Wednesday, August 19, 2015

ကာတွန်း၊ ရုပ်ရှင်၊ တီဗီစီးရီးများကို အပြင်လောကပုံရိပ်နဲ့ အိုင်ဖုန်းသုံးလို့ ပေါင်းစပ်ပြသူ


real24
François Dourlen လို့ မည်ရတဲ့ ဓာတ်ပုံဆရာဟာ ကာတွန်း၊ ရုပ်ရှင်၊ တီဗီ စီးရီးများက ပုံရိပ်များကို တကယ့် အပြင်လောကနဲ့ ကိုက်ညီသွားအောင် ဖန်တီးပါတယ်။ သူ့အနေနဲ့ ကာတွန်းဆိုရင် အပြင်နဲ့ အနီးစပ်ဆုံး ဖြစ်တဲ့အရာကို လုပ်ယူပြီး ရုပ်ရှင်ဇာတ်ကားများဆိုရင်လည်း အပြင်နဲ့ စင်တူနီးပါးဖြစ်တဲ့ နေရာကို ရွေးပါတယ်။
သူ့အနေနဲ့ အိုင်ဖုန်း များကို အသုံးပြုထားပါတယ်။ သူ့မှာရှိတဲ့ iPhone 6 နဲ့ iPhone 5 ကို အသုံးပြုပြီး ဖုန်းထဲမှာ ပုံရိပ်ရှိပြီး အပြင်လောကပုံနဲ့ ထပ်လိုက်ပြီးတော့ DSLR ကင်မရာနဲ့ ပြန်ရိုက်ယူထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ထွက်လာတဲ့ ပုံရိပ်ဟာလည်း အရည်အသွေး ကောင်းပါတယ်။ သူ့ အနေနဲ့ ယင်း ဓာတ်ပုံများကို သူ့ရဲ့ Twitter, Facebook တို့ ပေါ်မှာ တင်နေပြီး ကြည့်သူ နှစ်သက်သူ များပြားပါတယ်။
Creativity လို့ခေါ်တဲ့ တီထွင်ဆန်းသစ်မှုဆိုတာ မိမိဆီမှာ ရှိနေတဲ့ ပစ္စည်းများနဲ့တောင် လွယ်တကူ လုပ်နိုင်ကြောင်းကို ပြသသွားခြင်းပဲ ဖြစ်ပါတယ်။ သူ့ရဲ့ Facebook Link ကတော့ www.facebook.com/lesphotosdefrancois ဖြစ်ပါတယ်။
.
အောင်ခမ်း (MMAS)

No comments:

Post a Comment