Tuesday, August 18, 2015

♪ “နည်းပညာသတင်းတွေအမြဲUpdate သိနေစေနိုင်မယ့် အသုံးတည့်Apps များ” ♫

ယနေ့ခေတ်မှာကမ္ဘာကြီးက ရွာကြီးတစ်ရွာဖြစ်သွားပါပြီ။ တချို့ကလည်းကမ္ဘာ ပြားပြီလို့ဆိုကြပါတယ်။ IT ထွန်းကားမှုကြောင့်လူတွေဟာ ကမ္ဘာအနှံ့မှာဖြစ်ပျက် နေတဲ့သတင်းတွေ၊ ဗဟုသုတအချက်အလက်တွေကို အချိန်နဲ့တစ်ပြေး ညီရရှိနိုင်ကြတာကိုဆိုလိုပါတယ်။ သတင်းအချက်အလက်တစ်ခုဟာ အင်မတန်အရေးကြီး လှပါတယ်။ ဥပမာအားဖြင့်ကျွန်တော်တို့နိုင်ငံမှာဖြစ်ခဲ့တဲ့ နာဂစ်မုန်တိုင်းတိုက်စဉ်က ဖြစ်ပွား ရာဒေသမှာ ရှိတဲ့လူတွေအားလုံးဟာ မသိလိုက်လို့အသက်ဆုံး ရှုံးကြရတာများပါလိမ့်မယ်။ ကြိုတင် သတင်းထုတ်ပြန်မှု များရှိနေခဲ့ပေမယ့်လည်း လူတွေဟာသူတို့သိသင့်သိထိုက်တဲ့ အချက်အလက်များ ကိုလူတိုင်းစေ့တိတိကျကျ မသိလိုက်တာရယ်၊သိရင်တောင်မှဘယ်လိုဘယ်ပုံလုပ်ဆောင်ရမယ်ဆို တဲ့နောက်ဆက်တွဲညွှန်ကြား ချက်တွေကိုမသိနိုင်ကြတာရယ်၊အဆိုးဆုံးကဗဟုသုတနည်းပါးကြတာ ကြောင့်ဖြစ်ပါတယ်။

ထို့အတူစီးပွားရေးလုပ်ငန်းလုပ်ကိုင်နေကြရာမှာ ဈေးနှုန်းအတက်အကျ သတင်းတွေ၊နိုင်ငံရေး၊ ရာသီဥတု သတင်းတွေ၊ဈေးကွက်အခြေအနေတွေကိုအချိန်နဲ့တစ်ပြေးညီ သိရှိနိုင်မှသာလျှင်ဆုံးဖြတ်ရမယ့်မန်နေဂျာနှင့် Executive Level မှပုဂ္ဂိုလ်များဟာမှန်ကန်တဲ့ဆုံးဖြတ်ချက်များ၊ဗျူဟာများ ကိုချမှတ်နိုင်မှာပါ။ စတော့ ရှယ်ယာဈေးကွက်မှဈေးကစားကြသူများအဖို့စက္ကန့်နဲ့အမျှ Up to date သတင်းအခြေအနေတွေကိုသိရှိနေဖို့ လိုအပ်ပါတယ်။

သတင်းတွေကို Up to date သိရှိနိုင်စေဖို့အတွက်ပုံနှိပ် ထုတ်ဝေရေး မီဒီယာများဟာ အင်တာနက် ဆက်သွယ်ရေးထက်နောက်ကျတတ်တာရယ်၊ နေရာအနှံ့မရောက်တာရယ်စတဲ့အကန့်အသတ်များရှိနေပြီး၊ ယခုတလောခပ်စိပ်စိပ်ကြားလာရတာကတော့ ပုံနှိပ်ထုတ်ဝေမှုများရပ် ဆိုင်းကာ Digital Edition ဘက်ပြောင်းပြီးထုတ်လာရတဲ့သတင်းတွေပါ။New York Time, PC World စတာတွေကထင်ရှားတဲ့ သာဓကတွေပါ။

ကျွန်တော်တို့အနေနဲ့အင်တာနက်ဆက်သွယ်မှုကနေသတင်းတွေ၊အချက်အလက်တွေကိုအချိန်နဲ့တစ်ပြေးညီရ ယူခဲ့ရာမှာယခင်ကတော့ကွန်ပျူတာများ ဖြင့်အင်တာနက်ဝက်ဘ်ဆိုက်စာမျက်နှာများကိုဖွင့်ကာဖတ်ရှုခဲ့ကြရပါ တယ်။ ဒါပေမယ့်လည်းကွန်ပျူတာတွေဆိုတာကလည်း အမြဲတမ်းယူသွားလို့ရတဲ့ Mobile Device တွေ မဟုတ်တော့အခက်အခဲရှိပါတယ်။

ဒီတော့လူတွေကိုယ်နဲ့မကွာဆောင်ထားနိုင်တဲ့ စမတ်ဖုန်းနဲ့တက်ဘလက်များမှ သတင်းများကိုအချိန်နဲ့ တစ်ပြေးညီ ရရှိနိုင်စေဖို့များစွာအထောက်အကူပြုပါတယ်။ ယခုအခါကျွန်တော်တို့နိုင်ငံမှာ မိုဘိုင်းဖုန်းများ တိုးမြှင့်ချထားမှုနဲ့ အင်တာနက်လိုင်းလည်း သိပ်အကောင်းကြီးမဟုတ်တောင် သုံးလို့စွဲလို့ရတဲ့အခြေအနေမှာ ရှိနေတဲ့အတွက်မိုဘိုင်းဖုန်းနဲ့ တက်ဘလက်များကနေ မိမိတို့သိချင်တဲ့သတင်းတွေ၊ ဆောင်းပါးတွေကို တစ်ချိန်နဲ့တစ်ပြေးညီသိရှိနိုင်နေပြီပဲဖြစ်ပါတယ်။

ဒီဆောင်းပါးမှာတော့ကျွန်တော့်အနေနဲ့လူတွေရဲ့ဘ၀တွေထဲကိုတိုးဝင်လာတဲ့၊လူတွေစိတ်ဝင်စားမှုမြင့်တက် လာတဲ့နည်းပညာထုတ်ကုန်များ၊စမတ်ဖုန်း၊တက်ဘလက်၊လက်တော့ပ်၊တီဗီ၊ ဆော့ဖ်ဝဲ၊အီလက်ထရောနစ်၊ ကားစတာ တွေနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်မယ့် Reviews တွေ၊ ဝေဖန်သုံးသပ်ချက်တွေ၊ Feature တွေ၊သတင်းတွေနဲ့ပတ်သက်ပြီး အမြဲတမ်း အချိန်နဲ့တစ်ပြေးညီ သိရှိနေနိုင်စေဖို့မိမိတို့ရဲ့ စမတ်ဖုန်းနဲ့တက်ဘလက်များ မှာထည့်သွင်းထားရမယ့်Application များကိုဖော်ပြလိုက်ပါတယ်။ စမတ်ဖုန်း နဲ့တက်ဘလက်များမှာWeb Browser မှတစ်ဆင့်Website များကိုဝင်ရောက်ကြည့်ရှုတာထက်Apps များကို တင်ထားပြီး သုံးစွဲခြင်းအားဖြင့်အင်တာနက်ရနေမည်ဆိုလျှင် သတင်း၊ဆောင်းပါးတစ်ပုဒ်တက်တာနဲ မိမိဖုန်း၊တက်ဘလက်မှာလည်း ချက်ချင်းUpdate ဖြစ်သွားမှာပဲဖြစ်ပါတယ်။ နည်းပညာနဲ့ပတ်သက်တဲ့ သတင်းအရင်းအမြစ်များစွာရှိလို့အဲဒါတွေကို တစ်ခု ချင်းစီလိုက်ဖွင့်ကြည့်ရှုတာထက် App တွေကအဲဒီ Source တွေမှာတက်တဲ့သတင်းဆောင်းပါးတွေကိုFeed အဖြစ်ရယူထားခြင်းအားဖြင့် မိမိတို့အနေနဲ့ သက်သောင့်သက်သာအဆင်ပြေ စွာတစ်နေရာတည်းကနေကြည့်ရှုသိရှိနိုင်မှာဖြစ်ပါတယ်။

အဆိုပါApps များမှာAndroid, iOS, Windows စတဲ့မိုဘိုင်း OS ပေါင်းစုံအတွက်ထွက်ရှိပြီး ယခုတော့လူအသုံးများတဲ့ Android အတွက်ကိုပဲ အဓိကဦးစားပေးဖော်ပြလိုက်ပါတယ်။ ကျွန်တော်တို့ရဲ့ ဖုန်းများ၊ တက်ဘလက်များမှာဒီနည်းပညာ Appsတွေတင်ထားခြင်းအားဖြင့် ခေတ်နဲ့အမီလိုက်နိုင် မှာဖြစ်သလိုမိမိတို့ အတွက်များစွာအကျိုးရှိမှာလည်း ဖြစ်ပါတယ်။မိမိတို့ဖုန်း၊တက်ဘလက်များမှာရှိတဲ့Play Store ရဲ့Search မှာအဲဒီApp တွေရဲ့နာမည်ကိုရိုက်ထည့်ပြီးရှာဖွေကာInstall လုပ်နိုင်ပါတယ်။ ကျွန်တော့် အနေနဲ့Link ကိုတော့အတိုလုပ်ပြီး ဖော်ပြပေးလိုက်ပါတယ်။

(1) Techradar News
Link-http://bit.ly/167ZiWz
တစ်ကမ္ဘာလုံးမှာရှိတဲ့နည်းပညာဂျာနယ် Link ပေါင်း တစ်ထောင်ကျော်ရဲ့နောက်ဆုံး သောနည်းပညာ သတင်းတွေကိုဖတ်ရှုနိုင်မှာ ဖြစ်ပြီး၊ ဂိမ်းသတင်းတွေ၊ ကွန်ပျူတာ၊ဖျော်ဖြေရေး၊IT နဲ့ပတ်သက်တဲ့ နောက်ဆုံး သတင်းတွေကိုသိရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဗီဒီယိုဖိုင်များကိုလည်းFeed အနေနဲ့လက်ခံရရှိနေမှာပါ။ အဲဒီApps မှာLast 24 Hours ဆိုတဲ့Button ကိုနှိပ်ရင်လွန်ခဲ့တဲ့၂၄နာရီအတွင်းက သတင်းတွေ အားလုံးကိုစုစည်းပေးထားမှာဖြစ်ပြီး All Unreadsဆိုတဲ့Button မှာဆိုရင်တော့ ကိုယ်မဖတ်ရသေး တာတွေကို စုစည်းပေးထားမှာပါ။ဒါ့အပြင်အသံဖိုင်တွေနားထောင်နိုင်ဖို့ Podcastsမှာနားဆင်နိုင်ပြီး မိမိတို့ကြိုက်နှစ်သက်တာတွေဆိုရင်Download လုပ်ထားနိုင်ပါတယ်။

(2) Techtalk
Link-http://bit.ly/14GxucB
ဒီApp ကတော့Techradarလိုမျိုးပါပဲ။ ဒါပေမယ့် သူကတော့အဓိကယူထားတဲ့သတင်းSource 7 ခုကနေပဲ Feed တွေရယူထားခြင်းဖြစ်ပြီးအဲဒါတွေကတော့Engadget, Google News, Slashgear, TechCrunch, Gizmodo, ArsTechnicaနဲ့Life Hackerတို့ပဲဖြစ်ပါတယ်။Techtalkနဲ့Techradarတို့ရဲ့ပုံစံကအတူတူပါပဲ။

(3) Engadget
Link-http://bit.ly/163b0PP
နောက်ဆုံးထွက်Gadgets ပစ္စည်းများနှင့်လူအများစိတ်ဝင်စားသည့် Gadgets များနှင့်ပတ်သက်သည့် သတင်းများ၊Reviews များ၊ဗီဒီယိုဖိုင်များ၊Hands On များ၊Feature များစွာကို အသေးစိတ်သိရှိလိုသူများ အတွက်ဒီ Engadget ကတော်တော်လေးကိုစုံလင်တယ်လို့ဆိုရမှာပါ။ ဖုန်းများ၊ တက် ဘလက်များ၊ လက်တော့ပ်များ၊တီဗီများစသ ဖြင့်စုံလင်လှပြီးရှင်းရှင်းလင်းလင်းရေးသားထားသည်။နည်း ပညာနှင့် ပတ်သက်သော Event များ၊ပွဲများနှင့်ပတ်သက်သည့် တိုက်ရိုက်ထုတ်လွှင့်မှုများ၊ ဗီဒီယိုဖိုင်များ၊ဆောင်းပါး များကိုလည်းတစုတစည်းတည်းဖော်ပြပေးထားပြီးခေတ်နောက်မကျလိုသူများအတွက် အသုံးတည့်စေနိုင်မှာပါ။

(4) WolframAlpha
http://bit.ly/QjVynm
Price-2.99$
WolframAlphaကတကယ်တော့Search Engine မဟုတ်ပါဘူး။ Search Engine တွေကအခြားသော Website Link များမှာရှာဖွေသောအကြောင်း အရာနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှာဖွေပေးခြင်းဖြစ်သည်။ ဒီWolframAlphaကတော့ Computational Knowledge Engine (သို့မဟုတ်) Answer Engine ဖြစ်သည်။ ယင်းကို Wolfram Research မှDevelop လုပ်ထားခြင်းဖြစ်ပြီး ၂၀၀၉ ကတည်းကစတင်ခဲ့သည်။

သချာင်္နှင့်ပတ်သက်သောတွက်ချက်မှုများစွာနှင့်စာရင်းဇယားများနဲ့ပတ်သက်သောအကြောင်းအရာများကိုတွက် ချက်ပေးနိုင်သည်။ယင်းတို့အတွက်လိုအပ်သောအခြေခံData များကိုCIA ရဲ့World Facebook, the United State Geological Survey, All about birds, Chambers Biographical Dictionary, Best Buy, FAA စသည့်အရင်းအမြစ်များမှရယူထားသည်။

မိမိတို့သိချင်သောအကြောင်းအရာများကိုText Field ထဲတွင်ရိုက်ထည့်ကာquery လုပ်နိုင်ပြီးအဖြေသို့result များကိုဇယားများ၊Chartများစသည့် data visualization ပုံများဖြင့်ဖော်ပြပေးပါလိမ့်မည်။ ဘာသာရပ်နယ်ပယ်များစွာနှင့်ပတ်သက်ပြီးတွက်ချက်ရှာဖွေနိုင်ကာယင်းထဲ တွင်Maths, Statistics and Data Analysis, Physics, Chemistry, Engineering, Colors, People and History, Music, Education, Transporationစသဖြင့်မိမိသိချင်သော၊ တွက်ချက်လိုသောအကြောင်းအရာများကိုQuery လုပ်နိုင်သည်။စာရင်းဇယားများ၊data ဖိုင်များ၊ပုံများကိုupload လုပ်နိုင်ကာAnalysis လုပ်ပေးနိုင်သည်။

(5) InoTechNews
Link-http://bit.ly/1684sSE
ဒီAppကိုတော့တော်တော်လေးကြိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ယူထားတဲ့သတင်း Source ပေါင်းက ၆၀ကျော်လောက်ရှိပါတယ်။ App တစ်ခုတည်းမှာနည်းပညာသတင်းများအားလုံးကိုတစုတစည်း တည်းတွေ့မြင်နိုင်ကြရမှာဖြစ်ပြီး U serface Interface ကလည်းကြည့်ကောင်းပါတယ်။ အထူးသဖြင့် မိုဘိုင်းနဲ့Gadgets များကိုစိတ်ဝင်စားသူများအဖို့အသေးစိတ်သိရှိနိုင်မှာပါ။

ကျွန်တော်ဒီဆောင်းပါးမှာတော့ ဒီလောက်ပဲဖော်ပြချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ဒီလောက်ဆို ရင်တော်တော် လုံလောက်နေပြီပဲဖြစ်လို့ပါ။အခြားသောနည်းပညာနဲ့ပတ်သက်တဲ့အသုံးများသည့်Appsတွေ အနက်အချို့ကတော့InfoQ News Reader, Mobo Technology, Phys.org News, SlashGear, The Verge, TechCrunch, Wired News စတာတွေပဲဖြစ်ပါတယ်။

စာဖတ်သူများအနေနဲ့မိမိတို့ရဲ့စမတ်ဖုန်းနှင့်တက်ဘလက်များကိုအကျိုးရှိရှိအသုံးချနိုင်စေဖို့မျှော်လင့်ပါတယ်။
ငြိမ်းချမ်း (BE-IT)
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

No comments:

Post a Comment