Monday, September 29, 2014

♪ မိုဘိုင်းဖုန်း ပြုပြင်ခြင်း ဆိုင်ရာ နည်းပညာရပ်များအတွက် အသင့်တော် ဆုံး သင်တန်း ♫


Mobile ပညာရပ်ကိုလေ့လာလိုက်စားချင်သူများ စိတ်ပါဝင်စားသူများ အနေနဲ့ ဒီစာလေးကို 3မိနစ်ခန့် အချိန်ပေးပြီးဖတ်စေချင်ပါတယ်ဗျာ။ 3မိနစ်လောက်နဲ့ အများကြီးအကျိုးရှိစေမယ့် Post လေးတစ်ခုဖြစ်မယ် ဆိုတာ အာမခံပါတယ်ဗျာ။


အချိန်ကားးး ညနေ လေးနာရီ ….. တနင်္ဂနွေနေ့မို့ ပြောင်ကြီး တစ်ယောက် ဆိုင် ကလည်း ပိတ်တော့ အေးအေးဆေးဆေး ဖြစ်နေသည် ။
ဒီအချိန်ဆို ဘော်ဒါတွေ ဘောလုံးကွင်းမှာ ရှိလောက်သည် ဟု စဉ်းစားပြီး ဘောလုံးကွင်းဘက် ထွက်လာသည် ။ ထူးထူးဆန်းဆန်း တစ်ကောင်မှ မတွေ့ရ ….. ။
အဲ့ဒါနဲ့ လက်ဖက်ရည်ဆိုင်ဖက် ထပ်ပြီး ထွက်လာခဲ့သည် …. ။
လက်ဖက်ရည်ဆိုင်တွင်လည်း တစ်ယောက်မှ မရှိ … ။ မထူးတော့ဟု စဉ်းစားပြီး တစ်ယောက်တည်းပဲ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေလိုက်တော့သည် …. ။
“ညီလေး ရေ .. ပုံမှန် တစ်ခွက် ဟေ့ ” ဟု မှာပြီး ခုံပေါ်မှ တွေ့သော နည်းပညာ ဂျာနယ် တစ်ခု ကောက်ဖတ် နေလိုက်သည် …. ။
ပထမဆုံး စာမျက်နှာ လှန်လိုက်တည်းက တွေ့လိုက်ရတဲ့ .. မိုဘိုင်းဖုန်း ပြုပြင်ခြင်း သင်တန်းကျောင်း တွေရဲ့ ကြော်ငြာတွေကို စိတ်ဝင်တစ်စား ဖတ်ရှုနေရင်းးးး ……
“ဟိတ်ကောင် … ပြောင်ကြီးးး ” ဟု ခေါ်သံကြောင့် ….. ဆတ်ခနဲ လှည့်ကြည့်မိတော့ ……
“ဟာ ….. ဖက်တီးးး သားကြီးးးး မတွေ့တာတောင် ကြာပြီ ….. လာ … ထိုင်ကွာ …. ” 
“ပုံမှန် နောက် တစ်ခွက်လောက် ဟေ့ ….. ”
“အေးး ဟုတ်ပကွာ … ငါတို့ မတွေ့တာတောင် တော်တော်ကြာသွားပြီ …… ဒီကြားထဲ မင်းဘာတွေ လုပ်နေလဲ ပြောင်ကြီးရ ….. ”
“အေး ငါလည်း ဒီလိုပါပဲ ကွာ .. ဟိုလုပ်လိုက် ဒီလုပ်လိုက်နဲ့ လောလောဆယ် တော့ ဆိုင်ခန်း လေး တစ်ခန်း ဌားထားပြီး ဖုန်း Service ဆိုင် လေး ဖွင့်ထားတယ်ကွ …. ။ Software , Hardware အားလုံး ပြုပြင်တယ် ဆိုပါတော့ကွာ ….. ”
“ဟ .. ကောင်းလှချည်လားကွ …..ဟန်ကျတာကွာ .. လုပ်စမ်းပါဦးးး .. ငါ့ဖုန်းလေး တစ်ချက် ကြည့်ပေးစမ်းပါ …. ငါ အင်တာနက်ကနေ ဘာပဲ ဒေါင်းလုပ်ဆွဲဆွဲ ဆွဲ မရတော့ဘူး ဟ… ။ ဓာတ်ပုံ လည်း ရိုက်လို့ မရတော့ဘူး Not Enough Space လို့ပဲ ပြနေတယ် …… 
“မင်း ကတော့ ဖလာကြိတ်ပြီ ….. အေး ဒီဝိုင်း မင်းရှင်းလိုက်ကွာ …. အဲ့ဒါဆိုရင်တော့ လုပ်ပေးမယ် …. ”
“ဒီလူနဲ့ ဒီလူ ပြောစရာ လား ကွာ …. အေးပါ ရှင်းပေးမယ် … ရော့ ဒီမှာ င့ါဖုန်းးး ….. ”
“အေးး မင်းဖုန်းထဲမှာ ဘာတွေ အရေးကြီးတာတွေ ရှိလဲကွ … အတတ်နိုင်ဆုံးတော့ မလိုတာတွေ အကုန် ဖျက်ပစ်တာ ကောင်းတယ် … ။ ပြီးတော့ မင်းဖုန်းထဲမှာ သတင်းစုံ Application တွေလည်း  အရမ်း များနေတယ် …. အသုံးမ၀င်တဲ့ ဟာတွေ ဖျက်လိုက်မယ် ကွာ ….. ”  ဟု ပြောဆိုပြီးးး ….
ခဏ အကြာ …..
“ရော့ … ဖက်တီးးး မင်းဖုန်း ရပြီ …. ။ သုံးကြည့်ဦးးး ….. ”
…...............................................
“အေးး ဟုတ်တယ် … ရသွားပြီ ပြောင်ကြီးရေ …. ကျေးဇူးကွာ ….ဒါနဲ့ တစ်လက်စတည်းး 
“ဟိတ်ကောင် .. နေတော့ .. မင်း က နည်းနည်းတော့ များသွားပြီ … တစ်လက် မစတည်းနဲ့တော့ .. ငါ လစ်တော့မယ် …. ”
“လုပ်ပါ ပြောင်ကြီးရာ ..မင်းက ချစ်ဖို့ကောင်းပါတယ်ကွာ ….. ။ တစ်ခုပဲ ကျန်တော့တာပါ … ။ ငါ့ဖုန်း က message မြန်မာလို ပို့ရင် ဟိုဘက်မှာ အတုံးတုံး တွေပဲ သွားပေါ်တယ် …. ဆိုင်တွေလည်း မသွားချင်တာနဲ့ .. လုပ်ပေးပါဦးကွာ.. အဲ့ဒါလေးးး ”
“ဟက်  ဟက် .. သားလေးးး ရေတောင် ၀ယ်သောက်နေရတဲ့ ခေတ်ကြီးမှာ ဘာမှ အလကား မရဘူး သိလားးး လခွီးပဲ … ဖုန်း ပေးးး ”
ဂွက် … ဂွက် …. ဂွက် …. သုံးလေးချက်လောက် ကောက်နှိပ်လိုက်သည် ….
“ရော့ … ရပြီ ….”
“ဟေ … မြန်လှချည်လား ကွ .. မင်းဟာ ဟုတ်ရော ဟုတ်ရဲ့လားးးး ပေး ကြည့်မယ် ……. 
“အေးး တော်ချက်ကွာ ….. တယ်ဟုတ်ပါလား ဟ … မင်းတောင် ဖုန်းနဲ့ ပတ်သတ်ပြီး တော်တော် ရနေပြီပဲ ….”
“အေး အဲ့ဒါဆို ငါ တစ်ခုလောက် မေးဦးမယ်ကွာ …  ငါလည်း ဖုန်းနဲ့ ပတ်သတ်ပြီး သင်တန်း တက်ချင်တယ် ..အဲ့ဒါ … ဘယ်သင်တန်း တွေ ကောင်းလဲ … တစ်ချက် မင်း ပြောပေးဦးးး ”
“အေး လောလောဆယ်တော့ ရန်ကုန်မှာ မိုဘိုင်းဖုန်း ပြုပြင်နည်း သင်တန်းတွေ က အများကြီး ဟ …. ဒါပေမဲ့ ငါတက်တဲ့ သင်တန်း က တော့ အဆင်ပြေတယ် …. Service ဆိုင်လည်း တွဲဖွင့် ထားတာ ဆိုတော့ … Customer တွေ လာတာနဲ့ ချက်ခြင်း ဖုန်း အနိမ့်တွေရော အမြင့်တွေရော တန်းပြီး ကိုယ်တိုင် ပြင်ရတာကွ … 
“တယ်ဟုတ်ပါလားကွ … ဆက်စမ်းပါဦးးး ”
“င့ါသင်တန်းမှာ Software , Hardware တစ်မျိုးစီကို နှစ်သိန်းနဲ့ နှစ်မျိုးပေါင်း လေးသိန်း ယူတယ် ကွ …. Discount တွေ ဘာတွေ မရှိဘူးးး ။ နယ်က တက်မဲ့ သူတွေ အတွက်ကတော့ နှစ်မျိုးလုံး တက်မယ် ဆိုရင် အဆောင် အခမဲ့ စီစဉ်ပေးတယ် …. တစ်မျိုးထဲ တက်ပြီး နေစရာ အဆင်မပြေလို့ အဆောင်နေမယ် ဆိုတဲ့ သူတွေ အတွက်လည်း အဆောင်လခ နှစ်သောင်း နဲ့ စီစဉ်ပေးတယ် ကွ … ”
“ရန်ကုန် က လူတွေ ကတော့ အဆောင် မလိုပါဘူး ကွာ … အဲ .. ဒါပေမဲ့ .. အဆောင် မယူလို့ ဆိုပြီး သင်တန်းကြေး တော့ မလျှော့ဘူး ကွ …. ငါတောင် ငါ့ဆရာ ကို ပြောလိုက်သေးတယ် …. ”
“တကယ် တတ်မယ် ဆိုရင် သင်တန်းကြေး က အရေးမကြီးပါဘူး ကွာ… ထားတော့ … ကဲ …  ကျန်တဲ့ သင်တန်း သင်တဲ့ အပိုင်းကို ဆက်ကွာ …. ”
“အဓိက ကတော့ .. Software ပိုင်းမှာ ဆိုလည်း Samsung , Sony , HTC , Hawei စတဲ့ ဖုန်း တွေ အပြင် ခု နောက်ဆုံး ထွက် ရေပန်း စားနေတဲ့ Coolpad တို့ ၊ Lenovo တို့ စတာ တွေကိုလည်း Firmware ရေးတာ ၊ မြန်မာဖောင့် ထည့်တာတွေ က အစ သင်ပေးတယ်ကွ …. ပြီးတော့ တန်ဖိုးနည်း China Clone လေးတွေ ၊ Tablet လေးတွေ ကိုလည်း Firmware ရေးတာတွေ အကုန် သင်တယ် …. ”
“Pattern , Password Lock ဖြည်တာတွေ ၊ ADB Command သုံးပြီး User Data တွေ မပျက်ပဲ Lock ဖြည်တာတွေ အပြင်ကို Facebook Account ဖွင့်တာတို့ , Lock ဖြည်တာတို့ နဲ့ တစ်ခြား Computer နဲ့ ပတ်သတ်တဲ့ ဗဟုသုတ တွေ အကုန်လုံးကိုလည်း ထည့်ပြီး သင်ပေးတယ် ကွ …. ”
“အဓိက ကတော့ Software ပိုင်းနဲ့ ပတ်သတ်ပြီး $$ ရနိုင်မဲ့ နည်းစနစ်တွေ အကုန် သင်တယ် ဆိုပါတော့ကွာ ”
“ပြီးတော့ . တစ်ခြား သင်တန်းတွေနဲ့ မတူပဲ တစ်ချက် ကောင်းတာက …. ငါတို့ကို ပေးတဲ့ Data တွေ အရမ်း ကောင်းတယ်ကွာ…. လုံးဝ မိုက်တယ် …. ။ Harddisk ထဲမှာ Data တွေက လုံးဝ ကို စီစီရီရီနဲ့ သပ်သပ်ရပ်ရပ်ပဲ ….. ဖုန်း မော်ဒယ် တစ်ခု စီ တိုင်း အတွက် Folder တစ်ခု စီ … အဲ့ Folder အောက်မှာ မှ ငါတို့ offical firmware လား ၊ custom firmware လား ၊ root လား ဆိုပြီး နောက်ထပ် folder လေးတွေလည်း ထပ်ထပ် ခွဲပြီး ထည့်ထားပေးသေးတယ် ….. ”
“ဒါတင် ပဲလား ဆိုတော့ မဟုတ်သေးဘူးးး ….။ ဖုန်းတစ်လုံးနဲ့ တစ်လုံး လုပ်ပုံ ကိုင်ပုံမှ မတူတာကွာ … အဲ့လို လုပ်ပုံ လုပ်နည်း နည်းနည်း ထူးခြားတဲ့ ဖုန်း တွေ အတွက်လည်းးး folder တွေ ထဲမှာ Word file တွေ ၊ Text file တွေနဲ့ တစ်ခု ချင်းစီ အတွက် လုပ်ပုံ လုပ်နည်းတွေကိုလည်း အစီ အစဉ် တကျ ရေးမှတ် ပေးထားသေးတယ်ကွ …… ”
“အဲ့ဒါမှ လုပ်လို့ မရသေးဘူး ဆိုလည်း ဆရာ့ဆီသာ ချက်ခြင်း ဖုန်း လှမ်း ဆက်လိုက် … ဆရာက ဖုန်း ထဲကနေ … ဟို folder ထဲက … ဟို file လေး ထဲကို ၀င် …. ဟို ဟာလေး ကို ဖွင့် ဆိုပြီး သူပေးထားတဲ့ data တွေ အတိုင်း တစ်ဆင့်ချင်းစီ ပြောပြပေးလိုက်တာနဲ့ မင်း ချက်ခြင်း လုပ်လို့ရအောင်လည်း စီစဉ်ထားပေးသေးတယ် …. ”
“ငါဆို ခု မရတာနဲ့ ချက်ခြင်း င့ါဆရာဆီ ဖုန်း လှမ်းဆက်ပီး မေးတော့တာပဲ ….. ”
“အဲ့ဒါက Software ပိုင်းပေါ့ကွာ ….. ”
“Hardware ပိုင်းကိုလည်း ဆက်ပြောပြဦးမယ် …. ”
“Hardware ပိုင်းမှာ အဓိက က လက်တွေ့လေကွာ …. အဲ့ဒါ အတွက်လည်း သင်တန်း က Special ပံ့ပိုးပေးထားတယ်ကွ ….Customer တစ်ယောက်က Touch ကွဲ ၊ မှန်ကွဲ ၊ power ပျောက် လာပြီ ဆိုတာနဲ့ … ဆရာက … ဟိတ်ကောင်တွေ ..လာ ဒီမှာကြည့် .. ဆိုပြီး တစ်ဆင့်ချင်းစီ ရှင်းပြပြီး လက်တွေ့ ကိုယ်တိုင် ကိုယ်ကျ လုပ်ရတာကွာ …. အားရဖို့ကောင်းတယ် …. 
“နောက် ..မင်းတို့ ရဲ့ လုပ်ပုံကိုင်ပုံတွေ ကို ကြည့်ပြီး ဆရာ က နောက်ပိုင်း မင်းတို့ အကုန်လုံး စီ ကို တစ်ယောက် ဖုန်း တစ်လုံး စီ နဲ့ တာဝန်တွေ ခွဲပြီး ပေးတယ် …. ။ နောက်ဆုံး ကွ … ငါတို့ ပြင်မဲ့ ဖုန်းအတွက် လိုအပ်တဲ့ Touch , LCD က အစ ငါတို့ ကိုယ်တိုင် သွားပြီး ၀ယ်ရတယ်ကွာ …. ။ အဲ့ဒါမျိုး ဘယ်သင်တန်းမှာမှ မရှိသေးဘူး ။ အဲ့တော့ ငါတို့ ဘာရလဲ ဆိုတော့ .. သင်တန်း တက်နေရင်းနဲ့ပဲ .. အပြင်အတွေ့အကြုံတွေ အများကြီး ရတယ် … ။ ”
“ပြီးတော့ တစ်ခါတည်း ဖုန်း လာအပ်တဲ့ Customer တွေရဲ့ Complain တွေကိုလည်း ကိုယ်တိုင် ရှင်းပြရသေးတယ်ကွာ …. သင်တန်း တက်တာနဲ့တောင် မတူဘူးးး … ။ ငါတို့ အကုန်လုံး Service ဆိုင် တစ်ဆိုင်မှာ အလုပ် လုပ်နေကြသလိုပဲ … ကွ …. ”
“ညွှန်းလှချည်းလားဟေ့ ….. မင်းသင်တန်း က Percentage တွေ ဘာတွေများ ပေးလားကွ …. ”
“ဟ ဟ … ဘာမှ မရပါဘူး ကွာ … ငါတက်ခဲ့တဲ့ သင်တန်းလေး ဘယ်လောက် အဆင်ပြေတယ် ဆိုတာပဲ မင်းကို ပြောပြရုံပါ …. ”
“အေးပါကွာ … ဒါနဲ့ တစ်ခြား ဘယ်လို Service တွေ ကျန်သေးလဲ ပြောပြပါဦး ကွ … ”
“အေးးး အဓိက က စည်းစည်းလုံးလုံး ရှိတယ်ကွ …. ဆရာတွေနဲ့ တပည့်တွေ အကုန်လုံးးး စာသင်နေရတာနဲ့တောင် မတူဘူးး … ။ တစ်ယောက်နဲ့ တစ်ယောက် ကိုသိတာတွေ နဲ့ သူသိတာတွေ ဆွေးနွေးနေတဲ့ အတိုင်းပဲ … ။ ဆရာတွေ အကုန်လုံးကလည်း အရမ်း ဖော်ရွေတယ် …. ။ ဆရာတွေ ဆိုတာထက် ငါတို့ သင်တန်းသားတွေ အကုန်လုံးနဲ့ ညီအစ်ကို လို ၊ သူငယ်ချင်း လိုကို ဖြစ်နေကြတာ …”
“ညွှန်းတယ်ဟေ့ …. ညွှန်းတယ် ဟ ….. ချက်ခြင်းတောင် သွားတက် ချင်စိတ်ပေါက်လာပြီ ညွန်းချက်က …. ”
“ဟ .. ညွှန်းတာ မဟုတ်ဘူး ဟ .. တကယ် ငါ တက်ခဲ့တာ … အေးပါ … မင်း သွားတက်ကြည့်ပြီးမှ ပြော … ဟုတ်ပြီလားးး ”
“အေး အဲ့ဒါဆို သင်တန်း အချိန်တွေ ပြောဦး ၊ ပြီးတော့ ဘယ်တော့ ဖွင့်မှာ လဲ ဆိုတာလည်း ပြောဦး ”
“ခု လောလောဆယ် နောက်လ ဆယ်လပိုင်း ၂ ရက်နေ့ ကို တန်းခွဲ အသစ် အပတ်စဉ် (၃) ဖွင့်ဖို့ ရှိတယ်ကွ … ။ ဒီအချိန် အပ်မယ် ဆိုရင် မင်း မှီသေးတယ် … ။ ငါလိုက် အပ်ပေးမယ် …. ”
“အချိန်တွေက … …. ”
“Software ပိုင်း ဆို ”
မနက် ၉ နာရီ ~ နေ့လည် ၁၁ နာရီ
နေ့လည် ၁၂ နာရီ ~ နေ့လည် ၂ နာရီ
ညနေ ၃ နာရီ ~ ညနေ ၅ နာရီ
ထိ တစ်နေ့ ၂ နာရီနဲ့ သုံးချိန် ရှိတယ် …။
“Hardware  ပိုင်းတွေ က ”
မနက် ၁၀ နာရီ ~ နေ့လည် ၂ နာရီ
ညနေ ၃ နာရီ ~ ည ၇ နာရီ
ထိ တစ်နေ့ ၄ နာရီနဲ့ နှစ်ချိန် ရှိတယ် ….. ။ တော်တော်များများ Software , Hardware တစ်ခါတည်း တက်ကြတာများတယ်ကွ ….. ။
“သင်တန်း ကာလ ကရော … ”
“တစ်လ ခွဲ ကြာတယ် ကွ …. ။ ဒါပေမဲ့ .. မင်းတို့ကို ကွန်ပျူတာ အခြေခံ သင်မှာနဲ့ တစ်ခြား ဗဟုသုတတွေ သင်မှာနဲ့ ဆိုတော့ .. နှစ်လ လောက်ပဲ ဆိုပါတော့ကွာ …. ”
“ကြိုက်ပြီ ကွာ … ငါ့ကို လိုက်အပ် ပေးစမ်းပါ …. ။ ငါ သွားတက်တော့မယ် …. ”
“အေး အဲ့ဒါဆို တစ်မျိုးစီ အတွက် စရံ ငါးသောင်းစီနဲ့ တစ်သိန်း ယူခဲ့ … မနက်ဖြန် သွားကြမယ် … ဒီနေ့ည ငါဆရာ့ဆီ ဖုန်း ဆက်ထားလိုက်မယ် …. ”
“အေးး အေးးပြောင်ကြီးး ကျေးဇူး ကွာ …ငါလည်း သင်တန်း ပြီးရင် မင်း လို ဆိုင်လေး တစ်ဆိုင် ဖွင့်နိုင်အောင် လုပ်လိုက်ဦးမယ် …… ”
“အေးပါ ဖက်တီးရာ .. ဒီကြားထဲ လိုတာ ရှိရင် ပြော… ငါ အကုန် ကူညီပေးမယ် … ”
“အေးး ပြောင်ကြီးး ကျေးဇူးကွာ … ငါ လစ်တော့မယ် ….. ”
“အေးးး အေး ဖက်တီးး နက်ဖြန် လာခဲ့လိုက် … အဲ့ဒါဆိုလည်းးးး …. ”
အဲ့လိုနဲ့ ဖက်တီးး ထ ထွက်သွားသည် … ။ ခဏနေတော့မှ …
“ဟိတ်ကောင် … ဖက်တီးး ဖက်တီးး … လဒ … မအေပေးး ….. လခွီးကောင် … လက်ဖက်ရည်ဖိုး ရှင်းရမှာ ရှင်းမသွားဘူးးးး ”
“!@#$$%$###$%^%$##@@$$$$#@”
 
 
The Last Mobile
Service & Training Centre
တိုက်(၁) ၊ အခန်း (၀၀၃) ၊ ပါရမီအိမ်ရာ ၊ (၁၆)ရပ်ကွက် ၊ ရန်ကုန် - အင်းစိန် လမ်းမကြီး နှင့် ပါရမီလမ်းထောင့် ၊ (ပါရမီ မီးပွိုင့်အနီး ) ၊ လှိုင်မြို့နယ် ၊ ရန်ကုန် ။
Tel : 09-33-80-5581 , 09-33-80-5591

No comments:

Post a Comment