Monday, July 21, 2014

♪ Samsung Galaxy Note 4 တွင် ခရမ်းလွန်ရောင်ခြည် တိုင်းတာနိုင်မည့် sensor ပါဝင်ဖွယ်ရှိ ♫


1_5
အသစ်ထွက်ရှိမည့် Samsung Galaxy Note phablet တွင် ခရမ်းလွန်ရောင်ခြည် တိုင်းတာနိုင်မည့် sensor တစ်ခု ပါဝင်ဖွယ်ရှိကြောင်း SamMobile က ဖော်ပြခဲ့သည်။

ထို့ကြောင့် Galaxy Note 4 သည် အန္တရာယ်ရှိသည့် ခရမ်းလွန်ရောင်ခြည် အဆင့်များကို တိုင်းတာ စစ်ဆေးနိုင်ဖွယ်ရှိကြောင်း၊ ထို့အပြင် တွဲဖက်ပါဝင်သည့် app သည် ခရမ်းလွန်ရောင်ခြည် အဆင့်များကို “low” မှ “extreme” အထိ ဖော်ပြပေးနိုင်ပြီး အကြံပြုချက်များကိုလည်း ထောက်ပံ့ပေးထားကြောင်း သိရသည်။

ခရမ်းလွန်ရောင်ခြည် တိုင်းတာရာတွင် ဖုန်းတွင်ပါဝင်သည့် sensor ကို ၆၀ ဒီဂရီ စောင်းကာ ဖုန်း၏ ကျောဘက်ကို နေဘက်သို့ လှည့်ထားခြင်းဖြင့် ပြုလုပ်နိုင်သည်ဟု ဆိုသည်။

Samsung သည် နှစ်စဉ် ကျင်းပလျက်ရှိသည့် IFA ကွန်ဖရင့်စ်တွင် Unpacked ပွဲများကို ကျင်းပလေ့ရှိသည်။ ယခုနှစ် IFA ကွန်ဖရင့်စ်ကို စက်တင်ဘာလ ၅ ရက်တွင် စတင်ကျင်းပမည် ဖြစ်သောကြောင့် Galaxy Note 4 ကို အဆိုပါကာလတွင် တွေ့မြင်ရဖွယ်ရှိသည်။

Ref: CNET
Internet Journal

No comments:

Post a Comment