Wednesday, July 30, 2014

မန္တလေးတွင်အော်ရီဒူးဆင်းမ်ကတ်စတင်ရောင်းချ

30 July 2014 13:56(+0630) (လွန်ခဲ့သော 5 နာရီ ခန့်က)

 မန္တလေး ဇူလိုင် ၂၉

 မန္တလေးမြို့၌ အော်ရီဒူးဆင်းမ်ကတ်များကို ကျပ်၁၅ဝဝဖြင့် အော် ရီဒူး၏ ပါတနာဖုန်းဆိုင်များတွင် ယနေ့စတင်ရောင်းချပေးခဲ့ကြောင်း သိရသည်။
''ကတ် ၈ဝဝ လာပေးလို့ ဒီနေ့စရောင်းပေးလိုက်တယ်။ ၁ဝ ကတ်၊ ကတ်၂ဝ ဝယ်တဲ့သူများနေလို့ ဆိုင်ပိတ်ထားရတယ်''ဟုမန္တလေး မြို့ မဟာအောင်မြေမြို့နယ်ရှိ သျှမ်း မင်းသားဖုန်းဆိုင်မှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။

ယင်းဖုန်းကတ်တွင် အော်ရီဒူး ဆင်းမ်ကတ်အချင်းချင်းဆက်သွယ် ပြောဆိုနိုင်မည့် မိနစ် ၉ဝဝ၊ SMS အစောင်ရေ ၉ဝဝ၊ မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ ဖုန်းများကို ဆက်သွယ်ပြောဆိုနိုင်မည့်မိနစ် ၉ဝ၊ SMS အစောင်၉ဝစာ ပါဝင် သည်။

ထို့အပြင် နေ့စဉ်အင်တာနက် အသုံးပြုရန်အတွက် ၂ဝ MBလည်း ပါဝင်ကြောင်းသိရသည်။ ယင်း အခမဲ့မိနစ်များမှာ သြဂုတ် ၁၄ရက် အထိ အသုံးပြုနိုင်ကြောင်းလည်း သိရသည်။
''သူ့ဖုန်းချင်းမဆက်ဘဲ MPT ကိုပဲ မိနစ် ၉ဝ ဆက်၊ မက်ဆေ့ခ်ျ အစောင်၉ဝပို့၊ နောက်မသုံးဘဲ နေရင်တောင်၆ဝဝဝကျော်သက်သာ နေပြီ''ဟု ဆင်းမ်ကတ်အသုံးပြုရန် MOBILE LIKE ဖုန်းဆိုင်သို့ လာရောက်ဝယ်ယူသည့် ကိုပြည့်စုံ က ဆိုသည်။

ယင်း ဆင်းမ်ကတ်များမှာ အနိမ့်ဆုံး Andriod Version 2.33, Processor1GHZ, Memory 256, Camera 3.2 Mpixel ရှိသည့် ဟန်းဆက်များတွင် အသုံးပြုနိုင် ကြောင်းသိရသည်။
ထို့အပြင် U900 မှ U2100 ကြားတွင်ရှိသည့် Keypad ဟန်း ဆက်များတွင်လည်း အသုံးပြု၍ ရနိုင်ကြောင်းသိရသည်။

''Mobile Mother က ဝယ် လာတာ။ ရှေ့ကလူတွေထိ ၁၅ဝဝ ပဲ။ကျွန်တော့်အလှည့်လဲကျရော ၁၇ဝဝဖြစ်သွားတယ်''ဟု ကိုဗလ က ပြောသည်။
ယင်းသို့ဝယ်ယူရာတွင် မှတ်ပုံ တင်မိတ္တူတစ်စုံဖြင့် ဝယ်ယူ၍ရနိုင် ပြီး နေ့စဉ်ရောင်းချပေးသွားမည် ဖြစ်သည်ဟုသိရသည်။

အော်ရီဒူးဆင်းမ်ကတ်ကို Activate ပြုလုပ်လိုပါက Access Point Name မှာ OOredoo Myanmar ဟု ရိုက်ထည့်ပေးရမည် ဖြစ်ကြောင်း သိရသည်။

The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764
 ပြည်သူလူထုရဲ့ အားပေးမှုတွေ အတွက် စိတ်လှုပ်ရှား ဝမ်းမြောက်မိပါတယ်။ လက်ရှိမှာ ဆင်းကဒ်များ ရောင်းချဖို့ပြင်ဆင်နေတာကြောင့် နိုင်ငံတကာ လုပ်ရိုးလုပ်စဉ် အနေနဲ့ ကြိုတင်ပြီး အရောင်း နဲ့ ဖြန့်ချီရေး လမ်းကြောင်းတွေကို ဆင်းကဒ်များဖြည့်တင်းနေပါတယ်။ ဆင်းကဒ် တစ်ကဒ်ကို ၁၅၀၀ ကျပ်သာ ကျသင့်မှာဖြစ်ပြီး အဲဒီထက် ပိုပေးရတာတွေ မရှိအောင် သေသေချာချာ လုပ်ဆောင်နေပါတယ်။ မကြာခင်မှာ အားလုံးနဲ့ ချိတ်ဆက် နိုင်တော့မှာဖြစ်ပါတယ်။ ကျေးဇူး အထူးတင်ရှိပါတယ်။
We are excited about all of the activities in the market. As is standard practice, we are currently filling the retail channel with SIM cards as we prepare to sell SIM cards. We will be charging 1,500 Kyats for a SIM card so make sure you do not pay anymore. We look forward to connecting you soon.
Ooredoo Myanmar

No comments:

Post a Comment