
ဒီနေ့ခေတ်မှာ စမတ်ဖုန်းတွေဟာ သူ့ထက်ငါ အပြိုင် မျက်နှာပြင်
ကျယ်ကိုဦးစားပေးကာ ထုတ်လာကြရင်းနဲ့ အခုဆိုရင် မျက်နှာပြင် ကျယ်စမတ်ဖုန်း
အမျိုးအစားပေါင်းများစွာ ပေါ်ထွန်းလာခဲ့ပါတယ်။ ဒီလို ပေါ်ထွက်လာခဲ့တဲ့
မျက်နှာပြင် ကျယ်စမတ်ဖုန်းအမျိုးမျိုးကို စာရိုက်ဖို့အတွက်
အသုံးပြုကြတဲ့အခါ အနည်းဆုံး လက်နှစ်ဖက်တော့ အသုံးပြုရပါတယ်။ ဒီလို
မျက်နှာပြင်ကျယ်စမတ်ဖုန်းတွေနဲ့ အပြင်ထွက်ရင်းစာရိုက်တဲ့အခါ
နေပူရင်ဖြစ်ဖြစ်၊ မိုးရွာရင်ဖြစ်ဖြစ် ထီးတစ်ဖက်နဲ့ဆိုတော့ အနည်းငယ်တော့
ဒုက္ခရောက်စေပါတယ်။ ဒါတွေအတွက် အကောင်းဆုံး ဖြေရှင်းချက် တစ်ခုကို
တောင်ကိုရီး ယားနိုင်ငံက ဖြေရှင်းပေးခဲ့ပါတယ်။
အပြင်မှာ ထီးဆောင်းရင်းစမတ်ဖုန်းအသုံးပြုကာ စာရိုက်နေတဲ့လူတွေအတွက်
အဆင်ပြေစေအောင် ထီးရဲ့ လက်ကိုင်ကို “C” ပုံစံ
ကွင်းအဖြစ်သို့ပြောင်းလဲလိုက်ပါတယ်။ စမတ်ဖုန်းအသုံးပြုရင်း
စာရိုက်နေတဲ့လူတွေအတွက် ထီးရဲ့ “C” ပုံစံလက်ကိုင်ကွင်းထဲကို
လက်တစ်ဖက်ထည့်ထားပြီး ထီးရဲ့ ဟန်ချက်ကို ထိန်းနိုင်ပါတယ်။ ဒါဆိုရင်
ထီးဆောင်းလည်း မပျက်တော့သလို စမတ်ဖုန်းအသုံးပြုရတာလည်း မပျက်တော့ဘူးပေါ့။
ဒီထီးရဲ့နာမည်ကို Phonebrella လို့အမည်ပေးထားပါတယ်။ ဒီထီးကို
ထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီကလည်း ကမ္ဘာ့စမတ်ဖုန်းအသုံးပြုမှု ဒုတိယ
အများဆုံးနိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံက KT Company ဖြစ်ပါတယ်။
ထီးရဲ့ ဒီဇိုင်းဟာ တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပတဲ့ Red Dot Design
Award ဆုကိုလည်း ရရှိထားပါတယ်။ ထီးရဲ့ အရောင်ကိုတော့ ဓါတ်ပုံများ
ဗီဒီယိုဖိုင်များအရ အရောင်းငါးမျိုးနဲ့ ထုတ်လုပ်ထားပါတယ်။
Ref : Mashable
Aung Ko Htet (MMAS)
#akh_mmas
No comments:
Post a Comment