Tuesday, July 15, 2014

Samsung က iPhone 6 ကို ယှဉ်ပြိုင်ရန် Galaxy Alpha ကို ထုတ်လုပ်မည် ♫


Photo: Samsung က iPhone 6 ကို ယှဉ်ပြိုင်ရန် Galaxy Alpha ကို ထုတ်လုပ်မည်

Samsung က iPhone 6 ကို ယှဉ်ပြိုင်ရန် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း အသစ်တစ်လုံးကို နောက်လထဲမှာ ရောင်းချမယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ 

ကိုရီးယား မီဒီယာ ETNews က Samsung ဟာ Galaxy Alpha လို့ အမည်ပေးထားတဲ့ စမတ်ဖုန်းကို သြဂုတ်လမှာ ရောင်းချမယ်လို့ ရေးသားထားပါတယ်။ Samsung ဟာ Apple က iPhone 6 ကို မရောင်းမီမှာ Galaxy Alpha ကို ဦးစွာ ရောင်းချချင်တဲ့ပုံပေါ်ပါတယ်။ 

Galaxy Alpha ဟာ Samsung က ရောင်းချမယ်လို့ သတင်းထွက်ပေါ်နေတဲ့ စမတ်ဖုန်းတွေထဲက နောက်ဆုံး တစ်လုံးပါ။ လွန်ခဲ့တဲ့လအနည်းငယ် ကတည်းက Samsung ဟာ Galaxy S5 ထက် စွမ်းဆောင်ရည်မြင့်တဲ့ စမတ်ဖုန်းတစ်လုံးကို ဧပြီလမှာ ရောင်းချမယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ အဲဒီဖုန်းမှာ သတ္တုကိုယ်ထည်ကို အသုံးပြုထားပြီး စွမ်းဆောင်ချက်များစွာ ပါရှိမှာပါ။ ET News ရဲ့ သတင်းအရ Galaxy Alpha ဟာ Galaxy S5 နဲ့ Samsung ရဲ့ Phablet ဖြစ်တဲ့ Galaxy Note တို့ကို ပေါင်းစပ်ထားတာပါ။ 

Galaxy Alpha ဟာ လွန်ခဲ့တဲ့ လအနည်းငယ်က သတင်းထွက်ခဲ့တဲ့ Samsung ရဲ့ စမတ်ဖုန်းတွေကိုပဲ နာမည်ပြောင်းထားတာလည်း ဖြစ်နိုင်ပါတယ်။ Samsung ဟာ စွမ်းဆောင်ရည်မြင့် Galaxy S5 Prime နဲ့ Galaxy F စမတ်ဖုန်းတွေကို ထုတ်လုပ်မယ်လို့ အရင်က သတင်းထွက်ခဲ့ဖူးပါတယ်။ အဲဒီဖုန်းတွေရဲ့ စွမ်းဆောင်ချက်တွေကလည်း အခု Galaxy Alpha နဲ့ တူညီနေပါတယ်။ Alpha နာမည် ထွက်ရှိတာကတော့ အခုအကြိမ်ဟာ ပထမဆုံးပါ။ 

Samsung နဲ့ Apple တို့ဟာ Quarter တစ်ခုစီမှာ မိုဘိုင်းဖုန်း သန်းပေါင်းများစွာ ရောင်းချနေရပါတယ်။ စမတ်ဖုန်း လောကမှာ ဒီကုမ္ပဏီနှစ်ခုဟာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးပါ။ 

ETNews က Galaxy Alpha နဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို ဖော်ပြထားခြင်းမရှိသေးပါဘူး။ Apple ကလည်း လာမယ့်လများမှာ iPhone အသစ်နှစ်လုံးကို မိတ်ဆက်မယ်လို့ မျှော်လင့်ရပါတယ်။ အဲဒီအတွက် Samsung နဲ့ Apple တို့ရဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတွေကို ရင်ခုန်စွာနဲ့ စောင့်မျှော်နေရတော့မှာပါ။ 

KTY

LInk- http://mmconsumerguide.com/?p=3961

LIKE (y) SHARE ✓ LOVE <3  Myanmar Consumer Guide

www.mmconsumerguide.com | The Best Product Reviews Radio Talk Show, Magazine & Website in Myanmar

ဘာပဲဝယ်ဝယ် Myanmar Consumer Guide ဖတ်ပြီးမှ ဝယ်ပါ။
Samsung က iPhone 6 ကို ယှဉ်ပြိုင်ရန် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း အသစ်တစ်လုံးကို နောက်လ ထဲမှာ ရောင်းချမယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

ကိုရီးယား မီဒီယာ ETNews က Samsung ဟာ Galaxy Alpha လို့ အမည်ပေးထားတဲ့ စမတ်ဖုန်းကို သြဂုတ်လမှာ ရောင်းချမယ်လို့ ရေးသားထားပါတယ်။ Samsung ဟာ Apple က iPhone 6 ကို မရောင်းမီမှာ Galaxy Alpha ကို ဦးစွာ ရောင်းချချင်တဲ့ပုံပေါ်ပါတယ်။

Galaxy Alpha ဟာ Samsung က ရောင်းချမယ်လို့ သတင်းထွက်ပေါ်နေတဲ့ စမတ်ဖုန်းတွေထဲက နောက်ဆုံး တစ်လုံးပါ။ လွန်ခဲ့တဲ့လအနည်းငယ် ကတည်းက Samsung ဟာ Galaxy S5 ထက် စွမ်းဆောင်ရည်မြင့်တဲ့ စမတ်ဖုန်းတစ်လုံးကို ဧပြီလမှာ ရောင်းချမယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ အဲဒီဖုန်းမှာ သတ္တုကိုယ်ထည် ကို အသုံးပြုထားပြီး စွမ်းဆောင်ချက်များစွာ ပါရှိမှာပါ။ ET News ရဲ့ သတင်းအရ Galaxy Alpha ဟာ Galaxy S5 နဲ့ Samsung ရဲ့ Phablet ဖြစ်တဲ့ Galaxy Note တို့ကို ပေါင်းစပ်ထားတာပါ။

Galaxy Alpha ဟာ လွန်ခဲ့တဲ့ လအနည်းငယ်က သတင်းထွက်ခဲ့တဲ့ Samsung ရဲ့ စမတ်ဖုန်းတွေကိုပဲ နာမည်ပြောင်းထားတာလည်း ဖြစ်နိုင်ပါတယ်။ Samsung ဟာ စွမ်းဆောင်ရည်မြင့် Galaxy S5 Prime နဲ့ Galaxy F စမတ်ဖုန်းတွေကို ထုတ်လုပ်မယ်လို့ အရင်က သတင်းထွက်ခဲ့ဖူးပါတယ်။ အဲဒီဖုန်းတွေရဲ့ စွမ်းဆောင် ချက်တွေကလည်း အခု Galaxy Alpha နဲ့ တူညီနေပါတယ်။ Alpha နာမည် ထွက်ရှိတာကတော့ အခု အကြိမ်ဟာ ပထမဆုံးပါ။

Samsung နဲ့ Apple တို့ဟာ Quarter တစ်ခုစီမှာ မိုဘိုင်းဖုန်း သန်းပေါင်းများစွာ ရောင်းချနေရပါတယ်။ စမတ်ဖုန်း လောကမှာ ဒီကုမ္ပဏီနှစ်ခုဟာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးပါ။

ETNews က Galaxy Alpha နဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို ဖော်ပြထားခြင်း မရှိသေးပါဘူး။ Apple ကလည်း လာမယ့်လများမှာ iPhone အသစ်နှစ်လုံးကို မိတ်ဆက်မယ်လို့ မျှော်လင့်ရ ပါတယ်။ အဲဒီအတွက် Samsung နဲ့ Apple တို့ရဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတွေကို ရင်ခုန်စွာ နဲ့ စောင့်မျှော်နေရတော့မှာပါ။

KTY

LInk- http://mmconsumerguide.com/?p=3961

LIKE SHARE ✓ LOVE Myanmar Consumer Guide

No comments:

Post a Comment