Saturday, August 29, 2015

ဖုန်းတစ်လုံးပါဝါနိုးဖို့ဆိုရင်သိထားသင့်တဲ့အရာများ (PDF)


ဖုန်းတစ်လုံးပါဝါနိုးဖို့ မလွယ်ပါဘူး။မလွယ်ရတဲ့အကြောင်းလေးတွေလဲအရင်ကရေးပေးဖူးပါတယ်။
အခုအကြောင်းကတော့ ဖုန်းတစ်လုံးကိုပါဝါမတက်နိင်အောင် နှောက်ယှက်နေတဲ့အကြောင်းလေးတွေရှိနေတာ
သိသလောက်မျှဝေပေးလိုက်ပါတယ်။
1-volts.
2-clock.
3-resrt.
4-os.
1-Volts လို့ ပြောတဲ့နေရာမှာ ၃မျိုးရှိပါတယ်။
1-battery တတ်လိုက်တဲ့အခါမှာ ဖုန်းပတ်လမ်းတစ်လျှောက် standby volt တွေရောက်နေတဲ့နေရာတွေရှိပါတယ်။ဖုန်းတစ်လုံးနဲ့တစ်လုံးဖွဲ့ စည်းပုံမတူတဲ့အတွက် Filter capacitor ဘယ်နှစ်လုံးရှိတယ်ဆိုတာကိုအတိအကျပြောဖို့ ခက်ပါတယ်။

အများအားဖြင့် RFMD,PA,BL,FLASH Coil,DC to DC,PMU, စတဲ့အပိုင်းတွေ တိုက်ရိုက်ပေးထားတတ်ပါတယ်။
ဒါကြောင့်မို့ standby ဗို့ ပေးထားတဲ့ လမ်းကြောင်းတစ်လျှောက် (V-BATT) မှာရှိတဲ့ C တွေ IC တွေ တစ်ခုခု
ရှော့ဖြစ်နေရင် လုံးဝပါဝါမတက်နိင်တော့ပါဘူး။
2- VPH လို့ ခေါ်ကြတဲ့ အထွက်ဗို့ လမ်းကြောင်းအတွက် အထောက်အပံ့ပေးထားတဲ့ ပင်မလမ်းကြောင်းတွေရှိပါတယ်။အဲဒီ VPH လမ်းကြောင်းတွေကိုဖုန်းမော်ဒယ်အလိုက် FET,AC9,AC6, အစရှိတဲ့ electronic switch လေးတွေတစ်ဆင့်ခံပြီး ပါဝါအိုင်စီကိုပေးသွင်းထားတတ်ပါတယ်။
VPH လမ်းကြောင်းတွေဟာလဲအဖော်နဲ့ အပေါင်းနဲ့ ရှိတတ်တဲ့အတွက် သူနဲ့ ဆက်နွယ်နေတဲ့ လမ်းကြောင်းတစ်ခုခုမှာရှိတဲ့ filter လေးတွေ၊ အိုင်စီလေးတွေရှော့ဖြစ်နေရင် ပါဝါလုံးဝမတက်နိင်တော့ပါဘူး။
3-Output volts လို့ ပြောကြတဲ့ vregs တွေဟာ Switch mode regulator ပိုင်းတွေ programming logic
ပိုင်းတွေ pwm control ပိုင်းတွေနဲ့ အဆင့်ဆင့် တည်ငြိမ်အောင်၊ကောင်းမွန်အောင် လိုအပ်ချက်မရှိအောင်
ပြုလုပ်ထားတဲ့အတွက် feed back လမ်းကြောင်းတွေ၊ control လမ်းကြောင်းတွေ၊ bsi လမ်းကြောင်းတွေ မှာ error တစ်ခုခုရှိနေပြီဆိုရင်လုံးဝပါဝါမတက်နိင်တာမျိုး၊ user interface ရောက်မှ ပါဝါပြန်ကျသွားတာမျိုး၊
ပါဝါစလိုင်းနဲ့ဖွင့်ရင် ရပြီး battery ဖွင့်ရင်မရတာတွေ စတဲ့၉၆ပါးရောဂါတွေတက်လာပါတယ်။
2-CLOCK
Clock ဆိုတဲ့ခုန်လိုင်းတွေရဲ့ အရေးပါမှုကတော့ digital electronic ပစ္စည်းတိုင်းမှာ မပါရင်မပြီးတဲ့ အရာတစ်ခု
ပါပဲ။CPU အိုင်စီကြီးရဲ့ ပင်မ ခုန်လိုင်းထုတ်ပေးတဲ့ clock generator အပိုင်းကနေ ဖုန်းတစ်လုံး လုံးမှာရှိတဲ့
data လမ်းကြောင်းမှန်သမျှကို clock နဲ့ ထိန်းချုပ်ထားပါတယ်။clock မပါပဲ data ကြီးသက်သက် မကူးလူးနိင်ပါဘူး။အဲဒီ clock တွေထဲကမှ ပါဝါအိုင်စီနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ clock တွေကတော့
logic start clock (MSM Clock).
TCXO Clock.
Sleep Clock.
ဆိုပြီးသုံးမျိုးတွေ့ ရပါတယ်။
အားလုံးကသူ့ နေရာနဲ့ သူအရေးပါနေပါတယ်။နောက် clock တစ်မျိုးကတော့ I2C လို့ ခေါ်ကြတဲ့ SCL,SDA, လမ်းကြောင်းတွေပဲဖြစ်ပါတယ်။အိုင်စီတစ်လုံးနဲ့တစ်လုံး data အချက်အလက်တွေအပြန်အလှန်သယ်ယူပေးပို့ တဲ့ ဆက်သွယ်မှုစံနစ်တစ်မျိုးပါ။ဒီစံနစ်ကလဲ ကာလာတီဗွီ ခေတ်ထဲကပေါ်နေတာပါ။ tuner pad တွေမှာအမြဲတွေ့ နေကြပါ။
ဖုန်းတစ်လုံးစတင်ပါဝါနိုးဖို့ ပါဝါအိုင်စီကစတယ်ဆိုပေမယ့် အဓိကထိန်းချုပ်သွားတာကတော့ CPU အိုင်စီကြီးပါ။
သူကိုပို့ ပေးလိုက်တဲ့ဗို့ ရောက်တာနဲ့ clock ခုန်လိုင်းတွေကို သက်ဆိုင်ရာအိုင်စီအသီးသီးကိုပေးပို့ ပြီး
address တစ်ခုခြင်းစီရဲ့ data ကိုအပြန်အလှန်စစ်ဆေးပေးရပါတယ်။အလားတူပါဝါအိုင်စီအတွက်လိုအပ်တဲ့
clock လိုင်းကိုလဲပေးပို့ ရပါတယ်။ MSM Clock ရောက်လာမှသာ ပါဝါအိုင်စီရဲ့အတွင်းပိုင်းမှာရှိတဲ့ logic control
ပိုင်းတွေ programmable switching mode အပိုင်းတွေဆက်လက်အလုပ်နိင်မှာပါ။ ဒါကြောင့်မို့ ဒီ clock ပိုင်းကို logic start clock လိုင်းလို့ လဲခေါ်နိင်ပါတယ်။
TCXO Clock.
ဒီ clock ကတော့ network ပိုင်းနဲ့ ချိတ်ဆက်ထားပြီး second power ပိုင်းအနေနဲ့ ဆက်လက်လုပ်ဆောင်ပါတယ်။ဒါကြောင့်မို့  TCXO Clock ပိုင်းမကောင်းရင် ပါဝါခလုတ်နှိပ်လို့ 
အမ်ပီယာ 0.1,0.2 လောက်တက်ပြီးလွတ်ရင်ပြန်ကျသွားပါတယ်။ TCXO crystal ဖြုတ်ထားမိရင်တော့
0.1A,0.2A လောက်မှာဆန့် ငင်ဆန့် ငင်ဖြစ်နေတတ်ပါတယ်။ဒီနေရာမှာစ်ခုသတိထားဖို့ လိုတာက
TCXO ကိုပေးထားတဲ့ ဗို့  2.8v ရောက်မရောက်စစ်ပေးဖို့ လိုပါတယ်။အဲဒီဗို့ ပျောက်နေရင်လဲ network
ပိုင်းလိုက်လို့ အကျိုးမထူးပါဘူး။တကယ်လို့ ဗို့ ရောက်တယ်ဆိုရင်တော့ TCXO လမ်းကြောင်းသုံးခုခွဲပြီးထွက်လာပါတယ်။တစ်ခုက ပါဝါအိုင်စီကို feedback ပြန်ပေးထားပါတယ်။
တစ်လိုင်းက RX,TX ပိုင်းကိုပေးပြီး တစ်လိုင်းကတော့ CPU ကထိန်းချုပ်ပေးထားပါတယ်။
SLEEP Clock.
Sleep clock အပိုင်းကတော့ ပါဝါပိုင်းကိုတိုက်ရိုက်မနှောက်ယှက်ပါဘူး။သူအဓိကဖြစ်တတ်တာက WLAN အပိုင်းမှာ MSM Sleep ၀င်သွားတဲ့အခါ ပါဝါပိုင်းကိုပါ reset တစ်ကြီမ်ချပေးပါတယ်။အဲဒီလို MSM Reset ချချိန်မှာ WLAN အပိုင်းမှာ error တစ်ခုခု တက်နေရင် MSM Reset ဟာ ပါဝါအိုင်စီထံရောက်မလာတော့ပါဘူး။
ဒါကြောင့် timer တစ်ခုပြည့်သွားလို့  screen ပိတ်သွားချိန်မှာပါဝါကိုလုံးဝပြန်ဖွင့်လို့ မ၇တော့ပါဘူး။
manual reset လုပ်တဲ့အနေနဲ့  battery ပြန်ဖြုတ်ပြန်တတ်လုပ်ပေးလိုက်ရင် ပုံမှန်ကောင်းနေတတ်ပါတယ်။
ဒီလို ဖြစ်တတ်တဲ့error ကို sleep mode error လို့ ခေါ်ကြပါတယ်။အများအားဖြင့် wifi အိုင်စီကြောင့်အဖြစ်များပါတယ်။
RESET အနေနဲ့ ကတော့ CPU စီဟာ သူ့ အတွက်လိုအပ်တဲ့ဗို့ အားအသီးသီးရောက်တာနဲ့ ကိုယ်ပိုင် clock
generator ပိုင်းစတင်နိုးပြီး clock လိုင်းအသီးသီးထွက်လာပါတယ်။သက်ဆိုင်ရာ device အသီးသီးကို စစ်ဆေးပါတယ်။အဲဒီလိုစစ်ဆေးလို့ I2C လမ်းကြောင်းပေါ်မှာ ရှိတဲ့ device တစ်ခုခုမှာ error ရှိနေရင် တိကျတဲ့လုပ်ဆောင်ချက်မရှိတဲ့အတွက်ပါဝါနိုးခြင်းလုပ်ငန်းစဉ်ကို ဆက်လုပ်ခွင့်မပြုတော့ပါဘူး။
ဒါကိုတနည်းအားဖြင့် MSM Reset မလုပ်ဖူးလို့ လဲပြောလို့ ရပါတယ်။ 0.7A လောက်မှာ ရှေ့ ဆက်မတက်တဲ့
လက္ခဏာမျိုးတွေ့ ရပါတယ်။
OS ပိုင်းကတော့ ဖုန်းမှမဟုတ်ပါဘူး။မန်မိုရီပါဝင်တဲ့မည်သည့် electronic ပစ္စည်းမဆို lowlevel programming code တွေနဲ့ ပါဝါကိုစတင်နိုးထစေပါတယ်။ TV တွေ EVD တွေ မှာတော့ EPROM လို့ ခေါ်တဲ့ memory အိုင်စီလေးထဲမှာ code တွေကိုထည့်သွင်းမှတ်သားထားပါတယ်။အဲဒီမှတ်ထားတဲ့ data code လေးတွေပျက်သွားပြီဆိုရင် စက်မှာပါဝါ မတက်နိင်တော့ပါဘူး။
ဖုန်းတွေမှာတော့ programming code တွေပါဝင်တဲ့ OS ကြီးတစ်ခုလုံးကို အပိုင်းလေးတွေခွဲပြီး flash memory လို့ ခေါ်တဲ့ emmc ထဲမှာထည့်သွင်းမှတ်သားထားပါတယ်။ဒါကြောင့်မို့  OS ပိုင်းမှာ တစ်ခုခုချို့ ယွင်းနေရင်လဲ ပါဝါမတက်နိင်တဲ့ ပြစ်ချက်တွေဖြစ်လာပါတယ်။
အချုပ်အားဖြင့်ပြောရရင်တော့ V-BATT,VPH,CLOCK,RESET,OS, စတဲ့အပိုင်းတွေဟာ ဖုန်းတစ်လုံးပါဝါ
မတက်နိင်အောင် နှောက်ယှက်နေတဲ့အဓိကအကြောင်းတွေပဲဖြစ်ပါတယ်လို့ လေ့လာမိသလောက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။


Download Here

Credit ဖိုး စပ် စု

အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)

No comments:

Post a Comment