Monday, August 31, 2015

♪ သင့် စမတ်ဖုန်းရဲ့ Sensor စနစ်တွေကို သိပါသလား…။ သူတို့က ဘာတွေများ စုဆောင်းသိမ်းဆည်းတတ်ပြီး၊ ဘယ်လိုများ လုပ်ဆောင်နေကြပါသလဲ။ ♫

စမတ်ဖုန်းတွေဟာ ဘာလို့များ လူတွေကြားထဲမှာ ဒီလောက်ခေတ်စားလာရသလဲဆိုတာက သိသာတဲ့အချက်တွေ ရှိပါတယ်။ ပထမတစ်ချက်ကတော့ လွယ်ကူရိုးရှင်းတာပါ။ Desktop တွေ၊ Laptop တွေထက် သူတို့က သုံးရတာ ပိုလွယ်ပါတယ်။ နောက်အားသာချက်တစ်ခုက သူတို့မှာ sensor တွေ ပါဝင်လာပါတယ်။ ဒီ sensor တွေက စမတ်ဖုန်းတွေကို Laptop တွေ ထက် ပိုပြီးအသုံးတည့်စေပါတယ်။ အဓိကကတော့ သူတို့ကပေးတဲ့ data တွေ၊ information တွေဟာ ကျွန်တော်တို့ရဲ့ နေ့စဉ် လူမှုဘဝတွေကို ပိုမိုလွယ်ကူစေပြီး၊ အပြောင်းအလဲတွေကို ဖန်တီးပေးလာနိုင်တာပါ။

ဒီနေ့ခေတ်စမတ်ဖုန်းတွေအနေနဲ့ ဘာတွေလုပ်နိုင်တယ်၊ ဘယ်တွေစွမ်းဆောင်နိုင်တယ်ဆိုတာကို ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုစာ လောက်တုန်းကသာ ပြောနေတယ်ဆိုရင် ယုံတမ်းပုံပြင်လို ဖြစ်နေမှာပါ။ နည်းပညာအသစ်အဆန်းတွေ မှန်သမျှဟာ ကျွန် တော်တို့ရဲ့ iPhone နဲ့ Android ဖုန်းတွေထဲကို စုပြုံတိုးဝင်လာနေပါတယ်။ အခု အသုံးပြုထားတဲ့ sensor တွေကို ကြည့်မယ် ဆိုရင်ပဲ စမတ်ဖုန်းတွေပေါ်မှာ နည်းပညာတွေ ဘယ်လောက်ခေတ်မီလာနေလဲဆိုတာ သိနိုင်ပါတယ်။ ဒါဆိုရင် စမတ်ဖုန်းတစ် လုံးမှာ ဘယ်လို sensor အမျိုးအစားတွေ ပါဝင်မယ်လို့ ထင်ပါသလဲ။

ကျွန်တော်တို့ စစချင်းမှာ အသုံးအများဆုံး sensor ဖြစ်တဲ့ accelerometer ကနေစပါမယ်။ သူ့နာမည်မှာ ပါတဲ့အတိုင်းပဲ၊ accelerometer ဟာ ကျွန်တော်တို့ရဲ့ handset ဟာ ဘယ်လိုလှုပ်ရှားနေသလဲဆိုတာကို အဓိကတိုင်းတာပေးပါတယ်။ သူ့ရဲ့ ဦးတည်ရာကို ရွှေ့လိုက်တာနဲ့ sensor ကနေ ထွက်လာတဲ့ data တွေဟာ ချက်ချင်းဆိုသလို မြင့်တက်သွားပါမယ်။ တကယ် လို့ ပြန်ငြိမ်အောင် ထားလိုက်တာနဲ့ ချက်ချင်း data လှိုင်းက ပြန်ငြိမ်သွားမှာပါ။ sensor က device ရဲ့ orientation တွေကို three axes ပုံစံနဲ့ ပြပေးပါတယ်။ App တွေဟာ ဒီကထွက်လာတဲ့ data တွေကို ယူပြီးတော့ ဖုန်းဟာ portrait လား၊ landscape လား၊ အထောင်လား၊ ဇောက်ထိုးလားဆိုတဲ့ orientation ကို ပြပေးပါလိမ့်မယ်။


Gyroscope ကလည်းပဲ ဖုန်းရဲ့ orientation ကို ပြပေးတာပါပဲ။ ဒါပေမယ့် သူက ပိုပြီးတိကျမှု ရှိပါတယ်။ ဒီ sensor ကိုသုံးပြီး တော့ Android ရဲ့ Photo Sphere camera feature ကို တည်ဆောက်ထားတာ ဖြစ်ပြီး၊ ဖုန်းကိုဘယ်လောက်လှည့်သလဲ၊ ဘယ်ဦးတည်ရာကိုလှည့်သလဲဆိုတာတွေကို ဒီ sensor ကနေရယူတာပါ။ Google ရဲ့ Sky Map ဟာလည်း ကိုယ့်ဖုန်းဟာ ဘယ်ဦးတည်ရာကို လှည့်ထားသလဲဆိုတာကို ဒီ sensor ကနေရယူပါတယ်။

နောက်ထပ်ထူးခြားတဲ့ sensor တစ်ခုက magnetometer ပါပဲ။ သူ့ရဲ့အလုပ်က သံလိုက်စက်ကွင်းရှိတဲ့နေရာကို detect လုပ် ပေးတာပါ။ iPhone မှာပါတဲ့ compass application ဟာဆိုရင် ဒီ sensor က မြောက်ဝင်ရိုးစွန်းကို ချိန်ပေးတာကို ဖတ်ထား တာပါ။ ဒါကိုသုံးပြီး metal detector အနေနဲ့လည်း သုံးနိုင်ပါတယ်။ နောက်တစ်ခုက Maps app တွေမှာ ကိုယ့်ရဲ့တည်နေရာ နဲ့ ဦးတည်ရာကို ပိုတိကျမှုရှိအောင်လည်း လုပ်ပေးပါတယ်။

နောက်တစ်ခုကတော့ proximity sensor ပါပဲ။ infrared LED နဲ့ IR light detector တွေကို ပေါင်းစပ်ထားတာပါ။ ဖုန်းပြော နေချိန်မှာ ဖုန်းကို နားနားကို ကပ်လိုက်ချိန်မှာ ဖုန်းရဲ့ screen ကို ပိတ်ပေးထားပါတယ်။ sensor ကနေထွက်လာတဲ့ မမြင်ရတဲ့ infrared beam ဟာ ဘေးနားက တစ်စုံတစ်ခုနဲ့ ထိမိပြီး ပြန်ကန်လာတာကို IR detector ကနေ ဖမ်းမိတယ်၊ မမိဘူးဆိုတာကို ပြန်တိုင်းတဲ့ စနစ်ပါပဲ။


Light sensor ကတော့ ambient light က ဘယ်လောက်လင်းသလဲဆိုတာကို တိုင်းတာပေးပါတယ်။ ဒီကနေ ထွက်လာတဲ့ data ပေါ်မှာ မူတည်ပြီး ဖုန်းရဲ့ software က diplay ရဲ့ brightness ကို အလိုလျောက်ချိန်ညှိပေးပါလိမ့်မယ်။ တကယ်လို့ ambient light က အရမ်းများနေရင် screen brightness က မြင့်လာမှာပါ။ ဘေးမှာမှောင်နေရင် display က မှိန်သွားပါလိမ့် မယ်။ Samsung Galaxy ဖုန်းအမြင့်တွေမှာ ပါဝင်တဲ့ Advanced light sensor ဟာ အဖြူ၊ အနီ၊ အစိမ်းနဲ့ အပြာရောင်အလင်း တွေကို သီးခြားစီ measure လုပ်ပေးနိုင်ပါတယ်။ Adapt Display feature ဟာ ဒီအချက်အလက်တွေကို ရယူပြီး image representation တွေကို အသေးစိတ်ချိန်ညှိပေးပါတယ်။

အမြင့်ဖုန်းတွေမှာဆိုရင် barometer က built-in ပါဝင်လာပြီး၊ လေထုဖိအားကို တိုင်းတာပေးပါတယ်။ အဲဒီကနေရလာတဲ့ data တွေဟာ ပင်လယ်ရေမျက်နှာပြင်အမြင့်ကို အတိအကျတိုင်းတာပေးနိုင်တဲ့အတွက် GPS ရဲ့ accuracy ကို ပိုကောင်းသွား စေပါတယ်။ Motorola XOOM နဲ့ Samsung Galaxy Nexus တွေဟာ ဒီ feature တွေကို အသုံးပြုနိုင်တဲ့ sensor တွေ ပထမ ဦးဆုံး ပါဝင်လာတဲ့ Android devices တွေ ဖြစ်ပါတယ်။

Samsung ရဲ့ Galaxy S4 မှာတော့ theromometer ပါဝင်ပြီး ပတ်ဝန်းကျင်ရဲ့ အပူချိန်ကို တိုင်းတာပေးပါတယ်။ ဒီ thermometer ဟာဆိုရင် ပြင်ပမှာသုံးတာထက် စမတ်ဖုန်းထဲမှာ အသုံးပြုပြီး၊ ဖုန်းရဲ့ အပူချိန်ကို အချိန်ပြည့်စောင့်ကြည့်နေပြီး တော့ တကယ်လို့ အန္တရာယ်ရှိလောက်အောင် အပူချိန်မြင့်လာပြီဆိုရင် ဖုန်းကိုပိတ်ချလိုက်ပြီးတော့ အချိန်တစ်ခုတော့ အေးသ သွားအောင် စောင့်ပြီးမှ အားသွင်းတာလိုမျိုး အပူချိန်များတဲ့အလုပ်တွေကို ပြန်လုပ်ခွင့်ပေးမှာပါ။

Galaxy S4 မှာက နောက်ထပ်ထူးခြားတာက Air humidity sensor ပါလာတာပါ။ ဒီ sensor ကနေပေးလိုက်တဲ့ data တွေ ဟာ S Health app ကနေတဆင့် ဖုန်းသုံးသူတွေက Comfort Zone တစ်ခုကို လေထုရဲ့ အပူချိန်နဲ့ စိုထိုင်းဆတွေကနေ တိုင်း တာတွက်ချက်ပြီး သိနိုင်စေပါတယ်။

Health နဲ့ fitness အကြောင်း ပြောနေချိန်မှာပဲ နောက်တစ်ခု ပြောသင့်တာက pedometer sensor အကြောင်းပါ။ သူကဖုန်း ကိုင်ထားတဲ့သူရဲ့ ခြေလှမ်းတွေကို တိုင်းတာပေးပါတယ်။ ဒီ data တွေကို accelerometer ရဲ့ data တွေနဲ့ပေါင်းစပ်ပြီး အသုံး ပြုလို့ရပါတယ်။ အဲဒါဆို ထွက်လာတဲ့ဒေတာတွေက ပိုပြီးတိကျသလို၊ ပိုပြီးလည်း ထိရောက်မှု ရှိပါတယ်။ Google Nexus 5 ဟာ ဒီ pedometer ကို built in အနေနဲ့ ထည့်ပေးထားတဲ့ ရှားပါးဖုန်းတွေထဲက တစ်ခုပါ။

Galaxy S5 မှာတော့ Heart rate monitor ပါဝင်လာပါတယ်။ နှလုံးခုန်နှုန်းကို တိုင်းတာပေးနိုင်ပြီး၊ လူရဲ့လက်ချောင်းထဲက သွေးလွှတ်ကြောမှာ တစ်မိနစ်ကို သွေးဘယ်လောက်ခုန်တယ်ဆိုတာကို ကြည့်ပြီးတော့ တိုင်းတာတာပါပဲ။

နောက်ထပ်တစ်ခုကတော့ လုံခြုံရေးနဲ့ ပတ်သက်လို့ပါ။ အခုအခါမှာ ဖုန်းအတော်များများမှာ fingerprint sensor တွေ ပါဝင် လာပါတယ်။ ဒီ sensor ကိုသုံးပြီးတော့ ကိုယ့်ရဲ့ ဖုန်းကို lock ဖြည်တာတွေ လုပ်နိုင်မယ့်အပြင် ငွေပေးချေမှုတို့၊ log in ဝင် တာတို့ လုပ်တာတွေမှာပါ သုံးနိုင်လာပါတယ်။ Fingerprint scanners တွေဟာ လုံခြုံရေးအတွက် တကယ့်ကို ထိရောက်ပြီး သုံးရလွယ်တဲ့ နည်းပညာတွေ ဖြစ်လာပါတယ်။

နောက်ထပ် ထူးခြားတဲ့ sensor ကတော့ radiation ရောင်ခြည်သင့်မှုကို တိုင်းတာတာပါ။ ဖုန်းအတော်များများမှာ မပါသေး ပေမယ့် Sharp Pantone 5 မှာတော့ ထည့်ပေးထားပါတယ်။ ဂျပန်နိုင်ငံမှာ ထုတ်ဝေတဲ့ ဒီဖုန်းဟာဆိုရင် သူ့အတွက် သီးခြား button တစ်ခုပါဝင်ပြီး ခလုပ်ကိုနှိပ်လိုက်ရင် app တစ်ခုပွင့်လာပြီးတော့ အဲဒီနေရာမှာရှိတဲ့ radiation level ကို တိုင်းတာပေး ပါတယ်။

Microphone တွေ၊ ကင်မရာတွေ အစရှိသဖြင့် ရှိရှိသမျှ sensor တွေကို ပေါင်းလိုက်ရင် လက်ရှိ စမတ်ဖုန်းတွေမှာ အသုံးပြုနေ တဲ့ sensor အမျိုးအစားပေါင်း ၁၄၊ ၁၅ မျိုးလောက် ရှိပါတယ်။ ဒီ sensor တွေကနေတဆင့် စမတ်ဖုန်းတွေဟာ data တွေ အများအပြားကို စုဆောင်းနိုင်ပါတယ်။ Apple ဆိုရင် sensor တွေတင်မကပဲ၊ Motion coprocessor ဆိုတာကိုပါ ထည့်ပေး ထားပြီးတော့ sensor တိုင်းတာမှုတွေကို ပိုမိုတိကျကောင်းမွန်အောင် လုပ်ပေးထားပါတယ်။ တစ်နှစ်ထက်တစ်နှစ်လည်း sensor အမျိုးအစားသစ်တွေ အများအပြား ပေါ်ထွက်လာနေတုန်းပါ။ အခုဒီဆောင်းပါးမှာ စမတ်ဖုန်းတွေမှာ လက်ရှိအသုံးပြု နေတဲ့ အသုံးများတဲ့ sensor အချို့ကို ဖော်ပြပေးထားပြီး နောက်ပိုင်းမှာလည်း အသစ်ပေါ်ထွက်လာတဲ့ sensor တွေနဲ့ သူတို့ရဲ့ အသုံးဝင်ပုံတွေကို ဆက်လက်ဖော်ပြပေးသွားပါမယ်။


Credit to ==> Myanmar Mobile View

No comments:

Post a Comment