Tuesday, September 16, 2014

★★ ဒါဖတ်ပြီးမှ iOS 7+ သွင်းထားသော iDevice ကို ဝယ်ယူပါ ★★



-iOS 7+ iDevice များကို တစ်ဆင့်ပြန်လည် ဝယ်ယူခြင်း၊ ရောင်းချခြင်းများ မပြုလုပ်မိ (ဝယ်သူရော ရောင်းသူပါ) သိသင့်သိထိုက် လုပ်သင့်လုပ်ထိုက် စစ်ဆေးထိုက်သည့် အချက်အလက်များကို ကောင်းစွာ သိရှိ နားလည်ထားရန် လိုအပ်ပါသည်။

သို့မှသာ အနာဂါတ်တွင် ဖြစ်ပေါ်လာနိုင်သည့် အတားအဆီး အခက်အခဲများကို လွယ်ကူစွာ ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။
ရောင်း/ဝယ်သူများနှင့် iOS 7+ ပိုင်ရှင်များ အတွက် ဆောင်ရန် ရှောင်ရန်များကို မပြောမီ iOS 7 အကြောင်းကို ကောင်းစွာ နားလည်ထား စေချင်ပါတယ်-

Apple က နောက်ဆုံးထုတ်လိုက်သော iOS 7 သည် (ဖုန်းသူခိုးများ) နှင့် မတော်တဆ ပျောက်ဆုံးခဲ့ပါက မိမိ၏ တန်ဖိုးကြီးသော iDevice ကို လွယ်ကူစွာ ပြန်လည် ရှာဖွေရယူနိုင်ရန် နှင့် မိမိ၏ ခွင့်ပြုချက်မပါပဲ ဖုန်းကို စိတ်ကြိုက် မလုပ်နိုင်ရန် အတွက် စီမံထားတဲ့ လုံခြုံရေးကို တိုးမြင့်ထားပါတယ်။


iOS 7 Activation

Apple က ထုတ်လုပ်လိုက်သော iDevice တိုင်းမှာ Hardware ID တစ်ခုစီပါရှိပြီး Cellular service ရရှိနိုင်အောင် ပြုလုပ်ထားပါတယ်။
ဒါကြောင့် Internet connection ချိပ်ဆက်မိတဲ့ အခါမှာ iDevice ရဲ့တည်နေရာကို ရှာတွေ့နိုင်ပါတယ်။ နိုင်ငံခြားတိုင်းပြည်များမှာ Carrier Contract (စာချုပ်) နှင့် ရယူထားသော iPhone များကို Register လုပ်ပြီးမှ သုံးစွဲသူထံ ထုတ်ပေးခြင်းဖြစ်ပါတယ်။

အကယ်၍ ထိုဖုန်း ပျောက်ဆုံးသွားခဲ့သော် (သို့) အခိုးခံရခဲ့သော်၊ Connection ချိပ်ဆက်မိတာနှင့် ဖုန်း၏ တည်နေရာကို Carrier ကုမ္ပဏီမှ ရှာဖွေပေးနိုင်သော်လည်း မည်သည့် ကုမ္ပဏီမှ အလုပ်ရှုပ်ခံပြီး တာဝန်ယူပြီး ရှာမပေးကြပါ (USA မှာတောင် မလုပ်ပေးပါ)။ ဒါကို သိရှိနားလည်ထားတဲ့ ဖုန်းသူခိုးများဟာလည်း ခိုးဖုန်းများကို ပြည်တွင်းမှာထက် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချကြပါတယ်။

ဒီလိုနဲ့ Apple iPhone ပိုင်ရှင်များဟာ ဖုန်းပျောက်တဲ့အခါ နစ်နာနေခဲ့ကြပါတယ်။ ဒါတွေကို ပြေလည်စေရန် Apple က 2010 မှာ iOS 4.2 ကစလို့ "Find My iPhone" App ကို တီထွင်ခဲ့ပြီး 2011 အရောက်မှာတော့ "iCloud" service နှင့် တွဲဖက်ကာ မိမိ၏ iDevice ပျောက်ဆုံးသွားတဲ့ အခါမှာ Remote system (အဝေးထိန်းနည်း) နှင့် Lock ချခြင်း၊ Message ပေးပို့ခြင်းတို့ ပြုလုပ်နိုင်အောင် စီစဉ်ထားခဲ့ပါတယ်။

ဖုန်းပျောက်သွားတဲ့ အခါမှာ ဒီနည်းနဲ့ မိမိ၏ Personal Data တွေကို သူများလက်ထဲ မရောက်အောင် ကာကွယ်နိုင်ခဲ့ပေမယ့် ခိုးယူသူက ဖုန်းကို လိုချင်လို့ ခိုးတာဖြစ်တဲ့ အတွက် (message ပို့ Lock ချ) ပေမယ့် ပြန်မရတော့တာ များပါတယ်။

iOS 6 ထိ "Find My iPhone" နှင့် Lock ချလိုက်သော ဖုန်းပင်ဖြစ်သော်လည်း iTunes နှင့် ပြန်လည် ချိပ်ဆက်ကာ Restore လုပ်ပြီး "New Phone" အဖြစ် ပြန်လည် သုံးနိုင်နေတဲ့ အတွက် လုံခြုံမှုဟာ အပြည့်အဝ မရှိပဲ ခိုးသူ ကောက်ရသူ များမှာ Restore နှင့် အလုပ်ဖြစ်နေဆဲပါ....

iOS 7 မှာတော့ အဲဒီဟာကွက်ကို ပိတ်ဆို့နိုင်ခဲ့ပြီး ဖုန်းကို Lock ချလိုက်သည့်အခါ (သို့) Restore ပြန်လည်လုပ်သည့် အခါတွင် iOS 7 ကို Update လုပ်ခဲ့စဉ်က မူလပိုင်ရှင်၏ "Apple ID" မရှိပဲနှင့် (လုံးဝ) ဖုန်းသုံးလို့ မရအောင် Restore လုပ်လို့ မရအောင် စီစဉ် ကာကွယ်ထားလိုက်ခြင်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် လူတွေ ရိုးသားမှု ရှိလာစေရန် Apple က နည်းပညာနှင့် သွန်သင်ပေးတယ် လို့ပဲ ဆိုရမလိုပါ...

ယခုလောက် ဆိုရင်တော့ iOS 7 အကြောင်းကို အနည်းငယ် ရိပ်စားမိပြီဟု ယူဆပါတယ်...

ယနေ့ထိ နေတိုင်းနီးပါ ရောက်ရှိလာသော မေးလ်အများစုရဲ့ ပြဿနာဟာ iOS 7 "Activation" ပြဿနာ ဖြစ်နေပါတယ်။
iDevice ကို Restore လုပ်သည့်အခါ iOS 7 ကို သွင်းခဲ့စဉ်က Apple ID နှင့် Password တောင်းနေသဖြင့် "Activation" အဆင့်ကို တစ်ဆင့် ပြန်ဝယ်သူများ မကျော်နိုင်ကြပေ။

"Activation" ပြဿနာကို တရားဝင် ဖြေရှင်းနိုင်ရန်မှာ ရောင်းမည့်သူ (မူလပိုင်ရှင်) မှာ တာဝန်အပြည့်ရှိပြီး၊ (မူလပိုင်ရှင်) မရှိ/မသိပါက ဖြေရှင်းနိုင်မည် မဟုတ်ချေ...
ဝယ်ယူသူ အနေနှင့်လည်း ဈေးနှုန်းချိုသာမှုကိုသာ ဦးစားမပေးပဲ ပိုက်ဆံမရှင်းမီ စစ်ဆေးသင့်ပါတယ်။

**iOS 7+ iDevice ကို တစ်ဆင့် ပြန်ဝယ်မည့်သူများ ငွေမချေမီ စစ်ဆေးဆောင်ရွက်ရန်**

၁) မိမိဝယ်ယူရန် ရယ်ရွယ်သော iOS 7 iDevice သည် Passcode ခံထားခြင်း မရှိစေရ (ခံထားပါက ဖြုတ်ခိုင်းပါ)
(၂) Settings -> iCloud တွင် Sign In ဖြစ်နေသည်ကို အောက်ပါအတိုင်း တွေ့ရပါမည်။

(၃) ထိုနောက် Settings -> General -> Reset ->Erase All Content and Settings ကို နှိပ်ပြီး Erase iPhone ကို ထပ်မံနှိပ်သည့် အခါ Apple ID နှင့် Password တောင်းလာပါမည်။

၃) ထိုနောက် Settings -> General -> Reset ->Erase All Content and Settings ကို နှိပ်ပြီး Erase iPhone ကို ထပ်မံနှိပ်သည့် အခါ Apple ID နှင့် Password တောင်းလာပါမည်။

၁) iCloud တွင် SignIn လုပ်ရန် PC မှနေ၍ www.icloud.com/find ကိုသွားပါ။

၂) ပုံတွင်ပြထားသည့်အတိုင်း "All Devices" ကို နှိပ်ပြီး မိမိရောင်းမည့် (ရောင်းလိုက်သည့်) iDevice ကိုရွေးပါ။


၃) "Erase iPhone" ကိုနှိပ်ပြီး Erase လုပ်ပါ။

message pop up တက်လာပါမည် (Erase လုပ်ခြင်းဖြင့် content နှင့် settings များကို ဖျက်သွားပြီး Location ကိုလည်း ရှာဖွေနိုင်မည် မဟုတ်တော့ပါ)၊ "Erase" ကိုနှိပ်ပါ။

Erase လုပ်ရန် Apple ID ကို password နှင့် Sign-In ၀င်ပါ။


ဤအဆင့်တွင် မည်သည့် ဖုန်းနံပါတ် နှင့် message မျှမထည့်ပဲ "Next" နှိပ်ပါ။ "Done" နှိပ်ပါ။

အခုဆိုရင် iDevice ကို "Erase" လုပ်နေပါပြီ။ (iDevice မှာ အလုပ်လုပ်နေပါပြီ)။

၎) "Remove from Account" ကို နှိပ်ပါ။
Apple ID ကိုပါဖျက်ပြီး အခြားမည်သူမဆို iDevice ကို လွပ်လွပ်လပ်လပ် သုံးနိုင်စေရန် "Remove" ကို နှိပ်ပါ။

ပြီးပါပြီ...
အခုဆိုရင် iDevice ကို iTunes နှင့် ချိပ်ဆက် မိမိ၏ Apple ID နှင့် SignIn လုပ်၍ iOS 7+ ကို Update/Restore ပြန်လုပ်နိုင်ပါပြီ..

မှတ်ချက်။ ။ (Jailbroken iDevice ဖြစ်ခဲ့ပါက အဝိုင်းလည် နေတာမှာတင် ကြာနေခဲ့ရင် DFU mode သုံးပြီး ချိပ်ဆက်ပါ)

Source Ref; ကိုမိုးသိကြား ၀က်ဆိုဒ်မှာကူးယူဖော်ပြပါသည်။










★★နည်းပညာမြို့တော်★★

No comments:

Post a Comment