ကမ္ဘာပေါ်မှာ နေ့စဉ် facebook အသုံးပြုသူပေါင်း ဘီလီယံနဲ့ချီပြီးရှိကြတာ
အားလုံးအသိပါ။ ဒါကြောင့် Facebook ကို မိမိကိုယ်ကျိုးစီးပွား အတွက်
အသုံးပြုကြတဲ့လူတွေရှိကြသလို ကိုယ်ကျိုးအတွက်မပါပဲ အများအကျိုး
အတွက်အသုံးပြုကြ သူတွေလည်းရှိပါတယ်။ ကိုယ်ကျိုးစီးပွား
အသုံးပြုကြသူတွေအတွက် Facebook မှ ဝန်ဆောင်မှု အမျိုးမျိုးပေးထားသလို
ကိုယ်ကျိုးအတွက်မဟုတ်ပဲ အများအကျိုးအတွက် အသုံးပြုကြသူများအတွက် အခမဲ့
ဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ Donate Now Button ကို
ထည့်သွင်းပေးတော့မှာဖြစ်ပါတယ်။
Facebook ဟာ နီပေါမှာဖြစ်ပွားသွားတဲ့ မြေငလျင်ဒုက္ခသည်များ နဲ့
မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရပ်ဝေးရပ်နီးမှ
စေတနာရှင်တွေအလှူငွေလှူဒါန်းနိုင်အောင် Donate Button ကို Facebook
မှာထည့်သွင်းပေးခဲ့ပါတယ်။ ဒါတွေကလည်း Facebook Book အသုံးပြုသူတို့ရဲ့
တောင်းဆိုချက်တွေကြောင့် Facebook က သူတို့ရဲ့ မတည်ငွေနဲ့အတူ Donte Button
ကို ထည့်သွင်းပေးလိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကိုယ်ကျိုးမဖက်
အများအကျိုးဆောင်ရွက်သူတို့အနေနဲ့ Facebook မှတစ်ဆင့်ရပ်ဝေးရပ်နီးမှ
လူများထံသို့ အလှူငွေကောက်ခံတဲ့အခါ Facebook ကိုတောင်းဆိုစရာ
မလိုတော့ပါဘူး။
Facebook မှာ အဆင်သင့်ထည့်သွင်းပေးပြီးသားဖြစ်တဲ့ Call to Action ဆိုတဲ့ Button ထဲတွင် Donate Now Button ကို ထည့်သွင်းနိုင်ပါပြီ။ ဒါပေမဲ့ စတင်ကြေငြာတဲ့အခါမှာတော့ အများအကျိုးအတွက်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းများဖြစ်တဲ့ UNICEF, Red Cross နဲ့ DonorsChoose.org စတဲ့အဖွဲ့အစည်းတွေအတွက်ပဲ ကန့်သတ်ပေးထားအုံးမှာဖြစ်ပါတယ်။ နောက်ပိုင်းမှသာ Facebook အသုံးပြုသူတို့အကုန်လုံးအသုံးပြုနိုင်ဖို့ ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်။ အလှူရှင်တို့အနေနဲ့ ငွေလှူတဲ့အခါ Pay Pal သို့မဟုတ် Credit Card တို့ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Ref : Mashable
အောင်ကိုထက်(MMAS)
#aungkohtet_mmas
No comments:
Post a Comment