Tuesday, August 18, 2015

Android ဖုန်းရဲ့ Memory Space အတွက် ဆောင်သင့်တဲ့ အချက်များ


memory card
ကျွန်တော်တို့ Smart Phone အသုံးပြုနေကြတဲ့ လူတွေထဲမှာ ရံဖန်ရံခါ Memory Space မလုံလောက်တဲ့ ပြဿနာ နဲ့ ရင်ဆိုင်ကြရပါတယ်။ ဖုန်းရဲ့ Built in Memory Space ကလည်း အတော်အသင့်အသုံးပြုနိုင်တယ်။ ဒ့ါအပြင် ဖုန်းမှာ Memory အသုံးပြုမှု များစေမဲ့ Application နဲ့ Data တွေကို အသုံးပြုမထားဘူး။ ဒါပေမဲ့ Memory Space က မလောက်တော့ပဲ Space လိုနေတယ်ပဲ ပြနေတယ်ဆိုရင် သင့်အတွက် စိတ်ညစ်စရာတွေဖြစ်လာပါတယ်။ အလွယ်တကူ Memory SD Card ကို ထပ်တိုးလိုက်မယ်ဆိုရင်တော့ အဆင်ပြေပေမဲ့ အချို့ အကြောင်းအမျိုးမျိုးကြောင့် Memory SD Card ထပ်တိုးရန် အခက်အခဲဖြစ်နေကြတဲ့ လူတွေအတွက်နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
ကိုယ် install လုပ်ထားတဲ့ Application တွေကို အသုံးမပြုဖြစ်ဘူးဆိုပေမဲ့လည်း Application ရဲ့ Cache တွေက ဖုန်းရဲ့ Memory Space ကို နေရာယူထားပါတယ်။ ဒါတွေကို စစ်ဖို့အတွက် Android ရဲ့ Setting ထဲမှာ ပါဝင်တဲ့ Storage ထဲမှာ အကြမ်းဖျဉ်း သွားရောက်စစ်ဆေးနိုင်ပါတယ်။ ဒါ့အပြင် Disk Usage (https://play.google.com/store/apps/details?id=com.google.android.diskusage) လို့ခေါ်တဲ့ Application နဲ့လည်း စစ်ဆေးနိုင်ပါတယ်။ စစ်ဆေးပြီးတဲ့ အခါ ရလာတဲ့ အဖြေပေါ်မှာမူတည်ပြီး ဘယ်အရာက Memory ပိုစားနေလဲဆိုတာကို ကြည့်ရှုပြီး ဖြတ်သင့်ပါတယ်။ မိမိ Install လုပ်ထားတဲ့ Application တွေက Memory Space အတွက် နေရာယူမှုများနေတယ်ဆိုရင် တော့  Application ရဲ့ Cache ကို ရှင်းလင်းသင့်ပါတယ်။ Application ရဲ့ Cache ကို ရှင်းလင်းဖို့အတွက်တော့ Setting ထဲက Application Manager ထဲမှာ သွားရောက် ရှင်းလင်းနိုင်ပါတယ်။
နောက်တစ်ခုကတော့ ဓါတ်ပုံ ၊ ဗီဒီယိုနဲ့ အချို့ Data တွေကို cloud storage ကိုအသုံးပြုသိမ်းထားပါ။ အခုနောက်ပိုင်းမှာ Cloud Storage တွေအလကားပေးထားတဲ့ IT Company တွေအများကြီးရှိပါတယ်။ ဓါတ်ပုံတွေကို Cloud ပေါ်တင်ဖို့အတွက်  မကြာသေးမီကမှ ကြေငြာခဲ့တဲ့ Google Photo နဲ့ အခြား Data တွေကို Cloud ပေါ်တင်ထားနိုင်တဲ့ Dropbox , OneDrive နဲ့ Google Drive စတဲ့ Application တို့ကို အသုံးပြုနိုင်ပါတယ်။ မိမိဖုန်းရဲ့ Memory Space ကို  ဂရုစိုက်တတ်တဲ့ မိတ်ဆွေတို့အနေနဲ့ အထက်ဖော်ပြပါအချက်များဖြင့် ဖုန်းရဲ့ Memory space ပြဿ နာကို ဖြေရှင်းနိုင်ပါတယ်။
Ref : Geek
Aung Ko Htet (MMAS)
#akh_mmas

No comments:

Post a Comment