
မိမိဖုန်း build in ပါလာသော memory ကို ၂ခြမ်းခွဲထားသည်။ တစ်ခြမ်းသည် app များ install လုပ်ရန်ဖြစ်ပြီး၊ တစ်ခြမ်းမှာ သီချင်းများ၊ မိမိ file များထည့်ရန်ဖြစ်သည်။ ထို၂ ခုကိုညီတူညီတူခွဲထားပြီး root မလုပ်ပါက apk များ install လုပ်သော အစိတ်အပိုင်းကို မြင်ရမည်မဟုတ်ပါ။ Android က ထိုနေရာကို လုံခြုံရေးအတွက် hide လုပ်ပေးထားပါသည်။

အကယ်၍ ကိုကိုမမ ဖုန်းတွင် internal 4gbပါဝင်ပါ က application install လုပ်ရန်နေရာသည် 2gb အောက်သာဖြစ်သည်။ facebook ၊ viber image ၊ launcher app များက နေရာအမြောက် အမြားယူထားသောကြောင့် cached အမြောက်အမြား ဖန်တီးသည့် ဂိမ်းများကိုသွင်းနိုင်မည်မဟုတ်ပေ။
sd card ထဲ ရွေ့လိုက်သော apkများသည် ကွန်ပျူတာဖြင့် ချိတ်လိုက်ပါက ပျောက်သွားခြင်း၊ force stop အကြိမ်ကြိမ်ဖြစ်ခြင်းများ ဖြစ်နိုင်သည်။
Credit: Android Parragu blog
No comments:
Post a Comment