၂၀၁၄ခုနှစ်စက်တင်ဘာ
(၁) ရက်နေ့မှအစပြု၍ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့်
မြန်မာတစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် (၂၄၃) မြို့နယ်တွင် (၁၅၀၀) တန်sim
card များကိုရောင်းချသွားမည် ဖြစ်သည်။ လက်ရှိကာလတွင်OoredooMyanmar
အနေဖြင့်မိုဘိုင်းလ်ဆိုင်အများစုတွင်sim card များကိုငွေကျပ် (၁၅၀၀)
နှုန်းဖြင့်ရောင်းချပေးလျက်ရှိသည်။ ထို့အပြင်စက်တင်ဘာကာလအတွင်းTelenor
Myanmar၏sim card များကိုမြို့ကြီးများတွင်ထပ်မံရောင်းချသွားမည်ဖြစ်သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှရောင်းချလျက်ရှိသောငွေကျပ် (၁၅၀၀) တန်Sim card များကိုအရောင်းကိုယ်စားလှယ် (၁၃) ဦးမှတစ်ဆင့် တစ်နိုင်ငံလုံး၏မိုဘိုင်းလ်ဆိုင်များတွင် ၀ယ်ယူရရှိနိုင်ရန် စီစဉ်ထားရှိကြောင်း မြန်မာ့ဆက်သွယ်ရေးမှတစ်ဆင့်ကြားသိရသည်။ ပြည်တွင်းဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရန်ရည်ရွယ်၍ Ooredoo Myanmar, Telenor Myanmar, ရတနာပုံတယ်လီပို့အများပိုင် ကုမ္ပဏီအပါအ၀င် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကိုအများပိုင်အဖြစ်ပြောင်းလဲဖွဲ့စည်းသွားမည့်Myanmar PublicTelecomCompany တို့မှဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကိုဆောင်ရွက်သွားမည် ဖြစ်သည်။
ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ၂၀၁၁ခုနှစ်မတ်ကာလ အတွင်းမိုဘိုင်းလ်BTS စခန်းအရေအတွက် (၆၁၁)၊မိုဘိုင်းလ်တယ်လီဖုန်းအရေအတွက် (၁,၁၃၉,၁၅၄) ၊အော်တိုအိတ်ချိန်းအရေအတွက် (၄၁၁)၊အော်တိုတယ်လီဖုန်းအရေအတွက် (၅၀၁,၆၁၆) နှင့်တကွ အင်တာနက်အသုံး ပြုသူအရေအတွက် (၃၈၇၂၁) ယောက်သာရှိကြောင်းသိရှိရသည်။ အဆိုပါနှစ်များ အတွင်းဆက်သွယ်ရေးဆိုင်ရာဝန် ဆောင်မှုများကို မြန်မာ့ဆက်သွယ်ရေုးလုပ်ငန်းမှဆောင်ရွက်ခဲ့ခြင်းဖြစ် သည်။ ၂၀၁၄ခုနှစ်ဧပြီ(၃၀) ကာလအတွင်းမိုဘိုင်းလ်BTS စခန်းအရေအတွက် (၂,၅၀၉) စခန်းကို မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ထပ်မံတိုးချဲ့တည်ဆောက်ခဲ့ပြီး မိုဘိုင်းလ်အော်တို တယ်လီဖုန်းအရေအတွက် (၇,၁၃၉,၃၆၆) လုံးထပ်မံဝန်ဆောင်မှုပေးခဲ့သည်။
ထို့အပြင်၂၀၁၄ခုနှစ်ဧပြီ (၃၀) ရက်နေ့အထိတွက်ချက် ခဲ့သောစာရင်းဇယားများအရ မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြုသူ (၂,၇၇၅,၁၈၇) ယောက်အထိမြင့်တက်လာခဲ့ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှသတင်းထုတ်ပြန်ထားရှိသည်။ ၂၀၁၃ခုနှစ်ဧပြီကာလမှအစပြု၍တန်ဖိုးနည်းငွေကျပ် (၁,၅၀၀) တန်မိုဘိုင်းလ် Sim Card များကိုစတင်ရောင်းချခဲ့ပြီး ၂၀၁၄ခုနှစ်ဇူလိုင်ကာလအထိ တန်ဖိုးနည်းမိုဘိုင်းလ်ဖုန်း အရေအတွက် (၅.၀၅) သန်းရောင်းချပေးခဲ့သည်။ လက်ရှိကာလတွင် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ ၂၀၁၄ခုနှစ် ဇူလိုင်ကာလအထိ မိုဘိုင်းလ်ဖုန်းအရေအတွက် (၉.၂၅) သန်းကျော်ရောင်းချပေး ခဲ့ပြီးဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှသတင်းထုတ်ပြန်ထားရှိသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့်လက်ရှိကာလတွင် ဂျပန်အခြေစိုက်ဆက်သွယ်ရေးကုမ္ပဏီတစ် ခုဖြစ်သော KDDI, ကမ္ဘာ့စီးပွားရေးလုပ်ငန်း စုကြီးဖြစ်သည့် Sumitomo တို့နှင့်အကျိုးတူပူးပေါင်းထား ရှိသည်။၂၀၁၄ခုနှစ် စက်တင်ဘာကာလအတွင်း Sim Card ပေါင်း(၇)သိန်းကျော် ကိုရောင်းချပေး သွားမည် ဖြစ်သည်။
ထို့အပြင်၂၀၁၄ခုနှစ်နှစ်ကုန်ပိုင်းကာလအထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် Simcard ပေါင်း (၅) သန်းကျော်ကို မိုဘိုင်းလ်ဆိုင်များမှတစ်ဆင့်ငွေကျပ် (၁,၅၀၀) ဖြင့်ရောင်းချသွားမည်ဖြစ်သည်။ Ooredoo Myanmarအနေဖြင့် စက်တင်ဘာကာလအတွင်းသုံးစွဲသူ (၁၂.၃) သန်းအတွက် ကွန်ရက်လွှမ်းခြုံနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်။ Ooredoo Myanmar ၏အရောင်းကိုယ်စားလှယ်ပေါင်း (၆,၅၀၀) ကျော်မှ တစ်ဆင့်Ooredoo Myanmar ၏SimCardများကိုမြို့ကြီးများ၏မိုဘိုင်းလ်ဆိုင်တိုင်းတွင်ရောင်းချလျက်ရှိသည်။
အောင်ရဲကျော်

No comments:
Post a Comment