ဆောင်မှုမျိုးစုံကို ရရှိနိုင်မှာဖြစ်ပါတယ်”” ဟု Telenor Myanmar ၏ တာဝန်ရှိသူတစ်ဦး ဖြစ်သူ Ms. Hanne Knudsen(Head of Communication, Telenor Myanmar) က ပြောကြားခဲ့သည်။

Telenor Myanmar ၏ Sim card များသည် အင်တာနက်ဝန် ဆောင်မှုအဆင့်ပါဝင်ပြီး ၀န်ဆောင်မှုများစတင်ပေးနိုင်သည့်အချိန်တွင် ၀၉၅ ဖြင့်စသောSim card ပေါင်း သန်း(၃၀) ရောင်း ချပေးနိုင်ရန် အသင့် ပြင်ဆင်ထားရှိကြောင်း Telenor Myanmar မှ သတင်းထုတ် ပြန်ထားရှိသည်။


ပြည်တွင်းဆက်သွယ်ရေးလုပ်ငန်းလိုင်စင်တွင် 900MHz နှင့် 2.1 GHz အတွင်းရှိလိုင်းများပါဝင်ပြီး (၁၅)နှစ် ကြာလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်သည်။ Telenor Myanmar အနေဖြင့် ဆက်သွယ်ရေးလုပ်ငန်းလိုင်စင် လက်ဝယ်ရရှိပြီးနောက်(၈)လတာကာလအတွင်းဆက် သွယ်ရေးဝန်ဆောင်မှုများပေးအပ်သွားမည်ဟု ပြည် တွင်းမီဒီယာများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ သည်။ “မြန်မာပြည်သူတွေက ကမ္ဘာ.ထိပ်တန်း မိုဘိုင်းလ် ဆက်သွယ်ရေးဝန်ဆောင်မှုတွေ သုံးဖို့ အဆင်သင့်ဖြစ်နေသလို၊ Telenor Myanmar ကလည်း ဒီလို ၀န်ဆောင်မှုတွေပေးဖို့အသင့်ပါပဲ””ဟု Telenor Myanmar ၏ ဥက္ကဌနှင့် အမှု ဆောင်အရာရှိချုပ်ဖြစ်သူ Mr.Jon Fredrik Bakssa မှပြောကြားခဲ့သည်။ Telenor Myanmar အနေဖြင့် လိုင်စင်ရပြီး ၈ လအကြာ အောက်တိုဘာ (၅)ရက်နောက်ဆုံးထား ဖြန့်ချိသွားမည်ဟု ကနဦးသတင်းများ ထွက်ပေါ်လျက် ရှိသော်လည်း အသေးစိတ်ကို တရားဝင်သတင်းထုတ်ပြန်ထားခြင်းမရှိပေ။

အောင်ရဲကျော်
Myanmar Digital Life Journal

No comments:

Post a Comment