
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းဆက်သွယ်ရေးလုပ်ကိုင်ခွင့် ရရှိသည့်
ကုမ္ပဏီဖြစ်သော အော်ရီဒူး မှ ဆင်းကတ် များကို စမ်းသပ်အသုံးပြုရန်ဇူလိုင်
၂၃-ရက်နေ့ကမန္တလေးမြို့ရှိ ယင်းတို့၏ကိုယ်စားလှယ်များအား
ဆင်းကတ်၅-ကတ်ဖြန့်ချိပေးထားပြီး အများ ပြည်သူသို့လာမည့်
သြဂုတ်လတတိယပတ်တွင်ဖြန့်ချီသွား မည်ဖြစ်ကြောင်း
ဒေါ်သိရိကြာညိုကပြောသည်။"အများပြည်သူကို သြဂုတ်လ၊ လယ်လောက်မှာ ရောင်းသွား
မယ်။ လောလောဆယ်တစ်မိနစ်ကို ဖုန်းပြောခနဲ့ အင်တာနက်သုံးခ ဘယ်လောက်
နှုန်းကျမယ်ဆိုတာ မပြောနိုင်သေးပါဘူး။ ခုအရောင်းကိုယ်စားလှယ်တွေ ကို
ဖြန့်ဝေပေးတာကစမ်းသတ်သုံးစွဲဖို့ ပါ။"ယင်းက
ဆက်လက်ပြောကြားသည်။ယင်းကဲ့သို့ဖြန့်ဝေပေးရာတွင် ဆင်းကတ်အတွင်း ငွေ ၂၅၀၀၀
ကျပ်ဖြည့်ထား သည်ကိုတွေ့ရှိရပြီး၊အော်ရီဒူးဆင်း ကတ်အချင်းချင်းသာ
အ၀င်အထွက်ပြောဆိုနိုင်ကြောင်း၊ အခြားမိုဘိုင်းဖုန်း များသို့
ခေါ်ဆိုခြင်းမြ့ပုလုပ်နိုင်သော် လည်း
ဂျီအက်စ်အမ်ဖုန်းများမှခေါ်ယူပြောဆိုခြင်းနှင့် message
ပို့နိုင်ခြင်းတို့ပြုလုပ်နိုင်ပြီး၊ စီဒီအမ်အေဖုန်းများဖြင့်
လုံးဝဆက်သွယ်၍ မရနိုင်သေးကြောင်းသိရသည်။ "တခြားတော့
ခေါ်လို့မရဘူး။အော်ရီဒူးအချင်းချင်း ခေါ်တာကို တစ်မီနစ်ငွေ ဘယ်လောက်
နှုတ်သလဲဆိုတာ စစ် ကြည့်တော့ ဖုန်းသာပြောနေတာ ငွေကမလျော့ဘူးဖြစ်နေတယ်။
သုံးရတာတော့အဆင်ပြေတယ်။ "ဟုဆင်းကတ် ရရှိသုံးစွဲသူတစ်ဦး
ကပြောကြားသည်။ဖုန်းကတ်များရောင်းချပေးမည့် အရောင်းကိုယ်စား လှယ်များ
အားစမ်းသပ်ဆင်းကတ်များကို ဖြန့်ဝေသုံးစွဲစေခြင်း ဖြစ်၍
ယင်းတို့သုံးစွဲရာမှအခက်ခဲများ ၊ဖြေရှင်းရမည့်ပြသာနာများကို
အဖြေရှာခြင်းဖြစ်ပြီး အော်ရီဒူးဖုန်းကတ်ကို CDMAမှ လွဲ၍အခြားမိုဘိုင်းဖုန်း
များမှခေါ်ဆိုနိုင်သည်ဟုဆိုသည်။
No comments:
Post a Comment