Telenor Myanmar ၏ စတ်တင်ဘာကာလအတွင်းပေးသွားမည့်ဆက်သွယ်ရေးဝန်ဆောင်မှုများ
အကြောင်း Digital Life Technology Journal မှ မေးမြန်းချက်ကို Telenor Myanmar ၏တာဝန်ရှီသူတစ်ဦးဖြစ်သူ
Ms. Hanne Knudsen (Head of Communications, Telenor Myanmar)က ပြန်လည်ဖြေကြားခြင်း
======================================================
မေး>>>>Telenor SIM Card တွေမှာ
အင်တာနက်ဝန်ဆောင်မှုပါဝင်ပြီးသားဖြစ်ပါသလား။
နိုင်ငံတကာဖုန်းကိုရော တိုက်ရိုက်ခေါ်ဆို နိုင်ပါသလား။
ဖြေ >>>>တယ်လီနော SIM card များသည်
အင်တာနက်ဝန်ဆောင်မှုအသင့်ပါဝင်ပြီးသားဖြစ်ပြီး ထပ်မံ activate
ပြုလုပ်ရန်မလိုအပ်ပါ။ ပြည်တွင်းပြည်ပဖုန်းတိုက်ရိုက်ခေါ်ဆိုမှုကို
ပြုလုပ်နိုင်ပါတယ်။
မေး>>>>Telenor SIM Card အချင်းချင်း ဖုန်းပြောဆိုမယ်ဆိုရင်
ဝန်ဆောင်မှုအခမဲ့လို့ ကြားသိရပါတယ်။ ဟုတ်ပါသလားခင်ဗျာ။
ဖြေ>>>> ဈေးနှုန်းအစီအစဉ်များနှင့် ပတ်သက်ပြီး ပြောဖို့စောနေပါသေးတယ်။
ဒါပေမယ့် ဖုန်းခေါ်ဆိုခ ၂၅ကျပ်နဲ့သတ်မှတ်ထားပါတယ်။
ဈေးနှုန်းအစီအစဉ်အပြည့်အစုံကို ဆက်လက်ရေးဆွဲနေပြီး
ဝန်ဆောင်မှုစတင်မည့်အချိန်နှင့်
နီးကပ်လာပါကတိကျကျထုတ်ပြန်ကြေငြာသွားပါမယ်။ တယ်လီနောရဲ့
အဓိကအာရုံစူးစိုက်မှုကတော့ အများပြည်သူ လက်လှမ်းမီနိုင်မယ့်
ဈေးနှုန်းနဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့ပါ။
မေး>>>>ကျေးလက်ဦးစားပေးမိုဘိုင်းလ်ဝန်ဆောင်မှုကို Telenor က
အကောင်အထည်ဖော်မယ်လို့ ကြားသိရပါတယ်။ မြို့ကြီးတွေကိုရော
တစ်ပြိုင်နက်ဝန်ဆောင်မှု ပေးမှာလား။
ဖြေ>>>>တယ်လီနောရဲ့ရည်မှန်းချက်ကတော့ မြန်မာနိုင်ငံ လူဦးရေ ၉၀% ကို ၅
နှစ်အတွင်းဝန်ဆောင်မှုပေးနိုင်ဖို့ဖြစ်တဲ့အတွက် အသံ (voice) နဲ့
အင်တာနက် (data) ဝန်ဆောင်မှုတွေကို ဈေးကွက်တစ်ခုလုံးအတွက်
ပြုလုပ်သွားမှာပါ။ တယ်လီနောဝန်ဆောင်မှုစတင်တဲ့
အဓိကမြို့ကြီးတွေကနေ ကွန်ယက်ကို ဖြန့်ကျက်သွားမှာပါ။
ဘယ်နေရာမှာနေနေ တယ်လီနောရဲ့ဝန်ဆောင်မှုကို
အလွယ်တကူရရှိသွားအောင် ပြုလုပ်သွားမှာပါ … ပြီးတော့
ဝန်ဆောင်မှုတွေကလည်း ဈေးနှုန်းသင့်တင့်ပြီး
လက်လှမ်းမီနိုင်ရပါမယ်။ ဒါကြောင့် မြို့မှာနေနေ၊ နယ်မှာနေနေ
တယ်လီနောအသုံးပြုသူတွေအတွက် ဆက်သွယ်ရေးပစ္စည်းတွေနဲ့
ဝန်ဆောင်မှု မျိုးစုံကိုရရှိနိုင်မှာဖြစ်ပါတယ်။ ဝန်ဆောင်မှု မျိုးစုံးဆိုတာမှာ
ကိုယ်နဲ့သင့်လျော်မယ့် အသံ၊ အင်တာနက် နဲ့ အခြား
ထပ်ဆောင်းတန်ဖိုးမြင့် ဝန်ဆောင်မှုတွေကိုပါ ရရှိနိုင်မှာပါ။ နောက်ပြီး
ဖြန့်ချိရေးကွန်ယက်ကလည်း ဒေသတိုင်းမှာရှိသွားမှာဖြစ်တဲ့အတွက်
အားလုံးအလွယ်တကူရရှိနိုင်မှာပါ။
(တွေ့ဆုံမေးမြန်းသူ အောင်ရဲကျော်)

No comments:
Post a Comment