Friday, August 21, 2015

♪ မိမိ၏ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ မေးမြန်း ဆွေးနွေးနိုင်မည့် Social Opinion ကွန်ရက်အား အသုံးပြုနိုင်တော့မည် ♫

ပြည်တွင်း၊ ပြည်ပ မြန်မာ အသိုင်းအဝိုင်းမှ မိုလ်ဘိုင်း ဖုန်းသုံးစွဲသူများအနေဖြင့် တစ်ဦးချင်း ထင်မြင်ယူဆချက်များ၊ သိလိုသော မေးခွန်းများကို မေးမြန်း ဆွေးနွေး နိုင်မည့်  Mell Application အား ပိုမိုပြည့်စုံစေမည့် Social Opinion Network တစ်ခုကို တည်ဆောက်နေကြောင်း အဆိုပါ App ကို ထုတ်လုပ်သည့် Xavey Myanmar ကုမ္ပဏီမှ သတင်းရရှိသည်။

Social Poll App တစ်ခု ဖြစ်သည့် Mell App ၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မိမိ သိလိုသောအကြောင်းအရာများကို အလွယ်တကူ  မေးမြန်းနိုင်မည်ဖြစ်ပြီး အခြားသူများ မေးမြန်းထားသည့် အကြောင်းအရာများကိုလည်း လွတ်လပ်စွာ ဖြေဆိုပေးနိုင် မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် Mell App ကိုသုံးစွဲသူ အချင်းချင်းသည် မည်သည့် အကြောင်းအရာကိုမဆို Comment များမှတစ်ဆင့် အပြန်အလှန်ဆွေး နွေးနိုင်မည်ဖြစ်ပြီး မေးခွန်း၏ အဖြေရလဒ်များကိုလည်း Face-book ကဲ့သို့ လူမှုကွန်ရက် စာမျက်နှာတွင် အလွယ်တကူ မျှဝေနိုင်မည် ဖြစ်သည်။ ယခုတစ်ပတ် အတွင်း ထွက်ရှိလာသော နောက်ဆုံး version တွင် မေးခွန်း တစ်ခုချင်းစီနှင့် ဓာတ်ပုံများပါ တွဲလျက်တင်နိုင်မည့် Feature များပါ  ပါဝင်လာမည် ဖြစ်ကြောင်း Xavey Myanmar ကုမ္ပဏီ၏  တည်ထောင်သူ ကိုအောင်စည်သူကျော်က ဆိုသည်။

“ရည်ရွယ်ချက်က နှစ်ပိုင်းရှိပါတယ်။ တစ်ခုကပြည်တွင်း၊ ပြည်ပက စမတ်ဖုန်းသုံးတဲ့ လူငယ်တွေ သူတို့သိချင်တဲ့ အကြောင်းအရာတွေနဲ့ သူတို့ ထင်မြင်ချက်တွေကို မေးမြန်း ဖြေဆို ဆွေးနွေးနိုင် တဲ့ ပျော်စရာ social app တစ်ခုအနေနဲ့ ဖန်တီးပေးချင်တာပါ။ နောက်တစ်ခုက လူငယ်တွေရဲ့ အမြင်တွေကို လိုအပ်တဲ့ စီးပွားရေးလုပ်ငန်း၊ အဖွဲ့အစည်းတွေကြာက media platform တစ်ခု အနေဲ့ ဆောင်ရွက်ပေးပြီး ဝန်ဆောင်မှုနဲ့ ထုတ်ကုန် အရည်အသွေးတွေ မြင့်လာဖို့အတွက်ပါ ”ဟု ကိုအောင်စည်သူကျော်က ဆိုသည်။

ယခုနှစ် ဇွန်လကစတင်၍ Google Play Store ပေါ်၌ စတင်ဖြန့်ချိခဲ့သော Mell App အား အဖွဲ့အစည်းများအတွက် Premium Account ကို သီးသန့် ဝန်ဆောင်မှု ပေးသွားရန်ရှိကြောင်း သိရသည်။ “အဖွဲ့အစည်းတွေ အနေနဲ့ ကိုယ်နဲ့ သက်ဆိုင်တဲ့နယ်ပယ်တစ် ခုအတွက် အချက်အလက်တွေကို သုတေသန လုပ်ချင်တဲ့ အခါ မျိုးမှာ အသုံးဝင်အောင် လို့ပါ”ဟု အထက်ပါ တာဝန်ရှိသူက ဆက် လက်ပြောသည်။

ယခုလက်ရှိအချိန်တွင် Mell App အား Android Platform အတွက်သာ ထုတ်လုပ်ထားသေးပြီး လာမည့်လ အနည်းငယ်အတွင်း iOS Platform  အတွက် ထပ်မံ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လူမှုကွန်ရက်  Mobile  Application တစ်ခုဖြစ်သည့် Mell App အား Play Store နှင့် http://www.mellapp.com/mell_app.apk တို့၌ အခမဲ့ Download ရယူသုံးစွဲနိုင်မည် ဖြစ်သည်။

Credit to ==> Internet Journal

No comments:

Post a Comment