Tuesday, August 18, 2015

Android Version အသစ် Marshmallow (သို့မဟုတ်) အိစိအိစိ



android 6.0
မနေ့ကမှ ထွက်ရှိလာတဲ့ Android OS ရဲ့ Version အသစ် 6.0 ရဲ့ နာမည်ကို Marshmallow ( မြန်မာအခေါ် အိစိအိစိ ) လို့ နာမည်ပေးခဲ့ပါတယ်။ Google မှတာဝန်ယူရှိသူ Alex Ruiz ဟာ Android OS Version အသစ်လေးရဲ့ နာမည်ကို အတည်ပြု ကြေငြာခြင်းမရှိသေးပေမဲ့လည်း Android စက်ရုပ်လေးက အိစိအိစိ အတုံးလေး ကိုင်ထားတဲ့ အရုပ်ကိုတော့ Google ရဲ့ ရုံးချုပ်ဖြစ်တဲ့ အဆောက်အဦးနံပါတ် ၄၃ (Android အဆောက်အုံ) ရှေ့မှာ ပြသတည်ဆောက်ထားခဲ့ပါတယ်။ ဒါ့အပြင် Android 6.0 ကို မိတ်ဆက်ပွဲကို လာရောက်ကြည့်ရှုကြသည့် လူများကိုလည်း အိစိအိစိ ဂျယ်လီတုံးလေးတွေကို ကျွေးပြီး ဧည့်ခံခဲ့သေးးတယ်။
Android 6.0 ရဲ့ နာမည်ကိုတော့ အတည်တကျ မပေးရသေးပေမဲ့ ဖြစ်နိုင်ချေအများဆုံးကတော့  Marshmallow လို့ ခေါ်ဖို့ ဆုံးဖြတ်ထားကြပါတယ်။ Android 6.0 ရဲ့ နာမည်ကိုဘယ်လို ခေါ်ရမလဲဆိုတာ မသိရသေးပေမဲ့ Android Version 6.0 ကိုတော့ Google Nexus 6 မှာ ထည့်သွင်းပေးထားလိုက်ပါပြီ။ ဒါ့အပြင် Developer တွေအတွက် Android 6.0 နဲ့ Application တွေရေးနိုင်အောင် Android 6.0 API ကိုလည်း တစ်ခါတည်း ထုတ်ပေးလိုက်ပါပြီ။
Android 6.0 ကို မိတ်ဆက်ခဲ့တဲ့ Video File ကို အောက်က Youtube link ကနေ ကြည့်ရှုနိုင်ပါတယ်။
Aung Ko Htet (MMAS)
#akh_mmas


      View Youtube 



No comments:

Post a Comment