ကမ္ဘာပေါ်မှာရှိတဲ့ မြောက်မြားစွာသော မိုဘိုင်းဖုန်းတို့မှာ
အသုံးပြုထားတဲ့ OS တွေဟာလည်း အများအပြားရှိပါတယ်။ ဒီအထဲကမှ အားလုံးရဲ့
အာရုံကို အလွယ်တကူဖမ်းစားနိုင်ခဲ့ပြီး အလွယ်တကူ ကြီးမားတဲ့
အောင်မြင်မှုတွေပိုင်ဆိုင်ထားတဲ့ OS တွေကတော့ Google ရဲ့ Android OS နဲ့
Apple ရဲ့ iOS ပဲဖြစ်ကြပါတယ်။ ဒီနှစ်မျိုးထဲကမှ အသုံးပြုသူတွေရဲ့ Privacy
လုံခြုံရေးကို အကောင်းဆုံးကာကွယ်ပေးနိုင်တဲ့ OS ကတော့ Apple ရဲ့ iOS
ပဲဖြစ်ပါတယ်။ Android ဟာ အသုံးပြုသူတွေရဲ့ Privacy လုံခြုံရေးကို အပြည့်အဝ
လုံခြုံမှု မပေးနိုင်ပါဘူး။
ဘာကြောင့်လဲဆိုတော့ Google ဟာ android OS ကို Samsung , HTC , Sony , LG
, Motorola နဲ့ အခြား မိုဘိုင်းဖုန်း ကုမ္ပဏီတွေကို အလကား ပေးထားလို့ပါပဲ။
Android မိုဘိုင်းဖုန်း ကုမ္ပဏီများဟာ Android OS မှာ
လုံခြုံရေးအားနည်းများတွေ့ရှိတဲ့အခါ ပြန်လည်ပြင်ဆင်ဖို့အတွက် OS update
version ကို မထုတ်ပေးနိုင်လို့ပါပဲ။ Google အနေနဲ့ကလည်း
ဒီလောက်များပြားလွန်းတဲ့ Android Smart Phone ကုမ္ပဏီတွေအတွက်
တစ်ခုချင်းစီလိုက်လံ ပြင်ဆင်ပေးဖို့ကလည်း မလွယ်ကူတာကြောင့် Privacy
လုံခြုံရေးပိုင်းဟာ ယိုပေါက်ကြီးသဖွယ်ဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ Google က
Android OS လုံခြုံရေးအတွက် မိုဘိုင်းဖုန်းကုမ္ပဏီများဆီသို့
အခကြေးငွေကောက်ခံပြီး ပြန်လည်ပြင်ဆင်ပေးနိုင်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ မိုဘိုင်းဖုန်းကုမ္ပဏီတို့အနေနဲ့ သူတို့ရဲ့ များပြားလှတဲ့ မော်ဒယ်လ်
တံဆိပ်များ နှင့် များပြားလှသော သဘောင်္တင်သွင်းခများကြောင့် လုံခြုံရေး
ဆိုးကျိုးတွေ့ရှိတဲ့ ၄င်းတို့ Android ဖုန်းတို့၏ Privacy
လုံခြုံရေးတိုးမြှင့်ပေးမဲ့ ကိစ္စရပ်များကို အလုပ်ရှုပ်ခံပြီး ဝန်ဆောင်မှု
လုပ်ပေးနိုင်ကြပါဘူး။ ဒါကြောင့် Android ရဲ့ လုံခြုံရေးပိုင်းဟာ
အားနည်းချက်တွေနဲ့ ပြည့်နှက်နေခဲ့တာဖြစ်ပါတယ်။ Google ရဲ့ Android
ဖုန်းထက်စာရင် Window ဖုန်းကတောင် ပိုပြီးလုံခြုံရေးအားကောင်းနေပါသေးတယ်။
Apple ကတော့ သူတို့ရဲ့ Privacy လုံခြုံရေးပိုင်းကို
တစ်နေရာရာမှာလိုအပ်ချက် တွေ့ရှိတာနဲ့ပြန်လည်ပြင်ဆင်ပြီး OS Version Update
ကို အမြဲတမ်း ထုတ်ပေးနေတဲ့အတွက်ကြောင့် iOS ရဲ့ Privacy
လုံခြုံရေးပိုင်းကအရမ်းကောင်းနေခဲ့ပါတယ်။ နောက်ထပ် အားသာချက်ကတော့ iOS
ကိုအသုံးပြုတဲ့ Device အနေနဲ့ကလည်း iPhone
တစ်မျိုးတည်းဖြစ်နေတဲ့အတွက်ကြောင့် သူ့ Device နဲ့ သူ့ OS ကို အကောင်းဆုံး
ပြန်လည်ပြင်ဆင်မှုတွေပြုလုပ်နိုင်ကာ Privacy လုံခြုံရေးပိုင်းကို
တိုးမြှင့်နေနိုင်တာဖြစ်ပါတယ်။
Ref : Geek
Aung Ko Htet (MMAS)
#akh_mmas
No comments:
Post a Comment