Ooredoo Sim
Card များကိုသြဂုတ်ကာလအတွင်း၌လည်းကာင်း၊ TelenorSimများကို စက်တင်ဘာလတွင်
လည်းကာင်း
ရောင်းချပေးနိုင်ရန်စီစဉ်သွားမည့်ဟုသက်ဆိုင်ရာMobileOperatorများက၀န်ကြီးဌာနသို့ပြော
ကြားထားကြောင်း ဆက်သွယ်ရေး၊
သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာညွှန်ကြားရေးမှူး ဦးသန်း
ထွန်းအောင်ကပြောကြားခဲ့သည်။ထို့အပြင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင်
KDDI,
Sumitomo
Corporationတို့နှင့်ပူးပေါင်း၍ဆက်သွယ်ရေးကဏ္ဍအတွင်းအမေရိကန်ဒေါ်လာသန်း(၂,၀၀၀)ရင်းနှီးမြုပ်နှံသွား
မည်
ဖြစ်သည်။ပူးပေါင်းပြီးနောက်ပိုင်းကာလတွင်MPTအနေဖြင့်Ooredoo,Telenorအစရှိသည့်မိုဘိုင်းလ်အော်
ပရေတာများထက်ပိုမိုကောင်းသည့်ဝန်ဆောင်မှုများကို
ပေးအပ်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှဦးခင်မောင်ထွန်းက
ပြောကြားခဲ့သည်။
"Telenor,OoredooSimCard
တွေက အင်တာနက်ပါဝင်
မယ်ဆိုတော့ကျွန်တော်တို့ကလည်းပြိုင်ဖက်အော်ပရေတာတွေထက်မလျော့စေရပါဘူး။သူတို့ထက်ဦးအောင်
လုပ်သွားဖို့ပဲရှိပါတယ်။
US $ (2)ဘီလီယံကိုတော့ (၂) နှစ်(၃) နှစ်အတွက်ပုံးအောပြီး Telecom Sector
မှာရင်နှီးမြုပ်နှံသွားနိုင်ပါတယ်။ နေရာဒေသမရွေး၊ကိုယ်ဝယ်ချင်တဲ့ Sim
Card ကိုဝယ်သူစိတ်တိုင်းကျ
အတိအကျဝယ်ယူနိုင်ပါတယ်။အကန့်အသတ်မရှိဝယ်နိုင်မှာပါ။GSM
နဲ့ WCDMA ကိုရောင်းချပေး သွားမှာပါ။ အဓိကကတော့ WCDMA
(3G)ကိုအသားပေးရောင်းချ သွားဖို့ရှိပါတယ်””ဟု
MPTမှ ကိုသက်နောင်ထွန်းက၂၀၁၄ခုနှစ်ဇူလိုင်(၁၆) ရက်နေ့တွင်ပြောကြားခဲ့သည်။
KDDI, MPT နှင့်Sumitomo Corporation တို့အကျိုးတူပူးပေါင်း၍ (၁၀) နှစ်စာချုပ်ကို ချုပ်ဆိုထားပြီးဖြစ်သည်။ ထို့အပြင်Telecomကဏ္ဍအတွက်အလုပ်အကိုင်အခွင့်အလမ်းများကိုစီစဉ်ပေးအပ်သွားမည် KSGM (KDDI Summit GlobalMyanmarCo.,Ltd)ကိုဖွင့်လှစ်သွားမည်ဖြစ်သည်။လက်ရှိကာလ အထိမြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းတွင် ၀န်ထမ်းဦးရေ (၈,၅၀၀) ရှိကြောင်းသိရှိရသည်။
အောင်ရဲကျော်
No comments:
Post a Comment