World Wide Web ကို ၁၉၈၉ ခုနှစ်တွင်၊ အင်္ဂလိပ် ရူပဗေဒပညာရှင် ဆာတင်မ်ဘာနာလီ ဆိုသူက တီထွင်ခဲ့သည်။ ကွန်ပျူတာဖြင့် တစ်ကမ္ဘာလုံး ချိတ်ဆက်ကာ ဆယ်သွယ်အသုံးပြုနိုင်ရန် သူက စတင် စိတ်ကူးတီထွင်ခဲ့ပြီး၊ နောက်ပိုင်းတွင် ကွန်ရက် ချိတ်ဆက်ခြင်းဆိုင်ရာ ပညာရပ်များကို ဆက်လက် တီထွင်ကာ ပရောဂျက်ပေါင်း များစွာ လုပ်ကိုင်ခဲ့သည်။
Website များတွင် (address ဟုခေါ်သည့် ဥပမာ- http://www.sciencekids.co.nz ဟု ခေါ်သော ရည်ညွှန်း လိပ်စာများကို အင်တာနက် ဝေါဟာရတွင် URL (Uniform Resource Locater) ဟု သတ်မှတ်ခေါ်ဝေါ် သုံးစွဲကြသည်။
အင်တာနက်တွင် Domain name ဆိုသည့် ပိုင်ဆိုင်မှုဆိုင်ရာ သတ်မှတ်ချက်အမည်များကို ပေးပြီး သုံးစွဲလေ့ ရှိကြသည်။ ဥပမာ (.com, .info, .net, .org, .edu, .mail, .gov) စသည်တို့ ဖြစ်သည်။ အခြားနိုင်ငံအလိုက် သတ်မှတ်ပေးထားသော domain ဆိုင်ရာ အမည်များလည်း ရှိသေးသည်။ ဥပမာ (.uk, .mm, .nz) စသည်တို့ ဖြစ်သည်။
အင်တာနက်တွင် စာပို့စနစ် (email)၊ ဖိုင်များကို မျှဝေသုံးစွဲခြင်း (file sharing)၊ အွန်လိုင်းတွင် အပြန် အလှန် စကားပြောခြင်း (online chatting)၊ ဖုန်းနှင့် ဗီဒီယိုစနစ်ပုံစံ ရုပ်မြင်သံကြား စကားပြောခြင်း (phone and video call)၊ အွန်လိုင်းဂိမ်းကစားခြင်း (online gaming) စသည့် လုပ်ဆောင်မှုများကို application ဟုခေါ်သည့် ဆော့ဖ်ဝဲများကို အသုံးပြုကာ လုပ်ဆောင်နိုင်ကြသည်။
ယခုအခါ အင်တာနက်နှင့် Web ကို အွန်လိုင်းတွင် ဈေးဝယ်ခြင်း (online shopping)၊ လူမှုကွန်ရက် ဆက်သွယ်ခြင်း (social networking)၊ ဂိမ်းကစားခြင်း၊ သတင်းများ ထုတ်လွှင့်ခြင်း၊ ခရီးသွားဆိုင်ရာ အချက်အလက်များ ဖော်ပြခြင်း၊ စီးပွားရေး လုပ်ငန်းများအတွက် အသုံးပြုခြင်း၊ ကြော်ငြာလုပ်ငန်းများ အတွက် အသုံးပြုခြင်း စသည့် လုပ်ငန်းများကို တွင်ကျယ်စွာ အသုံးပြုနိုင်ပြီ ဖြစ်သောကြောင့် စတင် တီထွင်ခဲ့စဉ်က ရည်ရွယ်ချက်များထက် ပိုပြီး အကျိုးရှိစွာ သုံးစွဲနိုင်ကြပြီ ဖြစ်သည်။
ဆိုရှယ်ကွန်ရက် ဆက်သွယ်မှုတွင် Facebook, Google+, Twitter တို့သည် ကမ္ဘာပေါ်တွင် လူသုံး အများဆုံး ဖြစ်လာခဲ့ရသည်။ တစ်ကမ္ဘာလုံးတွင် ဆိုရှယ်ကွန်ရက်ခေါ် လူမှုရေးကွန်ရက်များကို အသုံးပြုပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆက်သွယ်မှုများ ခေတ်စားလာသည်နှင့်အမျှ ယင်းလူမှုကွန်ရက်နှင့် ဆက်စပ်ပြီး၊ ဝန်ဆောင်မှုများ၊ ဆော့ဖ်ဝဲများလည်း တိုးတက် ထွန်းကားလာခဲ့ရသည်။
အင်တာနက်ခေတ် ရောက်လာသည်နှင့်အမျှ လုံခြုံရေးဆိုင်ရာ ကိစ္စများ၊ ပုဂ္ဂလိက ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်များသည်လည်း အရေးပါလာခဲ့ရသည်။ မိမိတို့ လုပ်ဆောင် ဖန်တီးထားသည့် ဒေတာများကို ကာကွယ်ရန်အတွက် password များကို သုံးစွဲလာရခြင်း၊ ဆော့ဖ်ဝဲများသုံးကာ ကြိုတင်ကာကွယ် ရခြင်း များသည် အရေးကြီးလာသည်။ ဗိုင်းရပ်စ် (Virus) နှင့် စပန်း (Spam) တို့သည် ကွန်ပျူတာနှင့် မိမိတို့ လုပ်ငန်းများကို ခြိမ်းခြောက် ဒုက္ခပေးလာပြီး အင်တာနက် သုံးသူများတွင် ရှောင်လွှဲမရသည့် ဒုက္ခများ ဖြစ်လာသည်။
အင်တာနက် သုံးသူတိုင်းသည် Web ပေါ်တွင် သတင်းအချက်အလက်များနှင့် မိမိတို့ သိလိုသည့် အကြောင်းအရာများ ရှာဖွေရန်အတွက် Google သို့မဟုတ် Being စသည့် (Search Engine) ဟု ခေါ်သော ကြားခံ browser တစ်ခုခုကို အသုံးပြုရမည်သာ ဖြစ်သည်။ Google သည် ယခုအခါ နာမည်ကျော် လူသုံးအများဆုံး Search Engine တစ်ခုဖြစ်ပြီး နေ့စဉ် သန်းရာပေါင်း များစွာသော အချက်အလက်များကို ရှာဖွေရန်အတွက် ဝင်ရောက်ရသည့် အင်တာနက် တံခါးပေါက်ကြီး တစ်ခုသဖွယ် ဖြစ်နေခဲ့ရသည်။
ယခုအခါ တစ်ကမ္ဘာလုံး၏ လူဦးရေ ၄၀ ရာခိုင်နှုန်းခန့်သည် အင်တာနက်ကို အသုံးပြုနေကြပြီ ဖြစ်သည်။ ၁၉၉၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း အင်တာနက် အသုံးပြုသူများ ဆယ်ဆခန့် တိုးမြင့်လာခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် အင်တာနက် အသုံးပြုသူ တစ်ဘီလီယံ စတင်ဖြစ်လာခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် နှစ်ဘီလီယံ ရှိသွားသည်။ ၂၀၁၄ ခုနှစ်ကုန်ခန့်တွင် သုံးဘီလီယံအထိ တိုးမြင့်သွားလိမ့်မည်ဟု ခန့်မှန်းထားသည်။
Source : Internet Live State
Ref : The Voice Daily
No comments:
Post a Comment